Tuesday, January 27, 2026

ကာကွယ်ဆေးထိုးပြီးသော်လည်း ဟိုပုံးမြို့ ထွေအုပ်ရုံး ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းများ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီး သော်လည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

Photo CJ- ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးရုံး

ယခုလ သြဂုတ်လ ပထမပတ်မှ စတင်ကာ စစ်ကောင်စီ စီမံချက်အတိုင်း ထိုးရသည့် ကိုဗစ် – ၁၉ ကာကွယ်ဆေးများ ထိုးပြီးသည့် ဟိုပုံးမြို့နယ် ထွေအုပ်ရုံးမှ ဝန်ထမ်းအချို့နှင့် တပ်မတော် ကွန်ပြူတာ နှင့်နည်းပညာသင်တန်းကျောင်း မှ တပ်သား အချို့ ကိုဗစ် – ၁၉ ကူးစက်ခံနေရကြောင်း ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးအသိုင်းအဝိုင်းပြောပြချက်အရသိရသည်။

“ပြီးခဲ့တဲ့ တစ်ပတ်ကနေ သတင်းတွေစကြားခဲ့တာ၊ ထွေအုပ်ရုံးက ဝန်ထမ်းတချို့မှာ ကိုဗစ် – ၁၉ ကူးစက် ခံရတယ် ဆိုပြီး အရင်ဆုံးကြားတယ်၊ အဲ့နောက် ရုံးကို ဝန်ထမ်းတွေ မလာခိုင်းတော့တာ တွေ့ရတယ်၊ ပြီးတော့ တပ်ထဲမှာလည်း ကိုဗစ် ပိုးတွေ့တဲ့ တပ်သားတွေ မနည်းဘူးလို့လည်း ကြားတယ်” ဟု ဟိုပုံးမြို့နေ အမည်မဖေါ်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုင်းပြည်အာဏာကို တပ်မတော်သိမ်းပိုက် သည့်နောက်ပိုင်း ဝန်ထမ်းအများအပြား  CDM လှုပ်ရှားမှု တွင်ပါဝင်ခဲ့ကြသော်လည်း ယခု ကိုဗစ် ၁၉ ကူးစက်ခံရသည့် ဟိုပုံးမြို့နယ် ထွေအုပ်ရုံးဝန်ထမ်းအများစုသည် CDM လှုပ်ရှားမှုတွင် မပါဝင်သည့်၀န်ထမ်းများဖြစ်ကြကြောင်းသိရသည်။

လက်ရှိတွင် ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ ဝန်ထမ်းများ ရုံးမတက်ရန်ပြောဆိုထားကြ သော်လည်း ရုံးဝန်းအတွင်းနှင့် ကျေးရွာအတွင်း ငှက်ပျောပင်များစိုက်ခိုင်းနေကြောင်းလည်း ဝန်ထမ်းတစ်ဉီးက ပြောပြသည်။

“ရုံးကပိတ်တယ်ဆိုပေမဲ့ ထွေအုပ်ရုံးက ငှက်ပျောပင်တွေစိုက်ရတယ်၊ ရွာတွေသွားပြီးငှက်ပျောပင် လိုက်စိုက် နေရတယ်ဗျ၊ ရုံးတွေအပြင် ရပ်ကွက်တွင်းက ဒေသတွင်းကူးစက်မှုလည်းများနေပါတယ်၊ စအွန်ကျေးရွာ ဖက် အထိ စိုက်ဖို့ညွှန်ကြားထားတယ်” ဟု အဆိုပါ ဝန်ထမ်းပြောသည်။

စစ်ကောင်စီ ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကာကွယ်ဆေးများဖြစ်ပြီး ကိုဗစ်ကြောင့် မြန်မာနိုင်ငံ အတွင်း သေဆုံးသူ တစ်သောင်းလေး ထောင်ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ

0
မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် -...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ချို့ ကိုဗစ်လူနာ လက်ခံကုသပေးခြင်းမရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါတစ်ကြော့ ပြန်လည်များလာပြီး ပိုးတွေ့လူနာများကို တစ်ချို့ ပုဂ္ဂလိက ဆေးရုံများက လက်ခံကုသပေးခြင်းမရှိတော့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် သံဃာတော်တစ်ပါး တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးလာကုသရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် ဆေးလက်ခံ...

ရွှေလီမြို့ ကိုဗစ် – ၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် Lockdown ပြန်လည်ချထား

0
မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ တမြို့လုံးကို Lockdown ပြန်လည်ချထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက် မနက် (၁) နာရီ မှ စတင်ပြီး...