ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ

မြန်မာ – တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် – ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် – ၁၉ ပိုး လာရောက် စစ်ဆေးပေးရာတွင် ပြည်သူများက အယုံအကြည်မရှိသောကြောင့် အစစ်ဆေးမခံပဲ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ပြည်သူများက ကန့်ကွက်ပြီး ကိုဗစ် စစ်ဆေးသူများကို မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ သူတို့ကို ကိုဗစ် စစ်ပေးမယ်ဆိုပြီးတော့ လာခဲ့တာ။ သူတို့ကို မယုံတော့ဘူး။ လာစစ်တဲ့ အချိန်တိုင်းလည်း ကိုဗစ် ပိုးတွေ့တယ်ဆိုပြီးတော့ Lockdown ချတယ်။ Lockdown ချတော့ ကျနော်တို့ အလုပ်မလုပ်ရဘူး။ စားဝတ်နေရေးခက်တယ်။ အဲ့ကြောင့် ကျနော်တို့ အစစ်ဆေးမခံတော့ဘူး။ ပြန်မောင်းထုတ်လိုက်တာ” ဟု နောင်တောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ရွှေလီ

လက်ရှိ အချိန်တွင်လည်း စပါးရိတ်သိမ်းချိန်ဖြစ်သည့်အတွက်ကြောင့် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု နှင့် စယ်ဆိုင်ကျေးရွာအုပ်စု နောင်ဆာကျေးရွာ ဒေသခံများသည် ကိုဗစ် – ၁၉ ပိုး လက်ခံစစ်ဆေးမှု မပြုလုပ်ကြကြောင်း သိရသည်။

“ ခက်ခဲတာပေါ့။ အခုက စပါးရိတ်သိမ်းချိန် ဖြစ်တယ်လေ။ ကိုဗစ် လာစစ်ပြီး တစ်ခုခုဖြစ်တယ်ပြောရင် ကျနော်တို့လည်း ဘာမှလုပ်လို့ မရတော့ဘူး။ အလုပ်မဖြစ်ဘူးလေ။ ဒီလို လုပ်လာတာလည်း ၃ နှစ်ရှိနေပြီ။ ကျနော်တို့လည်း စားဝတ်နေရေး ခက်ခဲလာခဲ့တယ်” ဟု အထက်ပါ နောင်တောင်း ဒေသခံ အမျိုးသားက ပြောသည်။

ထိုအပြင် နောင်တောင်းကျေးရွာ အုပ်စု နှင့် စယ်ဆိုင်ကျေးရွာအုပ်စုများတွင် ကျန်းမာရေးဌာနမှ ကိုဗစ် – ၁၉ ပိုးလာစစ်ပေးချိန်တိုင်း ပိုးတွေ့ရှိသည်ဟု ဆိုကာ Quarantine ဝင်ခိုင်းပြီး စားစရိတ်အတွက် တစ်ဦးကို အနည်းဆုံး ယွမ် (၁,၀၀၀) မြန်မာငွေ ၄ သိန်းကျပ် အထိ ကုန်ကျကြောင်း သိရသည်။

“ သူတို့ လာစစ်တိုင်းက ပိုးတွေ့တယ်ဆိုပြီးတော့ ပြောတယ်။ အတင်း စစ်ဆေးခိုင်းတယ်။ ပိုးတွေ့တယ်ဆိုရင် Quarantine သွားဝင်ခိုင်းတယ်။ သွားဝင်ရင်လည်း တစ်ယောက်ကို အနည်းဆုံး တရုတ်ငွေ ၁,၀၀၀ လောက်ကုန်တယ်။ စားစရိတ်တွေလည်း ကိုယ်တိုင်ထုတ်ရတယ်” ဟု နောင်တောင်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရွှေလီမြို့နယ်တွင် ကိုဗစ် – ၁၉ အကြောင်းပြပြီး Lockdown ဖွင့် ပိတ်လုပ်ရာတွင် ၃ နှစ်ကြာလာသောကြောင့် ပြည်သူများက အလုပ်ကို ပုံမှန်မလုပ်ရတော့ကြောင်း သိရသည်။

“ အလုပ်တွေ ပုံမှန်မလုပ်ရတော့ဘူး။ ဝင်ငွေတွေလည်း အရင်ကလိုမျိုး မရတော့ဘူး။ သူတို့ Lockdown ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာပဲ။ ဈေးတွေ ပုံမှန်မရောင်းရတော့ဘူး။ အရင်က ငွေ ၁၀,၀၀၀ လောက်ဝင်ရင် အခုက ၅,၀၀၀ လောက်ပဲရတော့တယ်” ဟု ရွှေလီမြို့ ကုန်သည်တစ်ဦးက ပြောသည်။

အလားတူ တရုတ်နိုင်ငံ ရွှေလီမြို့ သို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးလည်း “ ဘာအလုပ်မှ လုပ်လို့ မရတော့ဘူး။ နိုင်ငံကလည်း ပိတ်ထားတယ်လေ။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ အခန်းခ၊ မီးဖိုး ရေဖိုးတွေလည်း ပေးရတယ်လေ။ တစ်ချို့ဆိုရင် ပြည်တွင်းကိုပြန်သွားတာရှိတယ်။ အခုတော့ အသိမိတ်ဆွေတွေနဲ့နေပြီး ရှိတာကူလုပ်ပေးတယ်။ သူများ အကူညီနဲ့ပဲ နေရတာပေါ့” ဟု ပြောသည်။

ရွှေလီမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က Lockdown ချ ထားပြီး အောက်တိုဘာ ၁၉ ရက် တွင် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...