ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ ၄ရက်အတွင်း ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်သူ များပြားလာသဖြင့် မိုးရာသီကျောင်းဖွင့်ချိန်တွင်ရောက်ဂါကူးစက်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း DDCမှ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အများစုသည် အသက် (၄)နှစ်အောက်ကလေးများ ဖြစ်ပြီး ဒုတိယ ကူးစက်ခံရသူမှာ အသက် ၃၀ မှ ၃၉ ကြားဖြစ်ကာ ၂၀ ကျော် အရွယ်များသည်လည်း ကူးစက်ခံရသည်။

ကိုဗစ်-၁၉ကြောင့် သေဆုံးသွားသူသည် အသက် (၆၀)အရွယ်တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁)ရက်မှ မေလ (၈)ရက်နေ့အထိ ရောဂါကူးစက်သူ (၄၁,၁၉၇)ဦးရှိပြီး သေဆုံးသူ (၁၅)ဦးရှိခဲ့ကြောင်း DDCက ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သမားများအနေဖြင့် လူစုလူဝေးများ ရှောင်ရှားစေလိုပြီး လက်ဆေးခြင်း၊ Maskတပ်ခြင်း စသည့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များကိုလိုက်နာစေလိုကြောင်းနှင့် အဟာရရှိသည့်အစားသောက်များ စားသောက်ရန် လိုအပ်ကြောင်း ရွှေ့ပြောင်းလုပ်သား လူငယ်အမျိုးသားတစ်ဦးက အကြံပြုထားသည်။

“ကျနော်တို့က ရွှေ့ပြောင်းအလုပ်သမားဖြစ်နေတော့ အလုပ်မလုပ်ရရင်လည်း ဝမ်းစာဖြေရှင်းဖို့မလွယ်ဘူး၊သူများနိုင်ငံက ချမှတ်ထားတဲ့ စည်းကမ်းကိုလိုနာဖို့လိုတယ်။ ကိုယ့်ကို ဂရုစိုက်ပြီးနေသင့်တယ်။ ဒီနိုင်ငံမှာက ဆေးဖိုးလည်း အရမ်း ဈေးကြီးတယ် ဆိုတော့ အပြင်သွားရင် မတ်တပ်ပါ။လက်ဆေးပါ။လူများတဲ့ နေရာသိပ်မသွားနဲ့။ကိုယ့်ကို အဟာရရှိတာစားပြီး ကိုယ်ခံအားကောင်းအောင်နေ။” ဟု အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးက အကြံပြုထားသည်။

ထို့အပြင် ရောဂါလက္ခဏာရှိသူများသည် ATKစမ်းသပ်မှုကို အသုံးပြုသင့်ပြီး ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိပါက ဆေးဝါးကုသမှု အမြန်ဆုံးရယူသင့်သည်ဟု Dr Panumas ဆိုသည်။

တုတ်ကွေးရောဂါ ကူးစက်သူများသည် ဇန်နဝါရီလ (၁)ရက်မှ မေလ (၈)ရက်အတွင်း လူနာ ၃၂၂,၉၉၁ ဦးအထိရှိပြီး သေဆုံးသူ ၄၃ ဦးရှိခဲ့ကြောင်းနှင့် လူဦးရေ တစ်သိန်းတွင် ရောဂါဖြစ်ပွားမှု ၄၉၇.၅၈ ဦးဖြစ်ကြောင်း DDC ထုတ်ပြန်ချက်အရသိရသည်။

မိုးရာသီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာသော်လည်း လတ်တလောတွင် အပတ်စဉ်ကိန်းဂဏန်းများအရ ကျဆင်းသွားမှုရှိသော်လည်း ဂရုစိုက်နေစေလိုကြောင်း Dr Panumas ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...