Tuesday, January 27, 2026

ရွှေလီမြို့ ကိုဗစ် – ၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် Lockdown ပြန်လည်ချထား

မြန်မာ – တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့အတွင်း ကိုဗစ် – ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ တမြို့လုံးကို Lockdown ပြန်လည်ချထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၁၂ ရက် မနက် (၁) နာရီ မှ စတင်ပြီး ရွှေလီမြို့တမြို့လုံးကို Lockdown ပြန်လည် ချထားပြီး ယခင်ထက် ပိုမိုတင်းကြပ်ပြီး ကိုဗစ် – ၁၉ ရောဂါသွားရောက် စစ်ဆေးခြင်းမှအပ အိပ်ပြင်သို့ထွက်ခြင်း၊ လယ်ယာသွားခြင်း၊ ဈေးဆိုင်ရောင်းခြင်း၊ ဟင်းသီးဟင်းရွက် ရောင်းခြင်း စသည်ဖြင့် မပြုလုပ်ရန် ကန့်သတ်ထားကြောင်း ရွှေလီမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၉ ရက်နေ့ ကနေ ၁၀ ရက်နေ့ထိက မြို့ရဲ့တစ်ဝက်ကို Lockdown ချထားတယ်။ ဒီမနက် ၁ နာရီမှာ တစ်မြို့လုံး
Lockdown ပြန်ချထားတယ်လို့ ထုတ်ပြန်လာတယ်။ အရင်က အိမ်ပြင်ထွက်ခွင့် ပြုသေးတယ်။ အခုတစ်ကြိမ် က အရမ်းတင်းကြပ်ထားတယ်။ သူတို့ ကိုဗစ် – ၁၉ ရောဂါ စစ်ဆေးဖို့ လူကိုခေါ်တာကလွဲရင် အိမ်ပြင်ကို လုံးဝ ထွက်ခွင့်မပေးတော့ဘူး “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

lockdown ချထားသည့် ရွှေလီမြို့

ရွှေလီမြို့တွင်း Lockdown ပြန်လည် ချထားခြင်းမှာ ရက်အကန့်သတ်ဖြင့် ယနေ့ အောက်တိုဘာ ၁၂ ရက်မှ စ၍ အောက်တိုဘာ ၁၆ ရက် အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ဒီတစ်ကြိမ် သူတို့ Lockdown ချထားတာ အရမ်းတင်းကြပ်တယ်။ အိမ်ပြင်လုံးဝ မပေးထွက်ဘူး။ စက်တင်ဘာလ ကစပြီး အောက်တိုဘာလအတွင်း ကိုဗစ် ကူးစက်သူတွေ (၁၀၀) ဦး ထက်မနည်း များလာတယ်။ မနေ့က ကူးစက်သူ (၂၆) ယောက်ရှိတယ်။ အရင်နေ့တွေထက် များလာတယ်” ဟု ရွှေလီဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

အဆိုပါ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ ပြန်လည်ကျဆင်းမှုမရှိသေးပါက Lockdown ချထားသော ရက်များကို ထပ်မံတိုးမြင့်သွားမည် ဖြစ်ကြောင်း ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ

0
မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် -...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ချို့ ကိုဗစ်လူနာ လက်ခံကုသပေးခြင်းမရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါတစ်ကြော့ ပြန်လည်များလာပြီး ပိုးတွေ့လူနာများကို တစ်ချို့ ပုဂ္ဂလိက ဆေးရုံများက လက်ခံကုသပေးခြင်းမရှိတော့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် သံဃာတော်တစ်ပါး တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးလာကုသရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် ဆေးလက်ခံ...

သျှမ်းပြည်အတွင်း ကိုဗစ် – ၁၉ တစ်ကျော့ပြန်ထ

0
ယခုလ စက်တင်ဘာလအတွင်းတွင် သျှမ်းပြည်ရှိ ပြည်သူများ ကိုဗစ် - ၁၉ ကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာပြီး မြို့နယ်တစ်ချို့တွင် သေဆုံးမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယခု စက်တင်ဘာလ တတိယအပတ်ထဲတွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ထဲတွင် ကိုဗစ် -၁၉ ကူးစက်မှုကြောင့် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “ဟိုအရင်တစ်ပတ်လောက်ကတော့...