တောင်ကြီးလူထုအတွက် အိမ်အထိ ကိုဗစ် အခမဲ့စစ်ဆေးပေးမှုအစီအစဉ်စတင်

စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပျံ့နှံ့လာချိန် တောင်ကြီးဒေသခံ အများစု အိမ်တွင်း ကျိတ်ကုနေသော ကြောင့် ရောဂါထိန်းချုပ်နိုင်ရန် အခမဲ့ ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ် စတင်နေကြောင်းသတင်းရရှိသည်။

လူသူကင်းမဲ့နေသော တောင်ကြီးမြို့လယ်ခေါင်

အိမ်နေကာလ Stay At Home ကြေညာထားသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင်  တစ်လအ တွင်းကိုဗစ် ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိလာပြီးနောက် ရောဂါပိုး ရှိမရှိကို မရှိဆင်းရဲသားများအတွက် အခမဲ့ ကွင်းဆင်းစစ်ဆေး၊ကုသပေးသည့် Pilot Project အစီအစဉ်စတင်နေကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဆွေက ကပြောပါသည်။

“အဓိကကတော့ မရှိဆင်းရဲသားနဲ့ ရောဂါသွားစစ်ဖို့မတတ်နိုင်တဲ့သူကို ဦးစားပေး စီစစ်သွားဖို့ရှိပါတယ်၊ အိမ်တွင်းကျိတ်ကုတွေများရင် ရောဂါကြောင့် သေဆုံးမှုနှုန်းလည်း မလျှော့နိုင်တော့ဘူးပေါ့၊ အခမဲ့ပဲ စစ်ပေးတာပါ၊ ရောဂါကို ရှာဖွေဖော်ထုတ်ပြီး ကာကွယ်ကုသဖို့အတွက်ပေါ့” – ဟု ဦးအောင်မြင့်ဆွေက ပြောပါသည်။

အဆိုပါ Pilot Project ဖြင့် စစ်ဆေးမှုကို ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၂၈၃၁ ဦးကို စစ်‌ဆေးပေးခဲ့ရာ ၈၄ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ပြီး‌နောက် တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်းနှင့် ရောဂါကြောင့် သေဆုံးသူမှာလည်း ၁၅၁ ဦးထိ ရှိခဲ့ပြီး Stay at Home သတ်မှတ် ထားမှု ကြောင့် အခြေခံပြည်သူများ၏ စား‌သောက်ရေး ကြပ်တည်းမှုများလည်း ရှိလာနေသည်။

စီမံတဲ့ သူတွေက အဖွဲ့အမျိုးမျိုးနဲ့ ရှိနေတော့ ပြည်သူတွေကလည်း ဝေခွဲရခက်ပြီလေ၊ စားဝတ်နေရေး တွေအတွက်လည်း ဝင်ငွေက မရှိနေတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးလို့ မရနိုင်တော့ဘူး ဟု စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။

Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် ကိုဗစ် – ၁၉ ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် သက်ဆိုင်ရာ ဌာနများက နှိုးဆော်တိုက်တွန်းမှု ပြုလုပ်နေလျက် ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...