တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်   ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် ၁ ရက်တည်းအတွင်း ၅ ဉီးသေဆုံးကြောင်း သိရသည်။

Photo – တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်

ယမန်နေ့ ဩဂုတ်လ ၈ ရက်က   တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ကိုဗစ်ကူးစက်အတည်ပြုလူနာများ အနက်  ၅ ဉီးအထိသေဆုံးမှုရှိကြောင်း   တာချီလိတ်မြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ ဉီးကိုကိုဉီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောရမယ်ဆိုရင် ခုသေဆုံးသွားရတဲ့ လူနာတွေက တကယ့်အရေးပေါ်အခြေအနေရောက်တဲ့ အောက်စီဂျင် တွေ ကျသွားတဲ့ အချိန်မှာ ဆေးရုံကို ရောက်လာတဲ့ လူနာတွေဖြစ်တယ်ဗျ၊ ဆေးရုံရောက်ပြီး စစ်ဆေးမှုတွေ လုပ်မှ ကိုဗစ်ပိုးတွေ့ရတာလည်းပါတယ်၊ အဲ့ဒီတော့ ကုသမှု ခံယူပေမယ့် အချိန်မမှီတဲ့ သဘောပေါ့” ဟု ဉီးကိုကိုဉီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

 သေဆုံးသွားသည့်ကိုဗစ်ကူးစက် လူနာ ၅ ဉီးမှာ ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၆နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မယ်ခေါင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၉ နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သည့် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသားတစ်ဦး နှင့် ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၂ နှစ် အရွယ်အမျိုးသမီး တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတာချီလိတ်မြို့တွင်းတွင် ကိုဗစ် – ၁၉ တတိယလှိုင်း ကူးစက်ပျံ့ပွားမှုနှုန်းနှင့် သေဆုံးသူများ စံချိန်တင် မြင့်တက်နေပါသည်။  ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် Stay At Home စည်းကမ်းချက်များ အတိုင်း လိုက်နာ ကျင့်သုံးသင့်ကြောင်း ဉီးကိုကိုဉီး က ပြောသည်။

“အခုကိုဗစ် ကူးစက်မှုနှုန်းက အရမ်းများနေတယ်၊ သေဆုံးမှုနှုန်းလည်း အရမ်းများနေတယ်၊ ကျန်းမာရေးဌာန နဲ့ ပရဟိတ သမားတွေကလည်း နိုင်သလောက်လုပ်နေကြပေမယ့် လူနာတွေက ကျိတ်ကုတွေများပြီး အရေး ပေါ် အခြေအနေရောက်မှ ဆေးရုံကို ပြေးလာတာမျိုးတွေနဲ့၊ ပြီးတော့ အရေးကြီးလိုအပ်ချက်တွေ မရှိလည်း အပြင်ထွက်နေတာမျိုးတွေ ရှိနေတာကြောင့် ပြည်သူများ Stay At Home စည်းကမ်းချက်တွေ လိုက်နာကျင့် သုံးပါလို့ ကျနော်က မီဒီယာကနေ တစ်ဆင့်ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ ၈ ရက်အတွင်း အသစ်တိုးလာသည့် အတည်ပြုလူနာ ၅၈ ဦးအပါအဝင် လက်ရှိတွင် အတည်ပြုလူနာ စုစုပေါင်း  ၁၇၄၈ ဦး ရှိနေပြီး ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူအရေအတွက် မှာ၂၃ ဦး ရှိလာပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...