နောင်ချိုမြို့တိုးဂိတ်အနီးတွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

0

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုတိုးဂိတ်တွင်ဖမ်းဆီးရမိသော မူးယစ်ဆေး၀ါးများ

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နံနက် ၁ နာရီအချိန်  အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုဝင်များ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များ၊ နောင်ချိုမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တိုးဂိတ်အနီး စောင့်ဆိုင်းစဉ် သီပေါဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် Toyata Dyna ကားကို ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါများကို တွေ့ရှိခဲ့သည်။

ကုန်တင်ယာဉ်နောက်ဘက်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်တင်ဆောင်လာသော အဝါရောင်ဆာလာအိတ်အတွင်း  WY စိတ်ကြွရူးသွပ်ဆေးပြား (၂,၀၄၀,၀၀၀) ပြား၊ WY နှင့် R ရောရာပါ(၄,၀၀၀) ပြား၊ စုစုပေါင်းဆေးပြား (၂,၀၄၄,၀၀၀) ပြား သိမ်းဆည်းရမိပြီး ကာလတန်ဖိုးငွေမှာ ကျပ်(၂၀၄၄,၀၀၀,၀၀၀) ရှိကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မျိုးသူကျော်(ခ) မျိုးသူအား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Leave a Comments