သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃) မြို့နယ်သာ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များ၌သာ ပြုလုပ်နိုင်သည်။

သို့သော် စစ်ရေးပဋိပက္ခများကြား လုံခြုံရေး စိုးရိမ်မှုကြောင့် မဲရုံများတွင် ဆန္ဒမဲပေးရန် ပြည်သူသွားရောက်မှု နည်းပါးကြောင်း နောင်ချိုဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ချိုမှာတော့ မြို့ပေါ်ရပ်ကွက် (၆) ခု ရှိတဲ့အထဲ ရပ်ကွက် (၄) ခုမှာပဲ စုပြီး မဲရုံလုပ်ထားတယ်။ ရွာဘက်မှာတော့ မဲရုံသိပ်မရှိဘူး နည်းတယ်၊ ဘန့်ဘွေးအုပ်စု နောင်တောအုပ်စုဘက်တော့ ရှိတယ်။ ယာပြင်မှာ မဲရုံစောင့်က မဲလာပေးတဲ့လူထက်တောင် များနေတယ်။ အများစုကတော့ လုံခြုံရေးစိုးရိမ်လို့ မသွားတာ၊ အရင်နေ့လိုပဲ တောင်ယာသွားကြတယ်” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် TNLA ထံမှ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတွင် မဲရုံ (၅၆) ရုံ ဖွင့်လှစ်ထားကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းတွင် ပုံမှန်ထက် လူအသွားအလာ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ မူဆယ်မြို့နှင့် လားရှိုးမြို့တို့တွင် မြို့ပေါ်ရပ်ကွက်များ၌သာ ကွက်၍ မဲပေးခွင့်ရသော်လည်း မဲရုံအနီးတဝိုက် လမ်းကြားများတွင် စစ်ကော်မရှင်လက်အောက်ခံ စစ်သားနှင့် ရဲများမှ လက်နက်အပြည့်အစုံဖြင့် ကင်းစောင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ဝတ်စုံကော၊ ရဲကော သေနတ်ကိုင်ပြီး မဲရုံသွားမယ့် လမ်းကြိုလမ်းကြားတွေမှာ အထပ်ထပ် စောင့်နေတာ။ မဲရုံနားမှာ ရှိတဲ့ ကုန်စုံဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေလည်း အကုန်ပိတ်ထားခိုင်းတယ် ဒီနေ့ ဆိုင်မဖွင့်ခိုင်းဘူး။ မဲသွားပေးမယ့်လူတွေလည်း မဲရုံထဲ ဖုန်းယူသွားလို့ မရဘူး” ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့ပေါ် ရပ်ကွက် (၉) ခုတွင် မဲရုံပေါင်း (၁၈) ရုံသာ ဖွင့်လှစ်နိုင်ပြီး မူဆယ်မြို့နယ်အတွင်းရှိ မန့်ဟျှိုး(မန့်ဟီးရိုး)မြို့၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုန်းကိုးမြို့မှ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၆၂ အုပ်စုတို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပေ။

လားရှိုးမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက် (၁၂) ခုနှင့် ကျေးရွာအုပ်စု (၁၁) ခုတွင် မဲရုံ (၆၆) ရုံ ဖွင့်လှစ်ထားပြီး မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော် ရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို ဒီဇင်ဘာလ (၂၁) ရက်၌ လားရှိုးမြို့ပေါ် (၃) နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း စစ်ဆေးရေးဂိတ်များ စစ်ဆေးမှု တင်းကြပ်ပြီး ယမန်နေ့တွင်လည်း စစ်ကော်မရှင်ဘက်မှ စစ်ကားများဖြင့် ကင်းလှည့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...