Wednesday, February 18, 2026

နောင်ချိုဒေသခံ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ဒဏ်ရာရ၊ ကြံခုတ်ရာသီ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ကြံသွားခုတ်သည့် အမျိုးသမီး ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကုန်းစံကျေးရွာဘက်ရှိ ကြံခင်းတစ်ခုတွင် ကြိုးဖြင့်ထောင်ထားသည့် မြေမြှုပ်မိုင်းကို ထိခိုက်မိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေ့စားလိုက် ကြံခုတ်သွားသည့် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ကြံသွားခုတ်တဲ့လူတွေတော့ မကြာခဏ မိုင်းနင်းမိနေတယ်။ ဂုတ်ထိပ်တံတားသွားတဲ့ဘက်က ကုန်းစံရွာမှာ ကြံခုတ်ရင်း ၃ ယောက် မိုင်းနင်းမိတယ်။ အမျိုးသမီး ၃ ယောက်ထဲမှာ သက်ကြီးပိုင်း ၁ ယောက်နဲ့ မိန်းကလေးငယ် ၂ ယောက် ဒဏ်ရာရတယ်။ ကြိုးနဲ့ မိုင်းထောင်ထားတာကို သွားနင်းမိတာလို့ ပြောကြတယ်” ဟု ဖြစ်စဉ်သိရှိသူ နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းနင်းမိသည့် အဆိုပါ အမျိုးသမီးများထဲမှ တစ်ဦးမှာ ဦးခေါင်း၊ နောက်ကျောနှင့် ခြေထောက် ထိမှန်ဒဏ်ရာများဖြင့် ကျောက်မဲမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း နောင်ချိုဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၅ မေလခန့်မှ စတင်၍ နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တောင်ယာထဲတွင် ၎င်းတပ်ဖွဲ့များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းမှု မပြုလုပ်ရခြင်းကြောင့် ဒေသခံများမှာ မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

“တောင်ယာလည်း ဘေးမကင်းလို့ ဘယ်သူမှ မသွားရဲတော့ဘူး၊ ဘယ်မှာ မိုင်းထောင်ထားလဲ မသိဘူးလေ။ စစ်ရှောင်လို့ အိမ်ပြန်လာပေမယ့် ခြံမသွားရဲဘူးလေ၊ ကြံကျတော့လည်း မခုတ်ရင် မရတော့ မသွားမဖြစ် သွားရတယ်လေ။ ကြံမခုတ်ရင် ရှုံးမှာဆိုတော့ အလုပ်သမား ရှားတာနဲ့၊ စက်ရုံပို့တဲ့ ကားခနဲ့ ဘာမှ မကျန်ပါဘူး” ဟု နောင်ချိုဒေသခံ ကြံတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်တွင် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု နမ့်ကျန်ကျေးရွာတွင် စိုက်ပျိုးရေးခြံအတွင်း ခြံရှင်းနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒူးအောက်ပိုင်း ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရကြောင်း တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း TWO မှ ဖေဖော်ဝါရီလ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
10m

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...

စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ

0
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...