ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တပ်ကြား စစ်ရေးအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်သည် သမိုင်းတစ်လျှောက် မကြုံစဖူး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ပြီး ညီနောင်မဟာမိတ် တပ်ပေါင်းစုသည် မြို့နယ်ပေါင်း (၁၈) မြို့နယ်အထိ ထိန်းချုပ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီလထဲတွင် စစ်ကော်မရှင်တပ်က လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA လက်ထဲမှ ပြန်လည်ရယူခဲ့သော်လည်း TNLA ထံ လက်လွတ်ဆုံးရှုံးထားသည့် နယ်မြေများကို လေကြောင်းထိုးစစ်ဆင်မှုအပြင် မြေပြင်စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး ပြန်လည်တိုက်ယူခဲ့သည်။

စစ်ကော်မရှင်သည် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကိုလည်းကောင်း၊ အောက်တိုဘာလတွင် ကျောက်မဲနှင့် သီပေါမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း “၁၀၂၇ စစ်ဆင်ရေး”အတွင်း နေအိမ်ထိခိုက်ပျက်စီးမှု ကြီးမားသူများသည် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့မှ သီပေါမြို့နယ်အတွင်း စစ်ဘေးရှောင်လာသည့် အိမ်ထောင်စု (၅၀)ကျော် ကျန်ရှိနေပြီး၊ ၎င်းတို့နေအိမ်များသည် တိုက်ပွဲကြား ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် နေရပ်မပြန်နိုင်သေးကြောင်း သီပေါမြို့မှ စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်သွားတဲ့သူလည်း ရှိတယ်၊ ဒီမှာ ကျန်တဲ့သူတွေက နေစရာအိမ် မရှိတော့တာကြောင့် မပြန်ကြသေးတာ။ စာရင်းအတိအကျ ကောက်ဖို့ခက်တယ်၊ လူတွေက ပြန့်ကျဲပြီး နေကြတာ” ဟု ၎င်းစစ်ရှောင်ကူညီသူက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

စစ်ကော်မရှင်တပ်သည် လက်လွတ်ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း ယနေ့အချိန်ထိ မိုင်းရှင်းလင်းရေးကို မလုပ်နိုင်သေးသဖြင့် စစ်ဘေးရှောင်များလည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ် စိုးရိမ်သဖြင့် နေရပ်မပြန်သေးကြောင်း သိရသည်။

“မိုင်းကြောက်လို့ မပြန်တာလည်းရှိတယ်။ စစ်တပ်ပြန်သိမ်းထားတဲ့ နေရာတွေလည်း အခုထိ မိုင်းရှင်းလင်းရေးက မလုပ်ရသေးဘူးလေ” ဟု သီပေါမြို့မှ ၎င်းစစ်ဘေးရှောင်ကူညီနေသူက ဆက်ပြောသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် မြို့များတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ဌာနဆိုင်ရာရုံးများ ပြန်လည်ပတ်နိုင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းအပြင် မြေမြှုပ်မိုင်းများလည်း ရှင်းလင်းနေကြောင်း စစ်ကော်မရှင်ထုတ် ဝါဒဖြန့် သတင်းစာများနှင့် တယ်လီဂရမ်ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားထားသည်။

သို့သော် စစ်ကော်မရှင်တပ်သည် အမှန်တကယ် ထိရောက်သည့် မြေမြှုပ်မိုင်း ရှင်းလင်းပေးခြင်း မရှိဘဲ ဟန်ပြသာ ဖြစ်ကြောင်းလည်း၊ မြေမြှုပ်မိုင်းတွေ့ရှိ၍ လာရောက်ရှင်းလင်းပေးရန် သွားရောက်ခေါ်ဆောင်ပါက စစ်ကော်မရှင်တပ်သားများထံ ပိုက်ဆံပေးရကြောင်း နေရပ်ပြန်ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ အိမ်က လက်နက်ကြီး ထိထားတာ၊ ဒါပေမယ့် နေလို့ရသေးတယ်။ နောက်ပြီး အခု မိုင်းအန္တရာယ် ကြောက်ရတယ်။ ကျမတို့ ရွာက အမျိုးသမီးတစ်ယောက် သူ့ ခြံမှာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်” ကျောက်မဲမြို့နယ်တွင် နေရပ်ပြန်သွားသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်တွင်လည်း ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင် (၂) ဦး မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး အသက် (၁၅) နှစ်အရွယ် မိန်းကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၎င်းကို သွားကယ်သည့် အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးလည်း လက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ စစ်ကော်မရှင်က နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို ပြန်လည်ထိန်းချုပ်ပြီးနောက် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများကိုသာ ပြုပြင်မွမ်းမံမှု ပြုလုပ်နေပြီး ပျက်စီးသွားသည့် ပြည်သူနေအိမ်များအတွက် ကူညီထောက်ပံ့မှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...