သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ ကျပ်သိန်း ၆၄၀ စာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် – ကောင်းခါးအ သွားလမ်းတွင် စောင့်ဆိုင်းစစ်ဆေးစဉ် ဇော်ဒွဲရိန်(ခ) မာဒွဲ ၁၉ နှစ်မောင်းနှင်လာသည့် Crown အမျိုးစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးဝါးများကို ဖမ်းဆီးရမိသည်။
အဆိုပါ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာပြီး ပလက်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၆၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်းဖိုးငွေကျပ် ၆၄၀ သိန်း) အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇော်ဒွဲရိန်(ခ) မာဒွဲ ကို ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖြင့် အရေးယူထာကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်နေ့ထိတွင် သျှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါဖမ်းဆီးရမိမှုပေါင်း ၁၃ ခုရှိပြီ ဖြစ်ကြောင်း သိရသည်။