Tuesday, January 27, 2026

တောင်ပိုင်း “ဝ” ၁၇၁ စစ်ဒေသတွင် စိတ်ကြွဆေးပြား ၃၀ သိန်းနှင့် သယ်ဆောင်သူများ ထပ်မံ ဖမ်းဆီးရမိ

တောင်ပိုင်း ၀ တပ်ဖွဲ့၏ အမှတ် ၁၇၁ စစ်ဒေသ တွင် မူးယစ်မှောင်ခိုအဖွဲ့နှင့် ၀ တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက် စိတ်ကြွဆေးပြား သိန်း ၃၀ သယ်ဆောင်လာသည့် မူးယစ်မှောင်ခို သမား ၁ ဦး နှင့် သေဆုံးသည့် အလောင်း ၆ လောင်းအား  ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by Nyi Rang/facebook- အောက်တိုဘာလ ၂ ရက်နေ့ညနေပိုင်းက ဟွေ့အော့ရွာအနီး ထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ

အောက်တိုဘာ ၂ ရက် ညနေပိုင်းက စိတ်ကြွဆေးအပြားပေါင်း သိန်း ၃၀  သယ်ဆောင်သည့် မူးယစ် မှောင်ခို သမားများအား “ဝ” တပ်ဖွဲ့ မှ လက်နက်ချ ခိုင်းရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် မူးယစ်မှောင်ခို  အလောင်း  ၆ လောင်းနှင့် အရှင် တဦး ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အဆိုပါမူးယစ်သယ်ဆောင်သူများသည် အောက်တိုဘာ ၁ ရက်နေ့ ပစ်ခတ်ဖမ်းဆီးမှုမှ ထွက်ပြေးလွှတ်မြောက်သွားသူများဖြစ်ကြောင်း၊  ထိုလွှတ်မြောက်သူများနောက် ၀  တပ်ဖွဲ့မှ လိုက်လံ ရှာဖွေရာ အောက်တိုဘာ ၂ ရက် ညနေ  ၅ နာရီအချိန်တွေ့ရှိကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့ ၂ ရက်နဲ့ ၃ ရက် ဆက်တိုက် ဖမ်းမိတယ်။ လက်ရှိတော့ မြေပြင် သတင်း အရ ၂ ရက်နေ့ မှာ စိတ်ကြွဆေးပြားပေါင်း သိန်း ၃၀  ပါ။ အလောင်းကတော့ ၂ ရက်နေ့ ညနေပိုင်းပါ  ၆ လောင်း နဲ့ အရှင် ၁ တွေ့ပါတယ်။ ၃ ရက်နေ့ ကတော့ မြေပြင်သတင်း မတက်လာသေးပါဘူး” ဟု ဦးညီရမ်း က ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သူများသည် မြန်မာနိုင်ငံ မှ တိုင်းရင်းသားများဖြစ်ကြောင်း၊ လက်ရှိ စိတ်ကြွဆေးပြားသည် မည်သည့် အဖွဲ့ ပိုင်ဆိုင်သည်ကို စစ်ဆေးနေကြောင်းလည်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်း “ဝ” တပ်ဖွဲ့၏ ၁၇၁ စစ်ဒေသအတွင်း ယခုရက်ပိုင်း   စိတ်ကြွ ဆေးပြား နှင့် မူးယစ်သယ်ဆောင်သူများဆက်တိုက် ဖမ်းဆီးရမိနေကြောင်းလည်း ဦးညီရမ်း က ပြောသည်။

“ မှောင်ခိုလမ်းကြောင်းဆိုတာ ပုံသေ တွက်လို့ မရပါဘူး။  ကျနော်တို့ ၀ တောင်ပိုင်းတပ်စခန်း က ယိုးဒယားနဲ့ ကီလိုမီတာအားဖြင့် ၄၀၀ လောက်ဘဲရှိတယ်လေ” ဟု ဦးညီရမ်း က ပြောသည်။

Photo by Nyi Rang/facebook- အောက်တိုဘာလ ၂ ရက်နေ့ညနေပိုင်းက ဟွေ့အော့ရွာအနီး ထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ

ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများရောက်သွားပါက UWSA တပ်ဖွဲ့ ၏ မူးယစ်ဆေးဝါးဟု နာမည်တပ် ပြောဆိုမှု မကြာခဏ ကြုံရပြီး၊ ပြည်တွင်း ၊ပြည်ပ မီဒီယာများကလည်း  UWSA တပ်ဖွဲ့၏ပုံရိပ်ကို ကျဆင်းစေမည့်ရေးသားမှုမျိုးဖြင့် ရေးသားတိုက်ခိုက်မှုများကြောင့် UWSA မှ မူးယစ်ဆေးဝါး အထူးစစ်ဆင်ရေး အနေဖြင့် ပိုမိုအားဖြည့်ဖမ်းဆီးနေရခြင်းဖြစ်ကြောင်းလည်း UWSA ပြောရေးဆိုခွင့် က ဖြည့်စွက်ပြောကြားသည်။

“ အရင်ကလည်း ဖမ်းဆီးမှု တွေ ရှိပါတယ်။ ကျနော်တို့ လှုပ်ရှားနေတဲ့တောင်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ မဖြတ်သန်းနိုင်အောင် ကျနော်တို့ကြိုးစားလုပ်ဆောင်နေပါတယ်” ဟုလည်း ဦးညီရမ်း က ထပ်လောင်းပြောကြားသည်။

အောက်တိုဘာ ၁ ရက်နေ့ ကလည်း “ဝ”  တပ်ဖွဲ့များ အခြေချလှုပ်ရှားသည့် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှိ ထိုင်းနယ်စပ် ဟွေ့အော့ရွာ နမ့်ယုမ်းကျေးရွာ အနီးတွင် စိတ်ကြွဆေးပြား ၁၈သိန်း သယ်ဆောင်လာသည့်အဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပွါးရာ   အမျိုးသား ၈ ဦး နှင့် သေဆုံးသည့် အလောင်း ၂ လောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း ၀ တပ်ဖွဲ့ကထုတ်ပြန်ပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ UWSA (၁၇၁)တောင်ပိုင်းတပ် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၁၄ သန်းကို စစ်ကော်မရှင်ထံလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၄ သန်းခန့်ကို စစ်ကော်မရှင်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာလ (၂၉) ရက်တွင် မိုင်းတုံမြို့နယ် ဟွေအော်ကျေးရွာ၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး...

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

0
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...

ဖန်မြို့နယ် စွန့်ပစ်ထားသည့် ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်းတွေ့ရှိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းရှိ ရွာသားတစ်ဦး၏ ခြံအနီးတွင် စွန့်ပစ်ထားသော ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်း တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးပြားများကို ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၇ နာရီအချိန်တွင် တွေ့ရှိခဲ့ပြီး စွန့်ပစ်ထားသော...