Monday, January 26, 2026

သျှမ်းအရှေ့ UWSA (၁၇၁)တောင်ပိုင်းတပ် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၁၄ သန်းကို စစ်ကော်မရှင်ထံလွှဲပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၄ သန်းခန့်ကို စစ်ကော်မရှင်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။

စက်တင်ဘာလ (၂၉) ရက်တွင် မိုင်းတုံမြို့နယ် ဟွေအော်ကျေးရွာ၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား (၁၃,၈၈၀,၈၂၈) ပြား စုစုပေါင်း ၁၄ သန်းခန့်ကို စစ်ကော်မရှင် တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါ လွှဲပြောင်းပေးခဲ့သည့် မူးယစ်ဆေးဝါးများကို ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလအတွင်း UWSA တောင်ပိုင်းတပ် (၁၇၁) စစ်ဒေသအတွင်း (၄) ကြိမ်ခွဲ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်ထံ (၂၄) ကြိမ်မြောက် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အခြေစိုက် UWSA တောင်ပိုင်းတပ် (၁၇၁) စစ်ဒေသအတွင်းရှိ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဇူလိုင်လ ၆ ရက် ပုလုံရွာအနီးတွင် (၁.၅) သန်းခန့်၊ ဩဂုတ်လ ၁ ရက် မယ်ကျန့်ရွာအနီးတွင် (၁.၉) သန်း၊ ဩဂုတ်လ ၂၈ ရက် ပုံပါကျင် ဝမ်မိုင်ရွာ လမ်းခွဲတွင် (၅.၆၉) သန်း၊ စက်တင်ဘာလ ၂၀ ရက် ထိုင်း-မြန်မာနယ်စပ် နောင်ဝမ်းရွာအနီးတွင် (၄.၈) သန်းခန့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

အလားတူ ဇွန်လ (၈) ရက်တွင်လည်း တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ‘ဝ’တပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၂၇) ရက်တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ၌ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကော်မရှင်ဘက်မှ မဖြေရှင်းနိုင်ပါက ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းရန် တောင်းဆိုမည်ဟုလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မှ ပြောဆိုခဲ့ဖူးသည်။

ပုံစာ – UWSA ဖမ်းမိသည့် မူးယစ်ဆေးဝါးများကို စစ်ကော်မရှင်ထံ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ – Nyi Rang FB)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...