Wednesday, January 28, 2026

တရားမဝင်တရုတ်နိုင်ငံသား တဦး တာချီလိတ်တွင် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား တဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by ရွှေကြိဂံ ဒေသ သတင်းလွှာ-တာချီလိတ်မြို့တွင်ဖမ်းဆီးရမိသော တရားမဝင်ဝင်ရောက်နေထိုင်သည့်တရုတ်နိုင်ငံသား

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် ဟိုနားရွာ တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား တဦးကို အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ မြန်မာပြည်အတွင်း တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား Mr.Zhan Zhengcheng သည် တရုတ်နိုင်ငံ ဖုကျန့်ပြည်နယ် စန်မင်စီမြို့ တွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။

ထို တရုတ်နိုင်ငံသားသည် လွန်ခဲ့သည့် တလခန့်က ပြည်ဝင်ခွင့် ဗီဇာ မပါဘဲ ပတ်စ်ပို့ (နိုင်ငံကူး လက်မှတ်)ဖြင့် မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ် ဝမ်ပုံလမ်းကြောင်းမှ တဆင့် လာကြောင်း တာချီလိတ်မြို့ မ ရဲစခန်း မှ တာဝန်ကျ ရဲက ပြောသည်။

မြန်မာပြည်အတွင်း ဗီဇာမပါဘဲ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားကို တာချီလိတ်မြို့ မရဲစခန်းမှ ၁၉၄၇ ခုနစ် လူဝင်မှု ကြီးကြပ်ရေး(လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၃(၁) ကျူး/ ၁၃(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင် ၂ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာ အုပ်စု ပါလိုင် ကျေးရွာတွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား ၆ ဦး နှင့် အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်။

ယခုနှစ်အတွင်း တာချီလိတ်မြို့နယ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများ မကြာခဏ ဖမ်းဆီးရမိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...

ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို မိုင်းလားနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၇) ဦးကို စစ်ကောင်စီမှ တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၂၄) ရက်တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်စီတို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင်...

ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက...