Friday, April 26, 2024

တာချီလိတ်မြို့နယ်

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “ဘယ်လိုပြောပြော မရဘူး။ သူတို့...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...

၁၄ ရက်ကြာပျောက်ဆုံးသည့် အမျိုးသားတစ်ဦး အလောင်းပြန်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၁၄ ရက်အကြာ ပျောက်ဆုံးသွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၈) ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုအမျိုးသား (ဦးသက်ခိုင်ဦး)သည် ဇန်နဝါရီ ၂၆ ရက် ညအချိန်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားပြီး ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းသာပြန်တွေ့ရှိခဲ့ရကြောင်း...

တာချီလိတ် လော့ဒေါင်း ပြန်ဖွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home နှင့် လော့ဒေါင်းများ အားလုံးကို ပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့ Stay at home ကို ပယ်ဖျက်ပေးလိုက်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် မြို့ဝင်မြို့ထွက်...

တာချီလိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ လူနာ သွား၊လာမှုများသည့်နေရာကို Lockdown ချထား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ နေ့စဉ်မြင့်တက်လာသဖြင့် တာချီလိတ် ရပ်ကွက် (၆)ခုနှင့် ကျေးရွာတချို့ Lockdown ချထားကြောင်း စုံစမ်းသိရသည်။ ယနေ့(နိုဝင်ဘာ ၃၀)ရက်ထိ တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၄)ဦး ဆေးကုသခံနေကြောင်း သိရသည်။ ကိုဗစ်-၁၉ အတည်ပြုလူနာ အသွား၊အလာများသည့်နေရာများနှင့် နေထိုင်သည့်နေရာများဖြစ်သည့် တာချီလိတ်မြို့ ရပ်ကွက်...

တာချီလိတ်မြို့နယ်တွင် လက်နက်နှင့် မူးယစ်ဆေးထုတ်ရာတွင် အသုံပြုသည့် ပစ္စည်းများဖမ်းရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ယန်းခေါင်းကျေးရွာအနီး တာချီလိတ်- မိုင်းဆတ် သွားကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး နှင့် လက်နက်၊ ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ မနက် ၆ နာရီအချိန်တွင် တာချီလိတ်-မိုင်းဆတ်သွားလမ်းကားကို စစ်ဆေးရာတွင် အိုက်အဲ နှင့် အိုက်ပင်း မောင်းလာသည့် ကား...

တာချီလိတ်မြို့နယ် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ အမြန်ပြန်ပေးရန် တောင်းဆို

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် (ပေါက်ဆေခမ်း) ကျေးရွာတွင် သိမ်းဆည်းခံထားသည့် မြေယာများ ပြန်ပေးရန် လယ်သမားများက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ့တပ်မတော် မှ လွန်ခဲ့သည့် ၁၉၉၈-၁၉၉၉ ခုနစ်တွင် တာချီလိတ်မြို့ စက်မှုဇုံ ပြုလုပ်ရန် အတွက် ဟောင်လိတ် ကျေးရွာ ရှိ လယ်ယာမြေ...

တာချီလိတ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးချက်တဲများဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး ချက်တဲများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့့် ပစ္စည်း များ သိမ်းဆည်း ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက်နေ့က တာချီလိတ်မြို့နယ် ဟာလဘ ကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာကို တွေ့ရှိပြီး၊ ဝင်ရောက်စစ်ဆေးစဉ်...

တရားမဝင်တရုတ်နိုင်ငံသား တဦး တာချီလိတ်တွင် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား တဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် ဟိုနားရွာ တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား တဦးကို အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မ...

Latest news