တာချီလိတ်မြို့နယ် ကျားဖြန့်လုပ်ကိုင်သည့် တရားမဝင်  တရုတ်နိုင်ငံသား (၁၂၆) ထပ်ဖမ်းမိ 

သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရားမဝင် နိုင်ငံခြားသား ၁၂၆ ဦးကို ဆက်စပ်ပစ္စည်းများ နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ (ဧပြီ ၇ ရက်) နေ့လည်ပိုင်း တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၂ ဦး ၊ အမျိုးသမီး ၃ ဦး နှင့် လားအို နိုင်ငံသား အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သည်။

“ထပ်ပြီးတော့ သတင်းရပြီး ဖမ်းမိတာနေမယ် သူတို့ထွက်သွားတာ‌တော့ တွေ့လိုက်တယ်။ ထူးဆန်းတာက ဆက်တိုက်ဖမ်းပြီး နောက်ကဘယ်လက်နက်ကိုင်လဲ ဘယ်သူကြိုးကိုင်နေလဲ ဆိုတာ မထွက်တာကတော့ ဘယ်လိုလဲမသိဘူး”ဟု တာချီလိတ်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထိုစစ်ကော်မရှင်တပ် နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝင်ရောက်စီးနင်းခဲ့သည့် အွန်လိုင်းငွေလိမ် ကျားဖြန့်များသည် ပန်ကူကျေးရွာ နှင့် ၂ မိုင် ခန့်တွင်တည်ရှိကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်ဖမ်းဆီးမှုအတွင်း မီးစက်ကြီး ၁ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံး၊Systemပုံး ၉၇ လုံး၊ ALL-IN-ONE ကွန်ပျူတာ ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင် စက် ၁၂ လုံးနှင့် မော်တော်ယာဉ်မျိုးစုံ ၁၂၀ စီးတို့ကို တွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း စစ်ကော်မရှင် ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးရမိသူများကို ဉပဒေနှင့် အညီ အရေးယူဆောင်ရွက်ပြီး နောက်ကွယ်တွင် ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် (ဧပြီ ၄ ရက်)တွင် တန့်ယန်းမြို့နယ် ကောင်းဆန်ကျေးရွာအနီးတွင် အွန်လိုင်းငွေလိမ်ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူတရုတ်နိုင်ငံသား အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၂၁ ဦးတို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် အွန်လိုင်း ကျားဖြန့်လုပ်ငန်းရှိသည့် နေရာများကို စစ်ကော်မရှင်မှ ဝင်ရောက်ဖမ်းဆီးရာတွင် တရုတ်နိုင်ငံ၏ သတင်းပေးချက် အပြင် တခြားသော ကူညီမှုများပါဝင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်း လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်း လုပ်ငန်းရှိသည့် နေရာများ၊ လောင်းကစား ကာစီနိုရှိသည့် နေရာများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မကြာခဏ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ ပပျောက်သွားခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပန်မြို့အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) ညသန်းခေါင် လူအိပ်မောကျသည့်အချိန် ဟိုပန်မြို့အတွင်း မိန်းပန်း(ရှမ်း) ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို UWSA...

တာချီလိတ်မြို့နယ် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...

ကျားဖြန့်ထောင်ချောက်ထဲကျနေတဲ့ အနာဂတ်များ

0
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။ ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။ အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည်...

မန်ပန်ပြည်သူ့စစ် ထိန်းချုပ်သည့် လဲချားမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်း ရွှေ့လာ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများရောက်ရှိနေပြီး ဒေသခံ လူငယ်များကို အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျားဖြန့် လုပ်ငန်းသည် လဲချားမြို့ နှင့် ၂၅မိုင်ခန့် ဝေးကွာသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာအနီးတဝှိက်တွင် တည်ရှိသည်။ ထိုကျားဖြန့် လုပ်ငန်းအတွက်လည်း မန်ပန် ပြည်သူ့စစ်က လုံခြုံရေး...

မိုင်းပေါက်မှာ တရားမဝင် ကျားဖြန့် လုပ်သူများကို UWSA ဖမ်းပြီး တရုတ်ဆီပြန်လည်အပ်နှံ

0
သျှမ်းပြည် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့နယ်အတွင်းသို့ တရားမဝင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က ဖမ်းဆီးပြီး တရုတ်အစိုးရထံသို့ ပြန်လည် အပ်နှံလိုက်ကြောင်း သိရသည်။ . စက်တင်ဘာလ ၅ ရက်တွင် မိုင်းပေါက်မြို့မှ ဖမ်းဆီးရမိသည့် ကျားဖြန့် တရားခံများကို UWSA...