မန်ပန်ပြည်သူ့စစ် ထိန်းချုပ်သည့် လဲချားမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်း ရွှေ့လာ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများရောက်ရှိနေပြီး ဒေသခံ လူငယ်များကို အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျားဖြန့် လုပ်ငန်းသည် လဲချားမြို့ နှင့် ၂၅မိုင်ခန့် ဝေးကွာသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာအနီးတဝှိက်တွင် တည်ရှိသည်။

ထိုကျားဖြန့် လုပ်ငန်းအတွက်လည်း မန်ပန် ပြည်သူ့စစ်က လုံခြုံရေး တာဝန်ယူ ထားကြောင်း နိုင်ငံရေးတက်ကျွမ်း နားလည်သည့် လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဲ့နယ်မြေတဝိုက်မှာ မန်ပန်နယ်မြေ၊ ကျားဖြန့်က အဲ့မှာလာနေတယ်ဆိုတော့ မန်ပန်ပြည်သူ့စစ်က လုံခြုံရေးယူတယ်။ နောက် လဲချားမြို့နဲ့ ကျေးရွာက ကျားဖြန့်လုပ်မယ်သူကိုလည်း မန်ပန်ပြည်သူ့စစ်ကပဲလာခေါ်တာ။ ကျားဖြန့် ခေါင်းဆောင်က ခေါ်တာမဟုတ်ဘူး” ဟု ၎င်း လူငယ်က ဆိုသည်။

ထိုကျားဖြန့်လုပ်ငန်းကို လုပ်ရန်အတွက် အသက် ၂၀အရွယ်အောက်ရှိ လူငယ်များကိုပါခေါ်ယူနေ သကဲ့သို့ ကျားဖြန့်လုပ်သူများကို ဟင်းချက်ရန်အတွက် အစ ခေါ်ယူနေကြောင်း သိရသည်။

“ အလုပ်ခေါ်တာကတော့ ကျားဖြန့်လုပ်ဖို့ရော အလုပ်သမားတွေကို ဟင်းချက်တဲ့လူတွေကိုပါခေါ်ကြတာ။ တစ်ခါ လာခေါ်ရင် လူ၁၀ဉီးခေါ်တယ်။ သူတို့လည်း သတင်းပျံ့မှာကြောက်တယ်လေ။ အဲ့သွားလုပ်တဲ့လူငယ်တွေက လဲချားမြို့ပေါ် က လူငယ်တွေများတယ်” ဟု နိုင်ငံရေး တက်သိကျွမ်းကျင်လူငယ်က ပြောသည်။

လဲချားမြို့နှင့် မန်ပန်ကျေးရွာ

သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်ပွားချိန်၊ သဘာဝဘေးအန္တရာယ် ရင်ဆိုင်နေရပြီး၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးလာကာ ဝင်ငွေရှာဖွေခက်ခဲသည့်အချိန်ကာလဖြစ်သည်။

ထို့အပြင် ကုန်စျေးနှုန်းများလည်း တရိပ်ရိပ်တက်လာသည်ကို အခွင့်ကောင်းယူပြီး ကျားဖြန့်လုပ်ငန်းဖြင့် ဒေသခံများကို မက်လုံးပေး မြူဆွယ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ငန်းနှင့် ၎င်းတို့ကို ဟင်းချက်ပေးရန် အတွက် အခြေခံလစာ မြန်မာကျပ်ငွေ ၁၀သိန်း အထက် မက်လုံးပေးခေါ်ဆောင်မှုများရှိနေသဖြင့် လူငယ်များအတွက်စိုးရိမ်စရာဖြစ်ကြောင်း အသက် ၃၀အရွယ်ရှိ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဓိကတော့ လူငယ်တွေ ငွေရပြီး အကျင့်စာရိတ္တပျက်စီးသွားနိုင်တယ်။ ငွေကလည်း လွယ်လွယ်နဲ့ရဆိုတော့ အကျင့်တွေကလည်း ပျက်မှာပဲ။ လူငယ်တွေအတွက် စိုးရိမ်စရာများသလို ဒီကဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်ရတယ်” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့သည် ကျားဖြန့် တိုက်ဖျက်ရေးဆိုသည့် ခေါင်းစဥ်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကိုဖော်ဆောင်လာခဲ့သော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်လုပ်ငန်းဟာ ပပျောက်သွားခြင်းမရှိသေးပေ။

သို့သော် သျှမ်းပြည်မြောက်ပိုင်းတခွင်သည် မြို့ပျက်သဖွယ်ဖြစ်ပွားကာ အရပ်သားထိခိုက်သေဆုံးမှုကလည်းများခဲ့ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသေးသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခကြောင့် ကျားဖြန့်လုပ်ငန်းလည်း ယခင်ကဲ့သို့ အများအပြားမရှိတော့ဘဲ အနည်းငယ်ကျန်ရှိသေးကာ ယခုတွင် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ်ထိန်းချုပ်သည့် နေရာသို့ ရွှေ့ပြောင်းလာရောက် ဖွင့်လှစ်ခြင်းဖြစ်သည် ဟု နိုင်ငံရေး တက်သိလူငယ်များက ရှင်းပြသည်။

“ သျှမ်းပြည် မြောက်ပိုင်းမှာလည်း ကျားဖြန့်တိုက်ဖျက်ရေးဆိုပြီး စစ်မီးတွေ တောက်ခဲ့တာ။ အခုထိပဲလေ။ ကျားဖြန့်က အဲ့ဘက်မှာ လုပ်ရခက်လာတော့ စစ်ကောင်စီထိန်းချုပ်တဲ့နေရာနဲ့ သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ နေရာကို ရွှေ့လာတာပဲ” ဟု အသက် ၃၅နှစ်အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားလူငယ်က ထောက်ပြပြောသည်။

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့်လူငယ်များအတွက် မိဘများကလည်း တားဆီးရန်လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ်ကြီးသည့်လုပ်ငန်းဖြစ်ပြီး ထင်သလောက် ငွေမရနိုင်ကြောင်းကို ပြည်သူများသိရန် လိုအပ်ကြောင်းလည်း ၎င်း က ပြောသည်။

“ ကျနော်တို့ပြည်သူတွေက ကျားဖြန့်ဆိုရင်ငွေပဲမြင်ကြတာ၊ အန္တရာယ်ကိုမမြင်ဘူး။ အခန့်မသင့်ရင် ပြန်ထွက်ဖို့ တောင်မလွယ်ဘူး။ ကျားဖြန့်လောကထဲမဝင်စေချင်ဘူး။ အန္တရာယ်များတယ်” ဟု နိုင်ငံရေးတက်ကြွလူငယ်က ထပ်လောင်းပြောသည်။

လဲချားမြို့နယ် အတွင်း မန်ပန်ပြည်သူ့စစ်အပြင် စစ်ကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ, သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။

ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိအမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိသေးသည့်အကြောင်းရင်းသည် လက်နက်ကိုင်များပါဝင်ပတ်သက်မှုရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...