မိုင်းပေါက်မှာ တရားမဝင် ကျားဖြန့် လုပ်သူများကို UWSA ဖမ်းပြီး တရုတ်ဆီပြန်လည်အပ်နှံ

သျှမ်းပြည် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့နယ်အတွင်းသို့ တရားမဝင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က ဖမ်းဆီးပြီး တရုတ်အစိုးရထံသို့ ပြန်လည် အပ်နှံလိုက်ကြောင်း သိရသည်။

.

စက်တင်ဘာလ ၅ ရက်တွင် မိုင်းပေါက်မြို့မှ ဖမ်းဆီးရမိသည့် ကျားဖြန့် တရားခံများကို UWSA တာဝန်ရှိသူများက တရုတ်အစိုးရဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ဖြစ်စဥ်ကို သိရသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားအများကြီး နဲ့ လူတွေကို သယ်လာတယ်၊ တချို့ကိုလည်း “ဝ” တရားစီရင်ရေး ဌာနမှာပဲ စစ်ဆေး နေတယ်လို့လည်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကလည်း လာကြိုတာပေါ့။ အဲ့မှာ စုစုပေါင်း (၁၀၀) နီးနီးက အားလုံး ကျားဖြန့်သမားတွေလို့လည်း သိရတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ အများစုသည် တရုတ်ပြည်မှ မိုင်းပေါက် ၊ ပန်ဆုံး နှင့် မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြပြီး လက်အောက်ငယ်သား ဝန်ထမ်းများသာ ဖြစ်ကြသည်။

“ဖမ်းဆီးရတဲ့ တော်တော်များများကတော့ လက်အောက်ငယ်သားတွေပဲ ဖြစ်ကြတယ်၊ အလုပ်ရှင် သူဌေးတွေကတော့ ဖမ်းမိတာ မရှိဘူး၊ ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်တဲ့ သူတွေက ပြည်သူ့စစ်တွေ၊ တရုတ်လောပန်းတွေ၊ ဖြစ်ကြတယ်။ အဲ့ကြောင့်ပဲ မဖမ်းမိကြတာလား မသိဘူး” ဟု အထက်ပါ ဒေသခံ က ဆက်ပြောသည်။

ယင်းကဲ့သို့ ကျားဖြန့်သမားများကို ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် ဖြစ်စဥ်ကို သိရှိနိုင်ရန် အတွက် UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင်လည်း တရုတ်ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံဘက်က လုံခြုံရေး တာဝန်ရှိသူများ ပူးပေါင်းပြီး မြန်မာပြည်မြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) လုပ်နေသည့် နေရာ ၁၁ နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ သံသယ တရားခံ ၂၆၉ ဦးကို ဖမ်းဆီးရမိကြောင်းလည်း သိရသည်။

တရုတ်နစ်စပ်ဒေသများတွင် အွန်လိုင်းရာဇာဝတ်မှုများ ဆက်လက် များပြားနေပြီး၊ တရုတ် – မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်နေသဖြင့် ဆက်သွယ်ရေး လိမ်လည်မှု ရာဇာဝတ်မှုများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းမည်ဟု ဇူလိုင် ၂၅ ရက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဥ်က ပြောဆိုခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...