ဟိုပန်မြို့အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) ညသန်းခေါင် လူအိပ်မောကျသည့်အချိန် ဟိုပန်မြို့အတွင်း မိန်းပန်း(ရှမ်း) ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို UWSA မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ငွေလိမ်လုပ်ကိုင်သူ (၁၀၀)ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ ၂၀ ရက်တုန်းက ဝင်ဖမ်းတာ၊ ဟိုပန်မြို့ထဲက မိန်းပန်းရပ်ကွက် သျှမ်းတွေအနေများတဲ့ ရပ်ကွက်လည်း ပြောလို့ရတယ်။ အဲ့မှာ ကျားဖြန့်လုပ်ကိုင်သူ ရှိတယ်၊ သူတို့ ညသန်းခေါင်ယံမှာ အဖွဲ့လိုက် ဝင်ဖမ်းသွားကြတာ။ ခုတော့ UWSA က ဖမ်းထားတယ်။ တရုတ်လူမျိုးလည်း ပါတယ်၊ အဲ့တရုတ်တွေကိုတော့ ပြန်ပို့ပေးမယ်လို့ ပြောကြတယ်။ ခုတော့ ဘာမှ ပြန်မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။

UWSA မှ ဝင်ရောက်ဖမ်းဆီးထားသည့် ကျားဖြန့်လုပ်ကိုင်သူ (၁၀၀)ကျော် ထဲတွင် သျှမ်းတိုင်းရင်းသား အများစုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂) ရက်နေ့ တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် UWSA တို့က ပူးပေါင်းဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သော်လည်း မြန်မာနိုင်ငံသား အယောက် (၃၀)ခန့်ကို ပိုက်ဆံကောက်ယူပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု ဟိုပန်မြို့တွင် UWSA မှ ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ အယောက် (၁၀၀)ကျော်ထဲတွင် တန့်ယန်း စစ်ကောင်စီတပ်မှ ပိုက်ဆံကောက်ပြီး ပြန်လွတ်မြောက်လာသူ အများအပြား ပါဝင်‌နေကြောင်း ၎င်းက ပြောသည်။

“ကျားဖြန့်ကတော့ ဆက်ရှိနေအုန်းမှာပဲ၊ သူတို့က တရုတ်လူမျိုး မဟုတ်ရင်တောင် မြန်မာနိုင်ငံသားတွေက ဆက်လုပ်နေမှာပဲ။ ရဲတွေ ဖမ်းမိရင်လည်း မြန်မာနိုင်ငံသားဆို ပိုက်ဆံယူပြီး ပြန်လွှတ်ပေးတယ်လေ။ ပြီးရင် သူတို့ပဲ နေရာပြောင်းပြီး ပြန်လုပ်တယ်။ တိုင်းရင်းသူတွေလည်း များတယ်လို့ သိရတယ်၊ အတိအကျတော့ မပြောတတ်သေးဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အပါအဝင် (၁၀၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ရေးပဋိပက္ခ ဖြစ်ပွားချိန် အလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူကာ ဒေသခံလူငယ်များကို ကျားဖြန့်လုပ်ကိုင်ရန် တရုတ်ယွမ်ငွေ (၁) သောင်းကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၉၀ ခန့်) အထိ မက်လုံးပေး မြှူဆွယ်ကာ အလုပ်ခေါ်ယူနေသကဲ့သို့ ထမင်းဟင်းချက်ပေးမည့်သူမှ စ၍ ခေါ်ယူခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...