ကျားဖြန့်ထောင်ချောက်ထဲကျနေတဲ့ အနာဂတ်များ

မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။

ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။

အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည် ရွှေကုက္ကိုလ်မြို့သစ်ပါ။ ရွှေကုက္ကိုလ်မြို့ဟာ ထိုင်းနယ်စပ်တွင် တည်ဆောက်ထားပေမယ့် ထိုင်းအငွေ့အသစ်မရဘဲ တရုတ်နိုင်ငံထဲက မြို့တစ်မြို့လို တရုတ်စာတွေ တရုတ်အငွေ့အသက်တွေနဲ့ပါပဲ။

“ မလာခင်ကတော့ လစာဆယ်သိန်းကျပ်ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ပေါ့။ ဒီကို (ရွှေကုက္ကိုလ်)လည်းမြင်တော့ စိတ်တွေက အလိုလိုလေးလံလာတယ်။ တရုတ်ပြည်ကို ရောက်နေသလိုခံစားရတယ်။ ဘဝက ရွေးချယ်စရာမရှိတော့ ဒီလမ်းကိုရွေးရတာပေါ့” လို့ စိုင်းပန် တစ်ယောက် အတိတ်က အကြောင်းကို ပြန်ပြောပါနေပါတယ်၊

စိုင်းပန် ဟာ အသက် ၂၅ အရွယ် လူငယ်တစ်ဉီးဖြစ်ပြီး၊ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဇာတိဖြစ်ပါတယ်။

သူဟာ စစ်အာဏာမသိမ်းခင် အွန်လိုင်းမှ တဆင့် လူသုံးကုန်ပစ္စည်းတွေကို ရောင်းချနေသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ခုနစ် လလယ်ပိုင်းမှာ အလုပ်အဆင်မပြေမှုတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဘက်ကို စွန့်စားပြီး အလုပ်လာလုပ်သူဖြစ်ပါတယ်။

အဲ့ဒီမှ တဆင့် စိုင်းပန်ဟာ ဘတ်ငွေ တစ်သောင်းခွဲ မြန်မာငွေ ကာလပေါက်စျေး ကျပ်ဆယ်သိန်းကျော် ဆိုတဲ့မျှော်လင့်ချက်နဲ့ နေအိမ်ကနေ ထွက်လာခြင်းဖြစ်သည်။

“ဘတ် ၁ သောင်းခွဲဆိုတော့ အဲ့တုန်းကငွေဈေးနဲ့တောင် ဆယ်သိန်းကျော်ရနေပြီ၊ ကျနော်ဈေးရောင်းရင်တောင် တစ်လ ၂ သိန်းမကျန်ဘူး၊ အဲ့ဒါကြောင့် ပိုက်ဆံများများရှာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ထွက်လာခဲ့တာ” လို့ သူရဲ့ မျှော်လင့်ချက်ကို ပြောလာပါတယ်။

စိုင်းပန်တစ်ယောက် ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းလုပ်ဆောင်ရမယ်ဆိုတာကို မသိရှိခဲ့ပေ။

ဒါ့ပေမယ့် ရွှေကုက္ကိုလ်မြို့သစ် အလုပ်ရုံထဲသို့ ရောက်ရှိသွားချိန်မှာတော့ ထင်မှတ်မထားဘဲ ဆရာဝန်လောင်းတွေ၊ အင်ဂျင်နီယာတွေ၊ ကွန်ပျူတာ နဲ့ ပတ်သက်ပြီး မဟာဘွဲ့ရထားတဲ့သူတွေကို မြင်လိုက်ရတဲ့အတွက် အလွန်ပင် အံ့သြမြင်သက်မှုဖြစ်ခဲ့ရကြောင်း သူက ပြန်ပြောပြပါတယ်။

ကျားဖြန့်အလုပ်ကိုဝင်ပြီး မကြာခင်မှာပဲ တရုတ်သူဌေးတွေရဲ့ အလုပ်သမားခေါင်းဖြတ်ပုံမှု၊ အမြတ်ထုတ်မှုကို နေ့စဉ်နဲ့အမျှ လိမ်လည်ပြောဆိုနေရမှုတွေကို စိတ်အဆင်မပြေမှုတွေ စတင်လာခဲ့ပါတယ်။

အဲ့ဒီ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ တရုတ်သူဌေးတွေပိုင်တဲ့ ကျားဖြန့်လုပ်ငန်းတွေပဲ ရှိတဲ့အတွက် စိုင်းပန်တယောက် သူဌေးသာပြောင်းပိုင်ခွင့်ရှိပြီး၊ အလုပ်အကိုင်ကို ရွေးချယ်စရာမရှိကာ ကျားဖြန့်ပဲ ဆက်လုပ်ရပါတယ်။

“ ဒီလုပ်ငန်းက လူတွေလိမ်ရတဲ့အလုပ်ဆိုတော့မလုပ်ချင်ဘူး။ သူဌေးတွေက ကိုယ့်ကို သဘောမကျရင် အလုပ်တန်းဖြုတ်တယ်။ ကျနော် ဒီကိုလာတဲ့အတွက် နောင်တရပေမယ့် ပြန်ဖို့ကလည်း လမ်းစာရိတ်မရှိတော့ ဆက်လုပ်ခဲ့ရတယ်” လို့ စိုင်းပန် တယောက် တိုးတိတ်တဲ့လေသံနဲ့ ပြောပါတယ်။
ကျားဖြန့် အလုပ်ရုံတစ်ခုမှာ လူအယောက် ၄၀၀ နီးပါး ရှိပြီး၊ အလုပ်ခန်းက အလုံပိတ်အခန်းဖြစ်ကာ လေကောင်းလေသန့်မရသလို သတ်မှတ်ထားတဲ့အလုပ်မလုပ်နိုင်ပါက လစာမရဘဲ အလုပ်ဖြုတ်ချင်ကိုပါ ခံရပါတယ်။

“အလုပ်လျှောက်ရတာကလွယ်တယ်။ မြဲဖို့ခက်တာ ၄ လ လောက်နေပြီးမှ‌ နေ့ဖက်လုပ်ရတဲ့အလုပ်တစ်ခုရလို့ နဲနဲအဆင်ပြေသွားတာ၊ ဒါမယ့် ဒီမှာက ၄၅ ရက်လောက်ဆက်တိုက်လုပ်ပြီးမှ ပိုက်ဆံစမြင်ရတယ်၊ အဲ့ဒီမတိုင်ခင်အဖြုတ်ခံရမလားစိုးရိမ်နေရတယ် အဖြုတ်ခံရရင်လည်း တိုင်လို့မရ၊ တိုင်ရင်တောင် တိုင်တဲ့သူကို ဖမ်းခိုင်းလို့ရတယ်၊ အမြဲတမ်းကြောက်နေရတယ်” လို့ စိုင်းပန်က ဆိုပြန်ပါတယ်။

အလားတူ စစ်အာဏာသိမ်းပြီး အစိုးရဝန်ထမ်းကို ရပ်နားပြီး အာဏာဖီဆန်ရေး CDM ပြုလုပ်တဲ့ မခိုင်တစ်ယောက်လည်း ရွှေကုက္ကိုလ်ရောက်ရှိပြီး ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်နေတာ နှစ်နှစ်နီးပါးရှိပါပြီ။

ကျားဖြန့်လုပ်ငန်းဟာ တစ်ပါးသူကို လိမ်ညာရတဲ့လုပ်ငန်းဖြစ်ပေမယ့် မခိုင် ကတော့ ဒီအလုပ်ကို မလွန်ဆန်နိုင်တော့ပဲ နစ်နေရတဲ့အခြေအနေပါ။

ရွှေကုက္ကိုလ်ဟာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖြစ်ခဲ့သော ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့အဖွဲ့နဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ‘ရထိုက်’၊ ဦးပိုင်အုပ်စုတို့က ပူးပေါင်း ဖော်ဆောင်ထားသော မြို့သစ်စီမံကိန်းတစ်ခုဖြစ်ပြီး ကရင်ပြည်ရဲ့ China Town လို့ လူသိများကြပါတယ်။

လျှပ်စစ်မီးကိုတော့ စစ်အာဏာမသိမ်းခင်က ထိုင်းနိုင်ငံဘက်ကနေ ဝယ်ယူပြီး၊ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံက လျှပ်စစ်ကို ဖြတ်တောက်လိုက်သဖြင့် မီးစက်၊ နေရောင်ခြည်စွမ်းအင် (ဆိုလာ) ကိုအသုံးပြီးပြီ လုပ်ငန်း ဆက်လက်လည်ပတ်နေပါတယ်။

ရွှေကုက္ကိုလ်လိုနေရာဟာ လောင်းကစားဝိုင်းတွေ ကျားဖြန့်တွေ ပြည့်နှက်နေပြီး အဲ့ဒီနေရာကို တော်ရုံဝင်၊ထွက်သွားလာရန် ခက်ခဲတဲ့အတွက် မခိုင်ဟာ ဒီနေရာကို မိမိလုံခြုံရေးအတွက် ဝင်ရောက်ခိုလှုံရင်း အလုပ်လုပ်နေရတာလည်း ဖြစ်ပါတယ်။

“အပြင်မှာနေရမှာ စိတ်မချရဘူး၊ CDM ဖြစ်တာကြောင့် မိသားစုကလည်း ကိုယ့်အတွက်နဲ့ အမြဲသောကရောက်နေရတယ်၊ ဒါမယ့်လည်း အိမ်မှာက ကျမတစ်ယောက်ပဲ အားကိုးဖို့ရှိတာလေ၊ နိုင်ငံခြားကိုလည်း ထွက်မှ မထွက်နိုင်တာ၊ အဲ့တော့ ဒီလမ်းကိုပဲ ရွေးခဲ့ရတာပေါ့” မခိုင်က ရွှေကုက္ကိုလ်ရောက်ရှိလာတဲ့အကြောင်းကို ပြောလာပါတယ်။

သူမ အလုပ်လုပ်တဲ့နေရာမှာ လုံခြုံရေးတုတ်ကိုခါးမှာချိတ်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တရုတ်စကားပြော လုံခြုံရေး ၅ ယောက် ရဲ့စောင့်ကြည့်မှုကို ခံနေရတဲ့ အလုပ်လုပ်တဲ့လူငယ် ၃၅၀ကျော်ရှိကြောင်း သိရပါတယ်။

လုပ်ငန်းခွင်မှာလည်း တစ်ဦးကို ကွန်ပျူတာ တစ်လုံး၊ အိုင်ဖုန်း နှစ်လုံး ကနေ ဆယ်လုံးအထိ လိုအပ်သလို သုံးရန်ပေးဆောင်ထားပြီး၊ နောက်ကျောကနေ အမြဲစောင့်ကြည့်ခံရကြောင်း သူမ က ပြောပြပါယ်။

“ နောက်ကအမြဲစောင့်ကြည့်နေတာ အလုပ်နဲ့မဆိုင်တာသုံးမိတာနဲ့ အလုပ်ဖြုတ်ခံရတာပဲ၊ ရင်တထိတ်ထိတ်နဲ့ ရောက်တာကြာလို့ နေသားကျပေမယ့်လည်း ပြဿနာတစ်ခုခုဖြစ်တာမျိုးတို့ဆို ဆွဲထုတ်သွားကြတာ မျက်စိရှေ့တင်” လို့ မခိုင်က လုပ်ငန်းခွင်မှာကြုံရတာကို ပြောဆိုလာပါတယ်။

ကွန်ပျူတာနဲ့အလုပ်လုပ်ကိုင်ရပေမယ့် မိမိလေ့လာလိုတဲ့ အရာကိုလေ့လာခွင့်မရနိုင်ပေ။

အလုပ်ခွင်အတွင်း လုပ်ရသည့်အရာများမှာ We Chat အကောင့်များ၊ Telegram အကောင့်များဖြင့် စာပို့စကားပြောရခြင်းသာဖြစ်သည်။ ဖုန်းမှားခေါ်ခြင်း သို့မဟုတ် မက်ဆေ့ မှားပို့ချင်းဖြင့်စတင်ရသည်။
“အရမ်းကျွမ်းကျင်လာမှာကတော့ ရှိတယ် လိမ်တာလေ၊ လိမ်ရတဲ့ နည်းတွေကတော့ အစုံပဲ သူတို့က ပုံစံချထားပေးပြီးသား၊ အဲ့ဒီထဲကိုရောက်ရင်တော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေလည်း ထုတ်သုံးလို့ မရနိုင်တော့ဘူး၊ သူများကို ဘယ်လို လိမ်ရမလဲဆိုတာပဲတတ်မှာ ”လို့ မခိုင် က စိတ်မကောင်းစွာ ပြောပါတယ်။

မခိုင်လည်း နေအိမ်မှာ ကျန်ရှိတဲ့မိခင်ကို ဖုန်းဆက်တိုင်း ဘုရားတရားမမေ့ဖို့ အမြဲမှာတက်တဲ့စကားကို ရှက်ကြောင်းလည်း ဆိုပြန်ပါတယ်။

“ အမေကတော့ ဘုရား၊တရားမမေ့ဖို့ပြောပေမယ်ံ ကျမလည်း ရှက်မိတယ်။ ဖြစ်နိုင်ရင်တော့ အပြင်မှာပဲ လွတ်လွတ်လပ်လပ် သိက္ခာရှိရှိ အလုပ်လေးတစ်ခုကိုဇောက်ချလုပ်ချင်တယ်၊ ဒါမယ့်လည်း ကိုယ့်ဒုက္ခကိုယ်ပဲသိတာ၊ ဒီကာလကြီးမှာ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနဲ့က ဘယ်လိုမှ ညှိလို့မရတော့ဘူးလေ” လို့ မခိုင်က ပြောလာပါတယ်။

မြန်မာနိုင်ငံတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အများဆုံးလုပ်ကိုင်နေကြသည့်နေရာများသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပို၍ကြီးထွားလာခဲ့သည်။

“ကျနော်တို့ အရွယ်တွေက ဘာအနာဂတ်မှ မမြင်ရဘူး၊ ပိုက်ဆံများများရနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ပဲ ဒီအလုပ်တွေထဲရောက်လာနေကြတာ၊ အိမ်မက်တွေလည်း ပျောက်ကုန်ကြပြီ၊”လို့ တောင်ကြီးသား စိုင်းပန်က ဝမ်းနည်းစွာပြောပါတယ်။

သျှမ်းမြောက်၊ တရုတ်နယ်စပ်မြို့များက ကျားဖြန့်လုပ်ငန်းများကို ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုက်ထုတ်ခဲ့ပြီးနောက် ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ်၊ ဝမ်ခနှင့် KK park ကဲ့သို့ ကျားဖြန့်လုပ်ငန်းများကိုလည်း စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား ထွက်သွားဖို့ ယခင် BGF အဖွဲ့မှ စာထုတ်ခဲ့ပါသေးတယ်။

ဒါ့ပေမယ့် လုပ်ငန်းများကတော့ ဆက်လက်လည်ပတ်နေဆဲဖြစ်သလို တယ်လီဂရမ်ချန်နယ်များတွင်လည်း တရက်လျှင် အလုပ်ခေါ်စာ များစွာတက်နေဆဲပါ။

၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသားများသာမက လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံသားများလည်း လူကုန်ကူးခံရပြီး အလုပ်ခွင်အတွင်း ညှင်းပန်းနှိပ်စက်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ကိစ္စများမှာလည်း ပိုပြီးဆိုးရွားလာပါတယ်။

အပေါ်ယံအားဖြင့်ကြည့်ရင်တော့ ရွှေကုက္ကိုလ်ဟာ ခေတ်မှီလှပပြီး နိုင်ငံခြားသားတွေ (အထူးသဖြင့် တရုတ်လူမျိုးများ) နဲ့ စည်ကားနေတဲ့ မြို့သစ်တစ်ခုဖြစ်ပုံရသော်လည်း နောက်ကွယ်မှာတော့ မြန်မာနိုင်ငံတွင်းက တန်ဖိုးရှိတဲ့ လူငယ်တွေဟာ မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံလာရှာရာနေရာ အနာဂတ် အိမ်မက်တွေကို မြုပ်ထားလိုက်ရတဲ့ နေရာတစ်ခုဖြစ်နေပါသည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...