တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မီးသွေးထုံးဖို

ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

“ဘယ်လိုပြောပြော မရဘူး။ သူတို့ ပြန်ရှို့လာတာ ၅ ရက်လောက်ရှိနေပြီ။ အနံ့ဆိုးတွေ ပြန်ထွက်လာခဲ့တယ်။ တစ်ချို့တွေဆိုရင် အဲ့ အနံ့ကြောင့် ခေါင်းတွေပါ ကိုက်တယ်။ ရွာထဲနေလို့မရဘူး”ဟု လွယ်သထုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၁၆ ရက်တွင် အဆိုပါ ထုံးဖို စက်ရုံကို ယာယီပိတ်သိမ်းသွားရန်အတွက် မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်များက ညွှန်ကြားခဲ့သည်။

ထိုသို့ ညွှန်ကြားထားသော်လည်း ယခု ၂၀၂၃ ခုနှစ် မတ်လမှစ စက်ရုံကို ပြန်လည် အသုံးပြုလာခဲ့ကြောင်း သိရသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

“ ပိတ်ခိုင်းလိုက်တာ မကြာဘူး။ သူတို့ ပြန်လုပ်တယ်။ ပြီးခဲ့တဲ့ မတ်လ လောက်ကလည်း စက်ရုံက ပြန်လည်ပတ်နေတယ်။ ကျနော်တို့ အနံ့တအားဆိုးတယ်လို့ သွားပြောလိုက်တော့ တစ်လလောက် ပြန်ပိတ်သွားတယ်။ အခုတော့ ပြန်လုပ်နေတယ်” ဟု အထက်ပါ လွယ်သထုံကျေးရွာဒေသခံက ပြောသည်။

ထုံးဖိုမှ ထွက်လာသည့် အနံ့သက်ဆိုးသည် လွယ်သထုံအောက်ရွာအထိ အနံ့ရသည့်အတွက်ကြောင့် ဒေသခံများက ခေါင်းကိုက်ဝေဒနာ နှင့် အပြင်သွားလာလို့ မရဖြစ်နေကြောင်း သိရသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

“ ကျမတို့ ရွာနဲ့က တော်တော်ဝေးတယ်။ ဒီထိ အနံ့တွေကရတယ်။ အဲ့စက်ရုံ နဲ့ ကျမတို့ ရွာအထိဆိုရင် ၁ နာရီကျော်လောက်မောင်းရတယ်။ ညဆိုရင်လည်း အိပ်မရဘူး။ တံခါးတွေ ပိတ်ထားရတာ။ နေ့လည်လည်း အပြင်သွားမရဘူး။ တံခါးဖွင့်တာနဲ့ အနံ့က အရမ်းဆိုးတယ်” ဟု လွယ်သထုံအောက်ရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထုံးဖိုမှ ထွက်လာသည့်ဓာတ်ငွေ့ အနံ့ဆိုးများကို ရှုရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ခြင်း၊ ကင်ဆာရောဂါဖြစ်လာနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း စသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...