တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။

တာချီလိတ် ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံ

ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း ခံစားနေရကြောင်း လွယ်သထုံ ကျေးရွာ အုပ်စုနေ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အနံ့က ပြင်းလွန်းတယ်၊ ပလက်စတစ်အမှိုက်တွေ၊ သားရေးကွင်းတွေကို မီးရှို့သလို အနံ့ဆိုးဆိုးတွေ ရတယ်၊ ကျမတို့က ညညဆို အိပ်တောင် မပျော်နိုင်ဘူး၊ လေတိုက်လာရင် ရင်ဘတ်တွေတောင်အောင့်တယ်၊ အသက်ရှု ရလည်း ခက်တယ်” ဟု အသက် ၅၀ ဝန်းကျင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အနံ့ဆိုးထွက်သည့် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် တာဝန်ရှိသူများ၏ စစ်ဆေးမှုကြောင့် လုပ်ငန်းကို ယာယီရပ်နားခိုင်းခဲ့သော်လည်း လက်ရှိတွင်အနံ့ဆိုးများ ပြန်လည် ထွက်လာခြင်း ဖြစ်ကြောင်း လွယ်သထုံ ကျေးရွာက အမျိုးသား တစ်ဦးက ပြောသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

အဆိုပါ အနံ့ဆိုးသည် လွယ်သထုံ ကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ဝိန်းဝရွာ၊ ဖာတီမာကုန်းရွာ နှင့် မိုင်းဟဲကျေး ရွာ အုပ်စုမှ ယမ်းခေါင်ရွာ၊ ပန်စလိရွာ တို့မှ ဒေသခံ ရွာသားများသည် အသက်ရှု ကြပ်ခြင်း၊ ခေါင်းမူး/ကိုက် ဝေဒနာ ခံစားရခြင်းတို့ ကြုံတွေ့နေရကြောင်း မိုင်းဟဲကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

“ကျနော်တို့ ဒီအနံ့ဆိုး ပြန်ရတာ တစ်လနီးပါး ရှိပါပြီ၊ အရင်ကတော့ သိပ်မပြင်းဘူးပေါ့။ ဒီတစ်ပတ်အတွင်းမှာ အနံ့ဆိုးတွေက ပိုဆိုးလာတာ၊ ကလေးတွေဆို ဖျားတောင်ဖျားတယ်။ ရင်ဘတ်တွေအောင့်တယ်။ တချို့ သက်ကြီး ရွယ်အိုတွေဆိုလည်း ချောင်းဆိုးကြတယ်၊” ဟု မိုင်းဟဲကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

ထို့အပြင် ယင်းအနံ့ဆိုးသည် တာချီလိတ်မြို့ပေါ် ရပ်ကွက်များ နှင့် ထိုင်းနိုင်ငံဘက်ခြမ်း အထိပါ သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပေးရန်လည်း ထိုင်းဘက်ခြမ်းက တောင်းဆိုထားသည်။

တာချီလိတ်ဒေသရှိ ပြည်သူများကမူ မြန်မာ အစိုးရ၏ လုပ်ဆောင်ချက် စစ်ဆေး အရေးယူမှုများ ထိရောက်မှု မရှိသည့်အတွက် ထိုင်းဘက်ခြမ်းမှ တာဝန်ရှိသူများ လာရောက်ကူညီ ဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း လည်း ပြောဆိုထားသည်။

ထိုအနံ့ဆိုးများ ရှူရှိုက်မိပါက ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ အသက်ရှူလမ်း ကြောင်း ကြပ်ခြင်း၊ ဦးနှောက်အကြိတ် ဖြစ်လာနိုင်ခြင်းနှင့် ကင်ဆာရောဂါဖြစ်လာနိုင်ခြင်း စတဲ့ ဆိုးကျိုးများရှိနိုင် ကြောင်းလည်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...