၁၄ ရက်ကြာပျောက်ဆုံးသည့် အမျိုးသားတစ်ဦး အလောင်းပြန်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၁၄ ရက်အကြာ ပျောက်ဆုံးသွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၈) ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုအမျိုးသား (ဦးသက်ခိုင်ဦး)သည် ဇန်နဝါရီ ၂၆ ရက် ညအချိန်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားပြီး ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းသာပြန်တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဇန်နဝါရီ ၂၆ ညတုန်းက သူဆိုင်ကယ်သွားပေးမယ်ဆိုပြီးတော့ ထွက်သွားလိုက်တာ။ အဲ့ညကတည်းက ပျောက်သွားတာ။ ပြန်မလာတော့ဘူး။ ဒီနေ့မှ သူ့ရုပ်အလောင်းကို ပြန်တွေ့တာ။ ဆိုင်ကယ်တွေကော ပြန်တွေ့တယ်။ ဘယ်သူကနေ ဒီလိုလုပ်သွားတာလဲတော့ မသိရဘူး” ဟု ဦးသက်ခိုင်ဦးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဦးသက်ခိုင်ဦး (၄၂)နှစ်သည် ကျန်းမာရေးကောင်းမွန်သူတစ်ဦး မဟုတ်ကြောင်းလည်း သိရသည်။

“သူက နိုင်ငံရေးတွေထဲပါဝင်တဲ့သူတော့ မဟုတ်ဘူး။ အေးအေးဆေးဆေးနေထိုင်တတ်တဲ့သူဖြစ်တယ်။ ဒဏ်ရာက ဘယ်လိုရှိလဲတော့ ကောင်းကောင်းမတွေ့ရတော့ဘူး။ ဘာကြောင့် သေသွားလဲတော့ အခုချိန်ထိ မသိရသေဘူး။ ကျန်းမာရေးတော့ မကောင်းဘူး။ သွေးတိုးရှိတဲ့သူလည်းဖြစ်တယ်။ ဦးနှောက်ထဲမှာ သွေးခဲသွားတယ်လို့ သိရတယ် ” ဟု ဦးသက်ခိုင်ဦး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူလုယက်မှုများ၊ ဓားခုတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် ကျားဖြန့်လုပ်ကိုင်သည့် တရားမဝင်  တရုတ်နိုင်ငံသား (၁၂၆) ထပ်ဖမ်းမိ 

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရားမဝင် နိုင်ငံခြားသား ၁၂၆ ဦးကို ဆက်စပ်ပစ္စည်းများ နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  ယမန်နေ့ (ဧပြီ ၇ ရက်) နေ့လည်ပိုင်း တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား...

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

မိုင်းပေါက်မြို့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် အလုပ်သွားလုပ်နေသည့် အသက် (၂၀) ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦး ၃ လကျော်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် မိုင်းပေါက်မြို့တွင် အိမ်ဖော်အလုပ်ကို ၂၀၂၅ခုနစ် သြဂုတ် လမှ စတင်လုပ်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ အလုပ်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...

ကျောက်မဲမြို့နယ်တွင် ရေပြန်ကျ၊ ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်းတွေ့ရှိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်ရွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်း ရေစီးနှင့် မျှောပါလာသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးကို နောင်ကွမ်ရွာနှင့် ကောင်းလန်းရွာကြားတွင် အလောင်းတွေ့ရှိထားကြောင်း...