ကျောက်မဲမြို့နယ်တွင် ရေပြန်ကျ၊ ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်းတွေ့ရှိ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်ရွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်း ရေစီးနှင့် မျှောပါလာသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးကို နောင်ကွမ်ရွာနှင့် ကောင်းလန်းရွာကြားတွင် အလောင်းတွေ့ရှိထားကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။

“ပုံဝိုးဘက်မှာလည်း ရေကြီးတော့ မနေ့က ရေစီးနဲ့ မျှောလာတာ။ ဒီနေ့မှ ရေကျတော့ အလောင်းကို တွေ့တာ။ ဘယ်သူ့ ဆွေမျိုးလဲ မသိဘူး။ နာမည်ဘာလဲဆိုတာ လိုက်ရှာမေးနေကြတုန်း မသိရသေးဘူး။ နောင်ကွမ်ဘက်မှာ အလောင်းပြန်တွေ့ထားကြတာ”ဟု ကျောက်မဲမြို့နယ် ပုံဝိုးဒေသခံ ၎င်းအမျိုးသားက ပြောသည်။

အလားတူ ယနေ့ (ဩဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း ရေပြန်ကျပြီးနောက် နမ့်ဟူးကျေးရွာအကျော်ရှိ ရေမြောင်းတစ်ခုအနီး ဝါးရုံကြားတွင် ကြားညှပ်သေဆုံးနေသည့် နောင်ချိုစစ်ဘေးရှောင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နောင်ပိန်တိုက်နယ် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။

ထိုသေဆုံးသွားသည့် အမျိုးသားသည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် စစ်ဘေးတိမ်းရှောင်ပြီး နောင်ချိုမြို့သို့ နေရပ်ပြန်နေစဉ် ရေစီးထဲ ဆိုင်ကယ်နှင့်အတူ မျှောပါ‌သေဆုံးခဲ့သော အသက်(၅၁) နှစ်အရွယ် ဦးဒီးယား ဆိုသူဖြစ်ကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၆ ရက်)တွင် ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ နောင်ပိန်-ပုံဝိုးလမ်းမကြီးတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ရေစီးနှင့်အတူ မျှောပါသွားသူ နှစ်ဦးအား ဒေသခံများနှင့် လူမှုကူညီရေးအသင်းမှ ဝိုင်းဝန်းကူညီ ရှာဖွေမှုကြောင့် ညတွင်းချင်း အသက်ရှင်လျက် ပြန်လည်ရှာဖွေ‌တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ကျောက်မဲမြို့ပေါ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ လူနေရပ်ကွက်အတွင်းသို့ ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...