Monday, January 26, 2026

မိုင်းပေါက်မြို့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် အလုပ်သွားလုပ်နေသည့် အသက် (၂၀) ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦး ၃ လကျော်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးသည် မိုင်းပေါက်မြို့တွင် အိမ်ဖော်အလုပ်ကို ၂၀၂၅ခုနစ် သြဂုတ် လမှ စတင်လုပ်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ အလုပ်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ် (နိုဝင်ဘာလ ၂၉ ရက်)မှစပြီး အဆက်အသွယ်ပျက်ကာ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း နီးစပ်သည့်အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျမကို အကူအညီတောင်းလို့ အလုပ်ရှာပေးတာ။ သူအလုပ်လုပ်တာ ၃ လလောက် လုပ်တယ်။ ပြီးတော့သူဌေးမက မောင်းထုတ်တာလို့အလုပ်ထွက်ပြီး ပျောက်သွားတာ။ ၃လ ကျော်လောက်ရှိပြီ။ အဆက်သွယ်လည်း မရဘူး။ ပြီးခဲ့တဲ့ ၁၁ လပိုင်းကတည်းက ပျောက်နေတာ။ နှစ်ယောက် ပျောက်သွားတာတစ်ယောက်ကတော့ သူ့ သူငယ်ချင်း”ဟု ၎င်းကပြောသည်။

လက်ရှိ ပျောက်ဆုံးနေသည့် အမျိုးသမီးသည် လားရှိုးမြို့နယ်တွင် နေထိုင်သူ အသက် ၁၉နှစ်အရွယ် နန်းအေယိင်း (နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သည် အသက် (၂၀)အရွယ်ရှိ အင်းအင်း တိုဖြစ်သည်။

၎င်းတို့အလုပ်သွားလုပ်သည့်နေရာသည် “ဝ” အမျိုးသားသွေးစည်းညီညွတ်ရေး တပ်ဖွဲ့ “UWSA” ထိန်းချုပ်သည့် နယ်မြေဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များသည် ကျောင်းမတက်ရခြင်း၊ အလုပ်အကိုင်မရှိခြင်းကြောင့် နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ တာချီလိတ်နှင့် မိုင်းပေါက်မြို့ စသည့်မြို့များသို့ သွားရောက်အလုပ်လုပ်ကြသည်။

ထိုဒေသတွင်းမကြာခဏ လူကုန်ကူးခံရခြင်း၊ အွန်လိုင်းလောင်းကစား(ကျားဖြန့်)စသည့်နေရာသို့ အလိုတူတမျိုး အလိုမတူတမျိုး သွပ်သွင်းခံရသည့် အဖြစ်အပျက်များလည်း ရှိသည်။

လွန်ခဲ့သည့် ၂၀၂၃ခုနစ်တွင်လည်း အသက်မပြည့်သေးသည့် တန့်ယန်းမြို့မှ ကလေးငယ် (၃)ဉီး ကို မိုင်းပေါက်မြို့ထိ မြူဆွယ်ခေါ်ဆောင်သွားသည့် ဖြစ်စဥ်ရှိသကဲ့သို့ မိုင်းပေါက်မြို့ရှိ ဇီကျင့်ကုမ္ပဏီထံ သွားရောက်အလုပ်လုပ်သည့် ဇနီးမောင်နှံအပါအဝင် လူငယ် ၁၁ ဉီးလည်း လိမ်လည်ခံရပြီး အခန်းကျဉ်းထဲ ပိတ်လှောင်ခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...

“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...

ကလောမြို့ လူငယ်တစ်ဦး ၃ ညကြာ အဆက်မသွယ်မရဘဲ ပျောက်ဆုံးနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ကလောမြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးသည် ၃ ည၊ ၄ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်း အချိန်မှစပြီး ကလောမြို့ ရပ်ကွက် (၄) ဘူတာလမ်းရှိ နေအိမ်မှ ထွက်ခွာသွားခဲ့ရာ ယနေ့အချိန်ထိ...

လိမ်လည်ခေါ်ဆောင်ခံရသည့် တန့်ယန်းမြို့မှ ကလေးငယ် ၃ ဦးအနက် တစ်ဦးကို UWSA ထိန်းချုပ်နယ်မြေမှာ ပြန်တွေ့

0
သျှမ်းပြည် တန့်ယန်းမြို့မှ လိမ်လည်ခေါ်ဆောင်ခံရသည့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးအနက် အမျိုးသမီးငယ်တစ်ဦးကို "ဝ" UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့်...

ဟဲဟိုး လူငယ်တစ်ဦး ဘုန်းကြီးများနှင့် ဆွမ်းဆန်စိမ်းအလှူခံထွက်ရင်း ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာနေ အသက် ၂၀ နှစ် ကိုမော်ကြီးသည် ဆွမ်းဆန်စိမ်းအလှူခံထွက်ရင် ပျောက်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု (ဒီဇင်ဘာလ) ၈ ရက်နေ့ ရပ်ရွာဘုန်းကြီးများနှင့် ဆွမ်းဆန်စိမ်း အလှူခံလိုက်ရင်း အဆက်သွယ်မရဘဲ ပျောက်ဆုံးသွားပြီး ယနေ့ ဒီချိန်ထိ ကိုမောင်ကြီး ပြန်မတွေ့သေးကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ...