တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade – 10 တက်ရောက်နေသည့် အသက် (၁၆)နှစ်အရွယ် မောင်အနဂ္ဂရဲထက် သည် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ညနေပိုင်း နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

“မနေ့က (ဒီဇင်ဘာလ ၃၀ ရက်) ဘုရားဖြူ အပေါ်ဂျောက်ထဲ အလောင်း ပြန်တွ့တယ်။ ဆိုင်ကယ် အလုခံရတာလား ဘာလား ဆိုတာကတော့ မပြောတတ်ဘူး။ နာရေး ဖြစ်နေတော့ မ‌ပြောတတ်သေးဘူး” ဟု မိသားစုနှင့် နီးစပ်သူ တဦးက ဆိုသည်။

ရုပ်အလောင်းသာ တွေ့ရပြီး ဆိုင်ကယ် မတွေ့ရသဖြင့် လူသတ်၍ ဆိုင်ကယ် လုယက်မှု ဖြစ်နိုင်သဖြင့် တုန်လှုပ်ရကြောင်း မြို့ခံများက မှတ်ချက်ပြုသည်။

မောင်အနဂ္ဂရဲထက် ၏ နာရေးကို ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၊ သင်္ခါရ သုသာန်၌ ပြုလုပ်မည်ဟု မိသားစုဝင်များက အသိပေးထားသည်။

စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ် ကြီးစိုးရာ တောင်ကြီးမြို့ပေါ်တွင် လက်ရှိ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ခိုးမှု၊ လုယက်မှုများ နေ့စဥ် ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် ၂၀၂၄ သြဂုတ်လ ၂၆ ရက် ကလည်း တောင်ကြီးမြို့မှ PNO ပြည်သူ့စစ် ထိန်းချုပ်ရာ ဟိုပုံးမြို့နယ် အတွင်း ခရီးသွားရာ မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလိုင်းရွာ အနီးတဝိုက်တွင် အမျိုးသား လူငယ် နှစ်ဦး ပျောက်ဆုံးခဲ့ရာ တစ်နှစ်ကျော်ကြာပျောက်ဆုံးခဲ့ရာ ၂၀၂၅ခုနစ် နှစ်နှောင်းပိုင်းတွင် သေဆုံးသည့် ရုပ်အလောင်းကို ပြန်တွေ့ခဲ့သည်။

အဆိုပါ ပျောက်ဆုံးသေဆုံးသွားသည် လူငယ်နှစ်ဦးသည် သိန္နီမြို့ဒေသခံနှင့် ကျောက်မဲမြို့ဒေသခံ အသက် ၂၅ နှစ်ဝန်းကျင်ရှိ စိုင်းတုမ်လိန်ခမ်းနှင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ စိုင်းကျော်မြင့် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...