Thursday, May 2, 2024

ကလောမြို့ လူငယ်တစ်ဦး ၃ ညကြာ အဆက်မသွယ်မရဘဲ ပျောက်ဆုံးနေ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ကလောမြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးသည် ၃ ည၊ ၄ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်း အချိန်မှစပြီး ကလောမြို့ ရပ်ကွက် (၄) ဘူတာလမ်းရှိ နေအိမ်မှ ထွက်ခွာသွားခဲ့ရာ ယနေ့အချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း ၎င်း၏ ညီမဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အစ်ကိုကလေ နည်းနည်းတော့ စိတ်ကြောင်တတ်တာ ဖြစ်တယ်။ ဒါပေမယ့် အရင်ကလည်း အိမ်ပြန်မအိပ်တာ ဘာညာတော့ မရှိဘူး။ အဲ့ဒီညနေက ထွက်သွားပြီးကတည်းက ပြန်မလာတော့ဘူး။ အခုချိန်ထိ ဘာသတင်းမှ မရဘူး “ ဟု ၎င်း ညီမဖြစ်သူက ဆိုသည်။

အဆိုပါ ပျောက်ဆုံးသွားသူသည် အသက် ၂၇ နှစ်အရွယ် “မောင်ထက်ဇော်ကို”  ဟု နာမည်ရှိပြီး ၎င်းနှင့်နီးစပ်သည့် အသိမိတ်ဆွေများထံနှင့် အမြဲတမ်း သွားလာနေကျ နေရာများတွင် မိသားစုဝင်များက သွားရောက်ရှာဖွေ မေးမြန်းခဲ့သော်လည်း မတွေ့ခဲ့ပေ။

ထို့အပြင် ခေတ်ကာလ အခြေအနေ မကောင်းသည့်အချိန်၌ ရုတ်တရက် ပျောက်ဆုံးသွားပြီး အဆက်အသွယ် ဖြစ်ကာမှ မိသားစုများက စိတ်ပူနေကြောင်း ၎င်း၏ ညီမဖြစ်သူက ထပ်လောင်းပြောသည်။

“အခုခေတ်ကာလက မကောင်းပါဘူးဆိုနေ ပျောက်သွားတာ ၃ ည၊ ၄ ရက်ရှိပြီ။ အဆက်သွယ်လည်း မရဘူးဖြစ် နေတော့ အဖေ၊ အမေတို့က စိတ်ပူနေတယ် “ ဟု ၎င်းက ဆက်ပြောသည်။

အလားတူ မေလ ၂၇ ရက်တွင် အောင်ပန်းမြို့အတွင်း နေထိုင်သည့် လူငယ်တစ်ဦးသည်လည်း နေအိမ်ပျောက်ဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦး ခေါ်ဆောင်ခြင်းခံရကာ မိသားစုဝင်များက အဆင့်ဆင့် လိုက်လံရှာဖွေခဲ့ရာမှ ပြန်လည်တွေ့ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article