လိမ်လည်ခေါ်ဆောင်ခံရသည့် တန့်ယန်းမြို့မှ ကလေးငယ် ၃ ဦးအနက် တစ်ဦးကို UWSA ထိန်းချုပ်နယ်မြေမှာ ပြန်တွေ့

သျှမ်းပြည် တန့်ယန်းမြို့မှ လိမ်လည်ခေါ်ဆောင်ခံရသည့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးအနက် အမျိုးသမီးငယ်တစ်ဦးကို “ဝ” UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဝ” ဒေသမိုင်းပေါက်မြို့

ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့် အသက် ၁၃ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် မက်မန်းသီး သွားဝယ်မည်ဟုဆိုပြီး နေအိမ်မှ ထွက်သွားခဲ့၍ ၎င်း၏ သူငယ်ချင်း ၃ ဦးနှင့်အတူ UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ရှိ တရုတ်အိမ်ဈေးဆိုင်စောင့်အဖြစ် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းပေါက်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်သူ အသက်မပြည့်သေးသည့် အမျိုးသမီး ၃ ဦးအနက် အမျိုးသမီးငယ်တစ်ဦးကို မေလ ၂၀ ရက်နေ့က မိုင်းပေါက်မြို့တွင် ပြန်လည်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ကို အကူညီတောင်းခံကာ ၎င်း၏ မိခင်ကိုယ်တိုင်မှ ပြန်လည်ခေါ်ထုတ်ခဲ့သည်။

“သူတို့ကို မိုင်းပေါက်မြို့မှာ ပြန်တွေ့တာ။ သူတို့ အချင်းချင်းခေါ်ပြီးသွားကြတာ။ ပြီးတော့ ဟိုဟိုဒီဒီ ရောက်နေတယ်ဆိုပြီး ညာတယ်။ မိုင်းပေါက်က ဆွေမျိုးက သူတို့ကို တွေ့လို့ အကြောင်းကြားလာတာ။ မိုင်းပေါက်က ရဲကိုအကြောင်းကြားပြီး သွားခေါ်လာခဲ့တာ။ ကျမတို့ရဲ့ တူမလေးကိုပဲ ခေါ်လာခဲ့တာ။ ကျန်တဲ့ သူငယ်ချင်းတွေတော့ လုံးဝကို ပြန်မလိုက်လာတော့ဘူး “ ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးကို တန့်ယန်းမြို့မှ မိုင်းပေါက်မြို့သို့ သွားရန် အတွက်လည်း အသက် ၂၀ နှစ်ဝန်းကျင် အေးဝမ်း (ခ) အေးဟွမ် ဆိုသူက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျမရဲ့ တူမလေးက အခု ကျောင်းနေတုန်း သူတို့ကလာခေါ်ပြီး သူကလိုက်သွားတာ။ မြူဆွယ်ပြီး ခေါ်သွားတာပေါ့။ အစကတော့ ဆိုင်စောင့်ခိုင်းမယ်။ နောက်ပိုင်းတော့ ဘယ်သိမှာလဲ တွေးရရင် စိုးရိမ်စရာ၊ ကြောက်စရာကြီးပဲ။ ခေါ်သွားတဲ့သူက အနှိပ်အနှယ်ခန်းမှာ လုပ်ဖူးတဲ့သူလေ။ မိဘတွေကလည်း ကလေးတွေကို ဒီအတိုင်း ပေါ့ပေါ့ဆဆမထားဖို့ လိုတယ်။ သူတို့ ပေါင်းတဲ့သူငယ်ချင်းတွေလည်း ကိုယ်တွေလိုက်ကြည့်ရမယ်။ အခုခေတ်က အရမ်းကိုဆိုးနေပြီ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ လူငယ်များသည် ကျောင်းမတက်ရခြင်း၊ အလုပ်အကိုင် မရှိခြင်းကြောင့် အချို့မှာ နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မိုင်းပေါက် နှင့် မြို့ပြကြီးသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ကြသည်။

အလားတူ မိုင်းပေါက်မြို့ရှိ ဇီကျင့်ကုမ္ပဏီထံ သွားရောက်အလုပ်လုပ်ကိုင်သူ ဇနီးမောင်နှံအပါအဝင် လူငယ် ၁၁ ဦးလည်း လိမ်လည်ခံရပြီး မတ် ၅ ရက်မှစပြီး တိုက်ခန်းပေါ်မှ အခန်းကျဉ်းထဲတွင် ပိတ်လှောင်ခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...