တာချီလိတ်မြို့နယ်တွင် လက်နက်နှင့် မူးယစ်ဆေးထုတ်ရာတွင် အသုံပြုသည့် ပစ္စည်းများဖမ်းရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ယန်းခေါင်းကျေးရွာအနီး တာချီလိတ်- မိုင်းဆတ် သွားကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး နှင့် လက်နက်၊ ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ မနက် ၆ နာရီအချိန်တွင် တာချီလိတ်-မိုင်းဆတ်သွားလမ်းကားကို စစ်ဆေးရာတွင် အိုက်အဲ နှင့် အိုက်ပင်း မောင်းလာသည့် ကား REVO ကိုစစ်ဆေးရာတွင် တွေ့ရှိကြောင်း သိရသည်။

ထိုကားကို စစ်ဆေးရာတွင် BERETTA အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆၈ တောင့်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆေးအဖြူရောင်အမှုန့် ၈၉ ကီလို၊ အနီရောင်အမှုန့် ၁၀ ကီလို၊ အဖြူရောင်ပေါင်ဒါအမှုန့် ၂၅ ကီလို၊ အနံ့ထည့်ဆေးရည် ၃၀ လီတာ၊ တို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

အိုက်အဲသည် အသက် (၂၆) နှစ်ရှိပြီး အိုက်ပင်း (၂၂) ရှိကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို သယ်ဆောင်လာသည့် သူ ၂ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် ကျားဖြန့်လုပ်ကိုင်သည့် တရားမဝင်  တရုတ်နိုင်ငံသား (၁၂၆) ထပ်ဖမ်းမိ 

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရားမဝင် နိုင်ငံခြားသား ၁၂၆ ဦးကို ဆက်စပ်ပစ္စည်းများ နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  ယမန်နေ့ (ဧပြီ ၇ ရက်) နေ့လည်ပိုင်း တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား...

မူးယစ်ဆေးပြား၅ သန်းခန့် ချင်းရိုင်တွင် ဖမ်းမိ၊ သယ်ဆောင်သူများ ထွက်ပြေးနေ

0
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံ (Mae Fha Laung) မြို့နယ် အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများအား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ် ၂၄ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုသည် ချင်းရိုင်ခရိုင်၊ မယ်ဖာ့လောင်...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

အီးစီးကရက် တင်သွင်းရောင်းဝယ် သုံးစွဲခွင့်ပိတ်သော်လည်း အွန်လိုင်းပေါ် ရောင်းဝယ်မှုရှိနေဆဲ

0
သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ် သုံးစွဲခွင့် ပိတ်လိုက် သော်လည်း အွန်လိုင်းပေါ်တွင် ဆက်လက်ရောင်းဝယ်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အီးစီးကရက်၊ ရှီရှား နှင့် ဆက်စပ်ပစ္စည်းတွေကို တားမြစ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ရောင်းဝယ် သုံးစွဲခြင်းပြုလုပ်လျှင် အရေးယူခံမည် ဖြစ်ကြောင်းကို...

ထိုင်းနိုင်ငံ မယ်အိုင်းမြို့နယ်တွင် စိတ်ကြွဆေးပြား၂.၅ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ထိုင်းတပ်မတော် ဒေသ ၃ လက်အောက်ခံ တပ်ဖွဲ့များက စိတ်ကြွးဆေးပြား ခန့်မှန်းအားဖြင့် ၂.၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃...