Thursday, April 25, 2024

တာချီလိတ်မြို့နယ်တွင် လက်နက်နှင့် မူးယစ်ဆေးထုတ်ရာတွင် အသုံပြုသည့် ပစ္စည်းများဖမ်းရ

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ယန်းခေါင်းကျေးရွာအနီး တာချီလိတ်- မိုင်းဆတ် သွားကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး နှင့် လက်နက်၊ ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ မနက် ၆ နာရီအချိန်တွင် တာချီလိတ်-မိုင်းဆတ်သွားလမ်းကားကို စစ်ဆေးရာတွင် အိုက်အဲ နှင့် အိုက်ပင်း မောင်းလာသည့် ကား REVO ကိုစစ်ဆေးရာတွင် တွေ့ရှိကြောင်း သိရသည်။

ထိုကားကို စစ်ဆေးရာတွင် BERETTA အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆၈ တောင့်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆေးအဖြူရောင်အမှုန့် ၈၉ ကီလို၊ အနီရောင်အမှုန့် ၁၀ ကီလို၊ အဖြူရောင်ပေါင်ဒါအမှုန့် ၂၅ ကီလို၊ အနံ့ထည့်ဆေးရည် ၃၀ လီတာ၊ တို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

အိုက်အဲသည် အသက် (၂၆) နှစ်ရှိပြီး အိုက်ပင်း (၂၂) ရှိကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို သယ်ဆောင်လာသည့် သူ ၂ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article