Tuesday, January 27, 2026

တာချီလိတ်မြို့နယ် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ အမြန်ပြန်ပေးရန် တောင်းဆို

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် (ပေါက်ဆေခမ်း) ကျေးရွာတွင် သိမ်းဆည်းခံထားသည့် မြေယာများ ပြန်ပေးရန် လယ်သမားများက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

Photo by တာချီလိတ်မြို့နယ် ဟောင်လိတ် ဒေသခံ/သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ

မြန်မာ့တပ်မတော် မှ လွန်ခဲ့သည့် ၁၉၉၈-၁၉၉၉ ခုနစ်တွင် တာချီလိတ်မြို့ စက်မှုဇုံ ပြုလုပ်ရန် အတွက် ဟောင်လိတ် ကျေးရွာ ရှိ လယ်ယာမြေ ဧက ၆၀၀ကျော် သိမ်းဆည်ခဲ့ရာ လက်ရှိ အချိန်ထိ စက်မှုဇုံ မပြုလုပ်သေးသဖြင့် သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည် ပေးရန် ဒေသခံများ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဟောင်လိတ် ကျေးရွာ မှ ဒေသခံများ က ပြောဆိုလိုက်သည်။

သိမ်းဆည်းထားပြီး အသုံးပြု မှု မရှိသည့် လယ်ယာမြေ များကို ဒေသခံများထံ ပြန်လည် ပေးအပ်မည် ဟု လွန်ခဲ့သည့် ၂၀၁၈ ခုနစ် သျှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကလည်း လယ်သမားများကို ဂတိပေးဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ ဒေသခံများ လယ်ယာမြေ ပြန်မရသေးပေ။

“ ကျနော်တို့ကို ဧက ၃၀၀ကျော် ပြန်ပေးမယ်။ နောက် နစ်နာကြေးလည်း ပေးမယ်လို့ပြောခဲ့တယ်။ နောက် ဧက ၁၀၀ကျော်ကို ဟုန်ပန်းကုမ္ပဏီကို ရောင်းဖို့ပြောတယ်။ ကျနော်တို့ လက်မခံဘူး။ တချု့ိလယ်ကတော့ မြေဖို့ထားတာတွေရှိတယ်” ဟု ပေါက်ဆေခမ်း ကျေးရွာ မှ စိုင်းမွန်းဆိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by တာချီလိတ်မြို့နယ် ဟောင်လိတ် ဒေသခံ/သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ

လက်ရှိမှာ ဟုန်ပန်းကုမ္ပဏီ ကို ရောင်းပေးရန် ဧက ၁၀၀ကျော်နှင့် ပတ်သက်ပြီး ဒေသခံ လယ်သမားများ သဘောမတူညီကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် လယ်ယာမြေ ကိစ္စ အမြန်ဖြေရှင်းပေး စေချင်ကြောင်းလည်း စိုင်းမွန်းဆိုင် က ပြောသည်။

“ အခုထိ လျော်ကြေးငွေ ဘာမှ မပြောသေးဘူး။ သက်ဆိုင်ရာ ကလည်း ဘာမှ မပြောသေးဘူး။ ငြိမ်နေတယ်။ကျနော်တို့ ကတော့ ရှင်းရှင်းလင်းလင်းသိချင်တယ်” ဟု စိုင်းမွန်းဆိုင် ကဆိုသည်။

ဒေသခံ လယ်သမားများအနေဖြင့် ၂၀၁၂ ခုနစ် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ကတည်းမှ တောင်းဆိုခဲ့ကြပြီး လက်ရှိ အစိုးရ သစ်လက်ထက်တွင်လည်း ဆက်လက်တောင်းဆိုခဲ့ရာ ထူးခြားလာခြင်းမရှိကြောင်း ပေါက်ဆေခမ်း ကျေးရွာ မှ စိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အရင် က တောင်းလို့ မရတော့ ကျနော်တို့ ၂၀၁၂ ခုနစ်က စပြီး ဆက်တိုက်တောင်းလာတယ်။ သျှမ်းပြည် ဝန်ကြီးကလည်း ပေးမယ်လို့ပြောပြီး အခု ထိဘာမှ မထူးဘူး။ ကျနော်တို့ ပြည်နယ် ဝန်ကြီးကို စာ မယ်။ အခု ကျေးရွာ ဥက္ကဌလည်း ဘာမှမပြောဘူး။ ပြည်သူတွေကတော့မျှော်နေရတယ်” ဟု စိုင်းလုံ က ဆိုသည်။

တာချီလိတ်မြို့နယ် ပေါက်ဆေခမ်း ကျေးရွာ လယ်ယာမြေ ဧက ၃၀၀ကျော် ကို ဒေသခံ ပြည်သူများ ထံ ပြန်လည် ပေးအပ်ပြီး၊ တချို့ လယ်ယာမြေ များကို အစိုးရ က သိမ်းဆည်းကာ လျော်ကြေးငွေများ နစ်နာကြေး ငွေများ ပေးသွားမည်ဟု ပေါက်ဆေခမ်း ကျေးရွာ ဥက္ကဌ စိုင်းကျုံးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by တာချီလိတ်မြို့နယ် ဟောင်လိတ် ဒေသခံ/သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ

“ ဧက ၃၀၀ ပြန်ပေးမယ်။ နောက် ကျန်တဲ့လယ်ယာမြေတွေကို တဧက ၁၅၀ တသိန်းနဲ့ လျော်ကြေးပေးမယ်။ ဒါပေမယ့် ဒေသခံတွေက တဧက ကို ထိုင်းဘတ် ၂သန်း( မြန်မာငွေ သိန်းတထောင်) လိုချင်တယ်” ဟု စိုင်းကျုံးက ဆိုသည်။

ဆုံးရှုံးနစ်နာသွားသည့် လယ်ယာမြေများ အတွက် အစိုးရ၊ ဟိုပန်း ကုမ္ပဏီ နှင့် လယ်သမားများတွေ့ဆုံကာ နစ်နာလျော်ကြေး ပေးဆောင်သွားမည် ဟုလည်း သိရသည်။

လက်ရှိအခြေအနေတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေများကို အစိုးရ အနေဖြင့် အမြန်ဆုံး လာရောက် ဖြေရှင်းပေးရန် လယ်သမားများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

0
သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “ဘယ်လိုပြောပြော မရဘူး။ သူတို့...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...

၁၄ ရက်ကြာပျောက်ဆုံးသည့် အမျိုးသားတစ်ဦး အလောင်းပြန်တွေ့

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၁၄ ရက်အကြာ ပျောက်ဆုံးသွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၈) ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုအမျိုးသား (ဦးသက်ခိုင်ဦး)သည် ဇန်နဝါရီ ၂၆ ရက် ညအချိန်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားပြီး ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းသာပြန်တွေ့ရှိခဲ့ရကြောင်း...