Tuesday, January 27, 2026

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရသည့် အမျိုးသား

ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး တို့က လယ်တဲ တစ်ခုအတွင်း အရက်အတူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တူမီးသေနတ် နဲ့ အချင်းချင်း ပစ်ကြတာ၊ လူမှုကူညီရေးအသင်းတွေရောက်လာတဲ့ အချိန်မှာတော့ သူတို့ နှစ်ဦးရဲ့ လက်ထဲမှာ ဓားတွေ၊ သေနတ်တွေ မရှိတော့ဘူး။ တစ်ယောက်က တူမီးသေနတ် နဲ့ ပစ်ပြီး၊ တစ်ယောက်က ဓားနဲ့ လိုက်ခုတ်လိုက်တာတဲ့၊ နှစ်ယောက်စလုံးက ဒဏ်ရာပြင်းထန်တယ်” ဟု နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တူမီးသေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသားလူငယ်သည် ဘယ်ဘက် ရင်အုံတွင် ထိမှန်သွားပြီး ၊ ဓားဖြင့် ခုတ်ခံရသည့် အမျိုးသားလူငယ်က ပါးတစ်ဖက် နှင့် ခါးနေရာတို့တွင် ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

အဆိုပါ အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည့် အမျိုးသားလူငယ် နှစ်ဦးအနက် တူမီးသေနတ်ဖြင့် ပစ်သူသည် ပန်ဟက်ကျေးရွာနေ စိုင်းလုံ အသက် ၂၆ နှစ်၊ ဓားဖြင့်ခုတ်သူ သီရီငေါကျေးရွာနေ စိုင်းဦးခွန်း အသက် ၂၃ နှစ် ဖြစ်ကြကြောင်းလည်း သိရသည်။

“အခုမှာတော့ နှစ်ယောက်စလုံးကို ဆေးရုံပို့ပြီး ကုသထားတယ်၊ မနေ့က ဆေးရုံရောက်တဲ့ အချိန် သွေးလေးလုံးသွင်းရတယ်လို့ ပြောတယ်၊ ဒီနေ့တော့ အခြေအနေ မသိရသေးဘူး၊ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်” ဟု အထက်ပါ နီးစပ်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင်လည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ စားသောက်ဆိုင် @16 တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် လုပ်ရပ်များ၊ လောင်းကစားဝိုင်းများ နှင့် ခုတ်သတ် ပစ်ခတ်မှုများလည်း ပိုမိုများပြားလာပြီး ဒေသခံများ လုံခြုံရေးအတွက် ကင်းမဲ့နေကြောင်းလည်း ဒေသခံများက ပြောဆိုညဥ်းတွားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...