အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရသည့် အမျိုးသား

ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး တို့က လယ်တဲ တစ်ခုအတွင်း အရက်အတူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တူမီးသေနတ် နဲ့ အချင်းချင်း ပစ်ကြတာ၊ လူမှုကူညီရေးအသင်းတွေရောက်လာတဲ့ အချိန်မှာတော့ သူတို့ နှစ်ဦးရဲ့ လက်ထဲမှာ ဓားတွေ၊ သေနတ်တွေ မရှိတော့ဘူး။ တစ်ယောက်က တူမီးသေနတ် နဲ့ ပစ်ပြီး၊ တစ်ယောက်က ဓားနဲ့ လိုက်ခုတ်လိုက်တာတဲ့၊ နှစ်ယောက်စလုံးက ဒဏ်ရာပြင်းထန်တယ်” ဟု နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တူမီးသေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသားလူငယ်သည် ဘယ်ဘက် ရင်အုံတွင် ထိမှန်သွားပြီး ၊ ဓားဖြင့် ခုတ်ခံရသည့် အမျိုးသားလူငယ်က ပါးတစ်ဖက် နှင့် ခါးနေရာတို့တွင် ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

အဆိုပါ အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည့် အမျိုးသားလူငယ် နှစ်ဦးအနက် တူမီးသေနတ်ဖြင့် ပစ်သူသည် ပန်ဟက်ကျေးရွာနေ စိုင်းလုံ အသက် ၂၆ နှစ်၊ ဓားဖြင့်ခုတ်သူ သီရီငေါကျေးရွာနေ စိုင်းဦးခွန်း အသက် ၂၃ နှစ် ဖြစ်ကြကြောင်းလည်း သိရသည်။

“အခုမှာတော့ နှစ်ယောက်စလုံးကို ဆေးရုံပို့ပြီး ကုသထားတယ်၊ မနေ့က ဆေးရုံရောက်တဲ့ အချိန် သွေးလေးလုံးသွင်းရတယ်လို့ ပြောတယ်၊ ဒီနေ့တော့ အခြေအနေ မသိရသေးဘူး၊ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်” ဟု အထက်ပါ နီးစပ်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင်လည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ စားသောက်ဆိုင် @16 တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် လုပ်ရပ်များ၊ လောင်းကစားဝိုင်းများ နှင့် ခုတ်သတ် ပစ်ခတ်မှုများလည်း ပိုမိုများပြားလာပြီး ဒေသခံများ လုံခြုံရေးအတွက် ကင်းမဲ့နေကြောင်းလည်း ဒေသခံများက ပြောဆိုညဥ်းတွားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...