မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းနေသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၅၇ ဦး စုစုပေါင်း (၅၉) ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့(ဇွန်လ ၂၃ ရက်)တွင် သတင်းထုတ်ပြန်သည်။

“မနေ့က ဝင်ဖမ်းတာ တော်ရွက်ရပ်ကွက်မှာ အဲ့တာတရုတ်တွေလည်းပါသွားတယ်။ သံသယရှိလို့ သတင်းရလို့ ဝင်တာနေမယ် ” ဟု မူဆယ်မြို့ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအွန်လိုင်း လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူနှင့် အတူ သက်သေခံပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၂၀၀ လုံး၊ All In One ကွန်ပျူတာ ၁၀ လုံး၊ Laptop ၅ လုံး၊ ဆိုင်ကယ် ၁၀ စီးတို့ကို သိမ်းဆည်း ရမိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် (မေလ ၂၈ ရက်)တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တလုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းနေသည့် တရုတ်နိုင်ငံသား ၅ ဦး နှင့် မြန်မာနိုင်ငံသား ၂၃ ဦး စုစုပေါင်း (၂၈) ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...