Tuesday, January 27, 2026

တာချီလိတ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးချက်တဲများဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး ချက်တဲများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့့် ပစ္စည်း များ သိမ်းဆည်း ကြောင်း သတင်းရရှိသည်။

Credit to – cincds.gov.mm – ဖမ်းဆီးရမိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ

အောက်တိုဘာ ၁၃ ရက်နေ့က တာချီလိတ်မြို့နယ် ဟာလဘ ကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာကို တွေ့ရှိပြီး၊ ဝင်ရောက်စစ်ဆေးစဉ် စိတ်ကြွဆေးပြား ၂၀၀၀ ပြား ၊ ကဖင်းအမှုန့် ၅၉ ၅ ကီလိုဂရမ် (ကာလ ပေါက်စျေး သိန်း ၅၀၀ကျော်) တို့ ကို တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကထုတ်ပြန်ထားသည်။

ထို့ပြင်မူးယစ်ဆေးဝါး ထုတ်လုုပ်ရာတွင် အသုံးပြုသည့် မော်ကားအရည် ၁ ကီလိုဂရမ် ၅ပုံး၊ ဟုန်မေ အဖြူရောင် အမှုန် ၂၀ ကီလိုဂရမ်ခန့် ၂ အိတ်၊ ဆေးပြား အခြောက်ခံစတီဗန်း ၃ခု၊ မီးစက်အေသး ၃ လုံး၊ လေမော်တာ ၂ ခု၊ Gas မီးဖို ၁၅၊ Gas အိုး ၂၂လုံး၊ ၉၉၉/ကြယ်ငါးလုံး ၂၉ လုံး နှင့် ကမ္ဘာလုံး နှင့် ခြင်္သေ့ ပုံ ပါ တံဆိပ်တုံး ၂ခု တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိကြောင်း အောက်တိုဘာ ၁၅ရက်စွဲဖြင့် တပ်မတော် ကာကွယ်ရေး သတင်းက ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်း ရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ စုသို့ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

0
သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “ဘယ်လိုပြောပြော မရဘူး။ သူတို့...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...