မယ်ဆိုင်မှ ချင်းမိုင်သို့အသွား အရေးပေါ် လူနာတင်ကားတွင် စိတ်ကြွဆေးပြား ၆ သိန်း နီးပါး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်   လူနာတင်ယာဉ် တစီး ပေါ်၌ စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိကြောင်း ချင်းမိုင် သတင်းအရ သိရသည်။

Photo by Chiang Mai News -မယ်ဆိုင် မှ ချင်းမိုင်သို့ စိတ်ကြွဆေးသယ်ဆောင်လာမှုနှင့်ဆက်စပ်ပြီးဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦး

အဆိုပါ လူနာတင်ယာဉ်သည် စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့မှ လာသည့် ကားဖြစ်ကြောင်း၊ ထိုအရေးပေါ် လူနာတင်ယာဉ်ပေါ်တွင် အသက် ၂၃ နှစ် အရွယ် နှင့် အသက် ၁၇ နှစ် အရွယ် အမျိုးသား ၂ ဦး လိုက်ပါလာကြောင်းသိရသည်။

အဆိုပါလူနာတင်ကားမှာ အရှိန်မြင့်မောင်းနှင်သဖြင့် ထိုင်းရဲမှ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကား မောင်းပြေးလေရာ စက်တင်ဘာ ၃၀ ရက် မနက် ၈ နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းဌာန ဖော်ပြချက် အရ သိရသည်။

လူနာတင်ယာဉ်ပေါ် မှလူငယ် ၂ ဦး ဖမ်းဆီးရမိပြီးနောက် ဆက်လက်စုံစမ်းရတွင် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့် အမျိုးသား ၂ ဦးကိုပါ  ထပ်မံ ဖမ်းဆီးရကြောင်းသိရသည်။

Photo by Chiang Mai News- စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိသည့်လူနာတင်ယာဉ်

မယ်ဆိုင် မှ ချင်းမိုင်သို့ စိတ်ကြွဆေးသယ်ဆောင်လာမှုနှင့်ဆက်စပ်ပြီးဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၇ နှစ် အရွယ် လူငယ် ၁ ဦးကို လက်ရှိ တွင် ဆထန်ဖိနစ် လူငယ် ပြုပြင်ရေးဂေဟာသို့ ပို့ဆောင်ထားသည်ဟုလည်း ချင်းမိုင် ရဲတပ်ဖွဲ့ မှ ပြောသည်။

ထို ကားကို မယ်ဆိုင်မြို့ ဘုန်းကြီး တပါး မှ လှူဒါန်းထားသည်ဟူသည့် ဖောင်ဒေးရှင်းတံဆိပ် ကို ကပ်ထားပြီး၊ အဆိုပါဖောင်ဒေးရှင်းမှာ မယ်ဆိုင်တွင် လူမှုကူညီရေး လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာသည့် အသင်းဖွဲ့ဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...