Thursday, April 25, 2024

မယ်ဆိုင်မှ ချင်းမိုင်သို့အသွား အရေးပေါ် လူနာတင်ကားတွင် စိတ်ကြွဆေးပြား ၆ သိန်း နီးပါး ဖမ်းဆီးရမိ

Must read

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်   လူနာတင်ယာဉ် တစီး ပေါ်၌ စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိကြောင်း ချင်းမိုင် သတင်းအရ သိရသည်။

Photo by Chiang Mai News -မယ်ဆိုင် မှ ချင်းမိုင်သို့ စိတ်ကြွဆေးသယ်ဆောင်လာမှုနှင့်ဆက်စပ်ပြီးဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦး

အဆိုပါ လူနာတင်ယာဉ်သည် စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့မှ လာသည့် ကားဖြစ်ကြောင်း၊ ထိုအရေးပေါ် လူနာတင်ယာဉ်ပေါ်တွင် အသက် ၂၃ နှစ် အရွယ် နှင့် အသက် ၁၇ နှစ် အရွယ် အမျိုးသား ၂ ဦး လိုက်ပါလာကြောင်းသိရသည်။

အဆိုပါလူနာတင်ကားမှာ အရှိန်မြင့်မောင်းနှင်သဖြင့် ထိုင်းရဲမှ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကား မောင်းပြေးလေရာ စက်တင်ဘာ ၃၀ ရက် မနက် ၈ နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းဌာန ဖော်ပြချက် အရ သိရသည်။

လူနာတင်ယာဉ်ပေါ် မှလူငယ် ၂ ဦး ဖမ်းဆီးရမိပြီးနောက် ဆက်လက်စုံစမ်းရတွင် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့် အမျိုးသား ၂ ဦးကိုပါ  ထပ်မံ ဖမ်းဆီးရကြောင်းသိရသည်။

Photo by Chiang Mai News- စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိသည့်လူနာတင်ယာဉ်

မယ်ဆိုင် မှ ချင်းမိုင်သို့ စိတ်ကြွဆေးသယ်ဆောင်လာမှုနှင့်ဆက်စပ်ပြီးဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၇ နှစ် အရွယ် လူငယ် ၁ ဦးကို လက်ရှိ တွင် ဆထန်ဖိနစ် လူငယ် ပြုပြင်ရေးဂေဟာသို့ ပို့ဆောင်ထားသည်ဟုလည်း ချင်းမိုင် ရဲတပ်ဖွဲ့ မှ ပြောသည်။

ထို ကားကို မယ်ဆိုင်မြို့ ဘုန်းကြီး တပါး မှ လှူဒါန်းထားသည်ဟူသည့် ဖောင်ဒေးရှင်းတံဆိပ် ကို ကပ်ထားပြီး၊ အဆိုပါဖောင်ဒေးရှင်းမှာ မယ်ဆိုင်တွင် လူမှုကူညီရေး လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာသည့် အသင်းဖွဲ့ဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article