အခြေခံပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ရ

ယခုနှစ် ၂၀၂၄ ဇွန်လသည် ကျောင်းစတင်ဖွင့်သည့်ရက်ဖြစ်ကာ အခြေခံ ပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ဆောင်နေရကြောင်း မိဘများက ပြောသည်။

မြန်မာတဝှမ်းတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ တွင် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။

ထို့နောက် ယမန်နေ့ (ဇွန် ၃)ရက် တွင် ကျောင်းစတက်ရသည့်ရက်ဖြစ်ပြီး အခြေခံပညာကျောင်းသို့ ကလေးများကို ပို့ဆောင်သည့် မိဘများသည် စိုးရိမ်စိတ်ဖြင့်ပို့နေရကြောင်း တောင်ကြီးမြို့နေ မူလတန်းကျောင်းတက်နေသည့် မိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျမတို့က ကိုယ်ပိုင်ကျောင်းကိုမပို့နိုင်ဘူးလေ။ ဒါပေမယ့် အခြေခံပညာကျောင်းပို့တော့လည်း စိုးရိမ်တာပေါ့။ ကလေးတွေက ပညာမသင်ရတာကြာတော့ သူတို့အတွက်လည်းစိုးရိမ်တာပေါ့။ ကြောက်ကြောက်နဲ့ပို့ရတာ” ဟု တောင်ကြီးမြို့နေ မိဘတစ်ဦးက ဆိုသည်။

ထို့ပြင် ကလေးများ ပညာရေးအတွက် အစိုးရကျောင်းများထက် ကိုယ်ပိုင်ကျောင်းများကို ပိုပြီး ဦးစားပေးစဉ်းစားပေး လာသော ကျောင်းသားမိဘများလည်းရှိကြောင်းစုံစမ်းသိရသည် ။

“ကျနော်တို့နေတဲ့ မြို့ဘက်တော့ ဒီနှစ် အခြေခံ လူတန်းစားတွေက အစ ကိုယ်ပိုင်ကျောင်းအပ်ကြတယ်။ ကိုဗစ်ကြောင့်ရယ် ၊ နိုင်ငံရေး တွေကြောင့် ခု ကလေးတွေကအသက်တွေကြီးကုန်ပြီ။ မိဘတွေလည်း သူတို့ ကလေး ပညာရေးအတွက် စိုးရိမ်တာပေါ့ ပိုအဆင်ပြေမယ် မျှော်လင့်ချက်နဲ့ မရှိ ရှိတဲ့ ကြားက ထားကြတာ”ဟု ကိုယ်ပိုင်ကျောင်းအပ်သည့် နမ့်စန်မြို့မှ ကလေး မိခင်တစ်ဦးက ဆိုသည် ။

စီးပွားရေးကြပ်တည်းလာပြီး ငွေကြေးမတတ်နိုင်သောကြောင့် ၊ အင်တာနက်အခက်ခဲရှိသောကြောင့် ယခုနှစ်တွင် အစိုးရကျောင်း အများအပြား အပ်လာကြကြောင်း သိရသည်။

“ကိုယ်ပိုင်ကျောင်းထားတယ်ဆိုတာက တော်တော်တက်နိုင်တဲ့ သူတွေမှ ထားကြတာ နှစ်ချုပ်တစ်နှစ်သိန်းလေးဆယ်က အနည်းဆုံးပဲ ဒါမဲ့သူတို့ အနာဂတ်ပျောက်နေတယ်ဆိုတာ သိသိနဲ့ ထားကြတာ ဒီချိန် ဒီကာလမှာ ပိုက်ဆံသိပ်မကုန်တဲ့ အစိုးရကျောင်းပဲ မေးပြီး ထားစေချင်တယ်”ဟု စစ်ရှောင်ကို ကျောင်းထားပေးသည့် အမျိုးသားတစ်ဦး က ဆိုသည်။

စစ်ကောင်စီ ပညာရေးဝန်ကြီး ဌာန ၊ အခြေခံ ပညာဦးစီးဌာန အောက်မှာရှိသည် အခြေခံ ပညာကျောင်း ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များတွင် ယခုနှစ် ကျောင်းသားဦးရေ ၆၃သိန်းရှိကြောင်း ဇွန်လ ၂ရက် စစ်ကောင်စီ ထုတ် သတင်းစာတွင်ရေးသားထားသည်။

ပြီးခဲ့သည့်၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ ပညာသင်နှစ် ကျောင်းအပ်နှံသူဦးရေ ၆၂သိန်းကျော်ထိရှိပြီး ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅၆သိန်းဝန်းကျင်သာရှိကြောင်း သိရသည်။

ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာ ၁၀ရက်တွင်လူသားတိုင်းရသင့် ရထိုက်သော အခွင့်ရေးများကို လူ့အခွင့်ရေးကြေညာစာတမ်းအဖြစ်အတည်ပြုပြီး ထို လူ့အခွင့်အရေး အချက်(၃၀)ထဲမှ လူတိုင်း ပညာသင်ကြားပိုင်ခွင့်ရှိသည် ၊ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့ သင်ခွင့်ရှိသည် ဆိုသော အချက်လည်း ပါဝင်ကြောင်းသိရသည် ။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...