နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် ပူးတွဲတာဝန် ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများကို အသင့်ပြင်ဆင်ထားရန် ဧပြီလ နောက်ဆုံးပတ်ထဲတွင် အသိပေး ပြောဆိုမှုများ ရှိနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“မူလနေရပ်ကို တာဝန်ပြန်ကျမယ် ဆိုတာတော့ ကြားနေတာ ကြာပါပြီ။ ဟိုးအရင် ၂ နှစ်ကျော်ထဲက နမ့်ခမ်းကနေ မူဆယ်ဘက်က ခရိုင်ရုံးတွေမှာ ပြောင်းနေရတဲ့ ဝန်ထမ်းတွေ၊ တချို့လည်း လားရှိုးမှာ ပြည်နယ်နဲ့ တွဲထားတဲ့ ဝန်ထမ်းတွေကို သင်္ကြန်နောက်ပိုင်းက စပြီးတော့ မိခင်ဌာန ပြန်ရမယ်ဆိုတာ ပြောလာတယ်။ တရားဝင် စာထွက်တာမျိုးတော့ မရှိသေးဘူး” ဟု မူဆယ်မြို့ရှိ ထွေအုပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းကြောင့် စစ်အစိုးရလက်အောက်ခံ Non-CDM ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းထွက်ပေါ်လာခြင်းကို စုံစမ်းမေးမြန်းနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ပြီးခဲ့သည့် သင်္ကြန်ကာလ ဧပြီလ ၁၅ ရက်တွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် အသွင်ပြောင်းဖွဲ့စည်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အစိုးရကို ကြိုဆိုကြောင်း TNLA ဘက်မှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းကြောင့် နမ့်ခမ်းမြို့မှ TNLA တပ်ဆုတ်ခွာရန် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“နမ့်ခမ်းကို စကစ ပြန်သိမ်းမယ်ဆိုတာ သတင်းထွက်တာလည်း ကြာပြီလေ။ သင်္ကြန်တုန်းက မင်းအောင်လှိုင်ရဲ့ အစိုးရသစ်ကို ကြိုဆိုပါတယ်လို့ TNLA က စာထုတ်တော့ တပ်ဆုတ်ဖို့က ပိုပြီးဖြစ်နိုင်တာပေါ့။ တရုတ်ဖိအားကြောင့်ပဲဖြစ်ဖြစ် စကစ နဲ့ သဘောတူလို့ပဲဖြစ်ဖြစ် မိုးကုတ်နဲ့ မိုးမိတ်လိုမျိုး နမ့်ခမ်းကနေ တပ်ဆုတ်ဖို့ ထပ်ဖြစ်လာနိုင်တာပဲ၊ ပြည်သူကတော့ သေနတ်ကိုင်ထားတဲ့ ဘယ်အဖွဲ့ကို ပိုကောင်းတယ် ဆိုပြီးတော့ ရွေးချယ်လို့မှ မရတာ” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ-TNLA ထိန်းချုပ် နမ့်ခမ်းမြို့တွင် သင်္ကြန်ပွဲပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ-MTPM-Valentine)

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ၂၀၂၃ ဒီဇင်ဘာလ ၁၉ ရက်တွင် နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ TNLA အုပ်ချုပ်ရေးယန္တရား ၂ နှစ်ခွဲခန့်ကြာ လည်ပတ်နေသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီလ (၁၇) ရက်နေ့မှ စတင်၍ မတ်လအထိ နမ့်ခမ်းမြို့တွင်းရှိ ရပ်ကွက်အသီးသီးတွင် ပျက်စီးယိုယွင်းနေသည့် လမ်းတံတားနှင့် ရေမြောင်းများကို PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ ကုန်ကျငွေ စုစုပေါင်း ကျပ်သိန်း တစ်သောင်းငါးထောင်ကျော် အသုံးပြုခဲ့ကြောင်း ဧပြီလ (၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မတ်လ (၁၆) ရက်တွင် အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ္မတူမြို့ဘက်သို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့စဉ် နှစ်ဘက်တပ်ဖွဲ့မှ ဗဟို ခေါင်းဆောင်များ လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုစဉ်က နမ့်ခမ်းမြို့ဘက်ရှိ TNLA လက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် ပြည်သူ့ဆေးရုံမှ ပစ္စည်းများကို ဘေးလွတ်ကင်းရာ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း အဆိုပါ သတင်းများကို TNLA ဘက်မှ ငြင်းဆိုပြီး ပုံမှန်အတိုင်း လည်ပတ်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...