Tuesday, January 27, 2026

PNO

ဖယ်ခုံ-ပင်‌လောင်းနယ်စပ် တောင်စလုံးကျေးရွာကို စစ်တပ်နှင့် PNO မီးထပ်ရှို့

သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) တွင် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ် အစပ်ရှိ တောင်စလုံးကျေးရွာမှ နေအိမ်အချို့ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်...

ဟိုပုံး-တောင်ကြီး စစ်တပ်ဂိတ် ကုန်ကားတစ်စီး ကျပ်ငွေ ၁သိန်းကျော် ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-တောင်ကြီးလမ်းမကြီးပေါ် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးလျှင် ငွေကျပ် တစ်သိန်းကျော် အထိ ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ပထမပတ်မှ စပြီး ဟိုပုံး-တောင်ကြီးသွားလမ်း တိုးဂိတ်အကျော်ရှိ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်နေပြီး...

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...

ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကရင်နီအစပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံချိန်တွင်...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိ၊ မဲနှိုက်ပြီးလူခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀...

ရွာငံတွင် အုပ်ချုပ်ရေးမှူး သတ်ခံရသည့်နောက် ဒေသခံသွားလာခွင့် စစ်ကော်မရှင်ကန့်သတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အဝင်အထွက်ကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်မှစ၍ ယနေ့ (နိုဝင်ဘာလ ၄ ရက်) အထိ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကော်မရှင်...

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ...

Latest news