စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် PNO ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံ

စစ်ကော်မရှင်အသွင်ပြောင်း စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၉ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ရှိ PNO နာယက ဦးအောင်ခမ်းထီ နေအိမ်သို့ စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ သျှမ်းပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ဦးဆောင်သည့် သျှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံပြီး ရာထူးတာဝန်များကို အသိပေး မိတ်ဆက်ခဲ့ကြောင်း PNO သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

“PNO နဲ့ စစ်တပ်က မိတ်ဖက်တွေဆိုတာ ပြတဲ့သဘောပါပဲ။ အဲ့မှာ အဘကို စောင့်ရှောက်ဖို့ မှာလိုက်တယ် ဆိုပြီးတော့ ပြောကြတာကို ကြည့်ရင် နှစ်သစ်ကူး ကန်တော့တာထက် ပိုနိုင်တယ်။ စစ်တပ်လမ်းစဉ်အတိုင်း လက်နက်ကိုင်ပြီး ပါတီနိုင်ငံရေးလည်း လုပ်တာ PNO တစ်ဖွဲ့ပဲ ရှိတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလတလျှောက်လုံးမှာ စကစ ကို PNO ကူတိုက်ပေးခဲ့တာလည်း သူတို့ခေါင်းဆောင်ပိုင်း အကျိုးစီးပွားအတွက် အလဲအထပ် ရှိမှာပေါ့” ဟု သျှမ်းပြည်တောင်ပိုင်းမှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး ရယူထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် က ၎င်းခန့်အပ်ထားသည့် သျှမ်းပြည်ဝန်ကြီးချုပ်မှတဆင့် PNO နာယက ဦးအောင်ခမ်းထီကို စောင့်ရှောက်ပေးရန် ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် PNO တာဝန်ရှိသူများ မျှဝေထားသည့် ရုပ်သံထဲတွင် မြင်တွေ့နိုင်သည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင် သျှမ်းပြည်လွှတ်တော်တွင် ၂၀၀၈ အခြေခံဥပဒေထဲ ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို အတည်ပြုခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် PNO ပါတီမှ ပင်လောင်းမြို့နယ် FPTP ကိုယ်စားလှယ် ခွန်ဖိုးစိန် ကို ရွေးချယ်တင်မြှောက်ခဲ့သည်။

အလားတူ စစ်အစိုးရလက်အောက် ဖွဲ့စည်းထားသည့် သျှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO မှ ဆီဆိုင်မြို့နယ် FPTP ကိုယ်စားလှယ် ခွန်သန်းထူး ကို ခန့်အပ်ထားသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်မှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းခဲ့ပြီး နိုင်ငံရေးပါတီ တည်ထောင်ကာ ရွေးကောက်ပွဲ အဆက်ဆက်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် သျှမ်းပြည်ခရီးစဉ်တွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ရှိ PNO နာယက ဦးအောင်ခမ်းထီ၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

အလားတူ PNO/PNA တွင် ရာထူးထိပ်ပိုင်း တာဝန်ယူထားသူများလည်း စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေပြီး တွင်းထွက်သယံဇာတနှင့် သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်များမှတဆင့် အခွန်နှင့် မြေငှားရမ်းခ ပေးဆောင်ခြင်းဖြင့် ဘဏ္ဍာငွေအကူအညီများ ပေးနေကြောင်း Justice For Myanmar အဖွဲ့မှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ထောက်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...