သျှမ်းပြည် လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှု အပေါ်အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

သျှမ်းပြည် အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်ခံရမှု

မတ်လ မှ ဧပြီလ အထိကောက်ယူထားသည့် အချက်အလက်အရ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇ မှု၊ မုဒိမ်းမှု ၂ မှု၊ သက်ငယ် မုဒိမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်မှု ၂ နှင့် ရင်းနှီးကျွမ်းဝင်သူချင်း အကြမ်းဖက်မှု ၁ မှု ရှိလာကြောင်း SWAN က ထုတ်ပြန်ထားသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သည့်နေရာဒေသများမှာ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ မိုးနဲမြို့နယ်၊ မောက်မယ် နှင့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုထဲတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၆၀ အမျိုးသားမှ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမှုလည်း ပါရှိသည်။

ယခု ၂၀၂၃ ခုနှစ် မတ်လ မှ ဧပြီလ အထိ ကောက်ယူထားသည့် အချက်အလက်များ အရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ထက် ဖြစ်စဥ်များ တိုးများလာကြောင်း SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SWAN ထုတ်ပြန်ချက်

“ကျမတို့ ထုတ်ပြန်တဲ့ update တွေက သျှမ်းပြည်တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာရှိတဲ့ မြို့နယ်တချို့ထဲက လက်လှမ်း မှီနိုင်သလောက် ကောက်ထားတာဖြစ်တယ်။ ဒီထက်မက ရှိတယ် ဆိုတာသိတယ်။ ကျမတို့ ကောက်ရတဲ့ သတင်း အချက်အလက် ပေါ်မူတည်ပြီး ပြောရရင် ၂၀၂၂ ကတည်းက အိမ်တွင်းအကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုက တိုးများလာတာတွေ့တယ်။ ဒီ ၂၀၂၃ မှာ သက်ငယ်မုဒိမ်းမှုတွေလည်း ပိုမို ဖြစ်ပွား လာတာ တွေ့ရပါတယ်” ဟု SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို SWAN မှ ကောက်ယူထားသည့် အိမ်တွင်းအကြမ်းဖက်မှုများအားလုံးသည် ကိုယ်ထိ၊လက်ရောက် ကျူးလွန်ခြင်းများဖြစ်ကြသည်။ ကျူးလွန်ခံရသည့် အမှုအများစုကို ဒေသတွင်း ဓလေ့ထုံးတမ်းစည်းမျဥ်း၊ စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း များအရ ဖြေရှင်းခဲ့ကြကြောင်း SWAN ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဆက်လက်ပြီး အမျိုးသမီးများ အကြမ်းဖက်မှု အမျိုးမျိုး နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အကြောင်းအရင်းသည် လူ့အဖွဲ့အစည်း အတွင်း ဖို၀ါဒကြီးစိုးမှု၊ အကြမ်းဖက်မှု ကျူးလွန်မှု ဖြစ်လာပါက အရေးထား ဖြေရှင်းပေးသည့် တရားမျှတမှုများ မရှိခြင်းကြောင်း ၎င်းကဆက်ပြောသည်။

ပုံ – Google

“ အမျိုးသမီးတွေ အကြမ်းဖက်မှုများလာတာက အကြမ်းဖက်မှု ကျူးလွန်မှု ဖြစ်လာရင် အရေးထား ဖြေရှင်းပေးတဲ့ တရားမျှတမှုတွေ မရှိဘူး။ ကုသပေးတဲ့ အစီအစဥ် တွေလည်းမရှိဘူး။ အမျိုးသမီးတွေ အားနွဲ့လို့ လူထုတွေ အသိပညာ မရှိလို့ မဟုတ်ဘူး။ ဒါတွေက အာဏာရှိတဲ့သူတွေ အရေးမထားလို့ လျစ်လျူရှုလို့ ဖြစ်တယ်” ဟု သူမ၏ အမြင်ကိုပြောသည်။

လက်ရှိတွင် ကျူးလွန်ခံရသူများအတွက် ဆေးဝါးပစ္စည်းများ၊ ငွေကြေး နှင့် အခြား ထောက်ပံ့ရေး အကူအညီများ အပြင် စိတ်ပိုင်းဆိုင်ရာ လူမှုအကူအညီအချို့ နှင့် ၎င်းတို့၏ မိသားစုများအတွက် အကောင်းဆုံး ကူညီပေးနိုင်ရန် အတွက် SWAN အဖွဲ့အနေဖြင့် ဒေသအတွင်း ချိတ်ဆက်ထားသည့် အဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း SWAN က ထုတ်ပြန်ထားသည်။

“အမျိုးသမီးတယောက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စေ၊ မုဒိမ်းမှုဖြစ်စေ ဖြစ်ခဲ့မယ်ဆိုရင် ကျူးလွန်ခံရ သူကို အမြန်ဆုံး ဆေးစစ်ဖို့ မှတ်တမ်းလုပ်ဖို့ ဆေးရုံကို သွားပို့ပေးသင့်တယ်။ ပြီးရင် အမြန်ဆုံး ဘေးကင်းလုံခြုံတဲ့ နေရာကို ခေါ်ဆောင်သွားသင့်တယ်။ ကျူးလွန်ခံရသူ အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ပေးတာတွေ လုပ်ရမယ် ပြီးရင် တရားမျှတရေးအတွက် ရှင်သန်ကျန်ရစ်သူအနေနဲ့ ဘာဆက်လုပ်ချင်လဲဆိုတာကို ဆက်လုပ်ဖို့လိုတယ်။” ဟု SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

ထို့အပြင် ကျား – မ အခြေပြု အကြမ်းဖက်မှု အပါအဝင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သတင်းပေးလိုပါက Shan Women’s Action Network (SWAN) ကို ဆက်သွယ် သတင်းပေးနိုင်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိ SWAN မှတ် ထုတ်ပြန်ထားသည့် အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု နှင့် ကျား – မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်းဖက်မှုများသည် ကျောက်မဲမြို့နယ်မှ ၇ မှု ဖြင့် အများဆုံးဖြစ်နေပြီး ရပ်စောက်မြို့၊ မိုးနဲ့မြို့၊ မောက်မယ်မြို့ နှင့် သီပေါမြို့တို့မှ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...