လှိုင်းကြီးလေထန် ကြံ့ကြံ့ခံ “စွမ်း” ၂၅ နှစ် ခရီးကြမ်း

“မတရားမှုများ ဆက်လက် ကြီးစိုးနေမှုအပေါ် နှုတ်ဆိတ်နေမှာ မဟုတ်၊ လက်ပိုက်ကြည့်နေမှာ မဟုတ်” ဆိုသည်မှာ စွမ်း (SWAN) ၏ ရှင်းလင်းပြတ်သားသည့် ခံယူချက်ဖြစ်သည်။

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်သည် အကြမ်းဖက်မှု၊ မတည်ငြိမ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြန့်ပွား တိုးများ လာခဲ့ပြီး အခက်အခဲများ၊ စိန်ခေါ်မှုများ မကြုံစဖူး တိုးများလာသည်။

တိုင်းရင်းသား အခွင့်အရေးနှင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း “စွမ်း” (SWAN) က ၂၅ နှစ်ပြည့် “ငွေရတု” တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၁၉၉၉ ခုနစ် မတ် ၂၈ ရက်တွင် အသက်အရွယ်စုံ၊ နောက်ခံနယ်ပယ် အသီးသီးက သျှမ်းအမျိုးသမီး (၄၀)ဦးခန့်သည် ချင်းမိုင်ခရိုင် ထိုင်း-သျှမ်းနယ်စပ်ရှိ ခြံတခြံတွင် တွေ့ဆုံခဲ့ကြပြီး “ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း – စွမ်း” ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

စွမ်းအဖွဲ့အနေဖြင့် ၂၅ နှစ်တာ ကာလအတွင်း သျှမ်းရွှေ့ပြောင်း အလုပ်သမားများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သော အသိပညာများပေးရန် ထိုင်း-သျှမ်းနယ်စပ် တလျှောက်တွင် ဆေးခန်းများ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် သျှမ်းရွှေ့ပြောင်းအလုပ်သမားများနှင့် ကလေးများ၏ အခြေခံပညာများ ထောက်ပံ့ပေးရန် အတွက် ကျောင်းများ ဖွင့်လှစ်ထူထောင်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးများသည် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် စည်းရုံးလှုံ့ဆော်မှုများတွင် ဒေသန္တရအဆင့်မှ နိုင်ငံတကာအဆင့်ထိ ပါဝင်ခဲ့ကြသည်။

“အခု နိုင်ငံရေး အခြေအနေအရ ရွှေ့ပြောင်းလာတဲ့လူကော၊ စစ်ဘေးရှောင်ကော ထိုင်းဘက်ကို ရှောင်လာတဲ့လူတွေ တော်တော်များလာတယ်၊ အဲ့ဒါတွေကို ကူညီပေးဖို့လည်း ရှိမယ်။ အမျိုးသမီး ကျန်းမာပျော်ရွှင် လုပ်ငန်းစဉ်မှာ ဆိုရင်တော့ အမျိုးသမီးကျန်းမာရေး၊ မိသားစုစီမံကိန်း အပိုင်းတွေကိုလည်း သျှမ်းပြည်ထဲက နယ်ဝေးတွေမှာ ဆက်ကူညီသွားဖို့ရှိမယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်တဲ့အဆင့်မှာ ပါဝင်လာနိုင်ဖို့နဲ့ လူထုကို အသိပညာပေးသွားမှာ ရှိတယ်” ဟု SWAN ၏ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှ နန်းခမ်းမိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး စွမ်းရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်သည့် သျှမ်းပြည်နှင့် မြန်မာတစ်နိုင်ငံလုံး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဆက်လက် တည်ဆောက်သွားရန်၊ သျှမ်းပြည်တွင် နေထိုင်သည့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန် ဦးတည်ချက်ကို ဆက်လက်လုပ်ကိုင်သွားမည် ဟု နန်းခမ်းမိုင် က ဆိုသည်။

“စွမ်း” တည်ထောင်လာသည့် ၂၅နှစ်တာ ကာလတလျှောက်တွင် သျှမ်းအမျိုးသားရေးဝါဒနှင့် လူ့အခွင့်အရေး အခြေခံ သဘောတရားများအကြား ဟန်ချက်ညီအောင် ကြိုးစားရသည့် စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“ဖြတ်သန်းခဲ့တဲ့ ခရီးအတိုင်း စွမ်း စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက သျှမ်းအမျိုးသမီး အသင်းပဲလား၊ သျှမ်းတွေအတွက်ပဲ လုပ်မှာလား မေးခွန်းတွေ ထုတ်ခံရတာ ရှိတယ်။ အမျိုးသမီးနဲ့ ပတ်သက်လာရင် စွမ်း ကပဲ လုပ်ပေးရမယ်ဆိုတာ ကျမတို့ရဲ့ အဖွဲ့အစည်းနာမည်က သျှမ်းပါတယ်၊ အမျိုးသမီးပါတယ် ဆိုတဲ့အခါကျတော့ ကျမတို့ လုပ်ပေးရမယ်လို့ မြင်တာလည်း မဆန်းဘူးပေါ့” ဟု နန်းခမ်းမိုင် က ဆိုပြန်သည်။

တဖက်တွင်လည်း စွမ်း၏ ဦးတည်ချက် ရည်ရွယ်ချက် မှတဆင့် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားများအကြား အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်သည့် နေရာမှာလည်း သျှမ်းလူမျိုးပဲ လုပ်ပေးရမည် ဆိုသည့် တိုင်းရင်းသား ခွဲခြားရပ်တည်ပေးတာမျိုး လုပ်ဆောင်၍ မရတော့ကြောင်း သူက ထပ်လောင်းပြောသည်။

“ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို ဘယ်လို ဖော်ဆောင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုတော့ သျှမ်းပဲ လုပ်ပေးရမယ် ဆိုတဲ့ တိုင်းရင်းသား ခွဲခြားရပ်တည် ပေးတာမျိုးတော့ လုပ်လို့မရဘူးဆိုတဲ့ အခြေအနေမျိုးပေါ့။ သျှမ်းပြည်သူလူထုကို ထိလာတယ်ဆိုရင်လည်း ကျမတို့ကလည်း သျှမ်းပြည်သူလူထုအတွက် ရပ်တည်ပေးရမယ်။ တဘက်မှာလည်း ကျမတို့ ကိုင်စွဲထားတဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးကိစ္စတွေကို လေးစားဖို့ လိုတယ်” ဟု နန်းခမ်းမိုင်က ဆက်၍ ဆိုပြန်သည်။

ထို့ပြင် မတ်လ ၂၅/၂၆ ရက်တို့တွင်လည်း “စွမ်း”အသင်း ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သျှမ်းအမျိုးသမီးများ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပြီး မြန်မာပြည်တွင်းနှင့် သျှမ်း-ထိုင်း နယ်စပ်များမှ တက်ကြွလှုပ်ရှားသူ သျှမ်းအမျိုးသမီး ၆၆ ဦးတို့ တက်ရောက်ခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် အမျိုးသမီးများ အချင်းချင်း အတွေ့အကြုံများ မျှဝေဖလှယ်ခဲ့ကြသည့်အပြင် လူမှုအသိုင်းအဝိုင်းက ရင်ဆိုင်နေရသည့် တနေ့တခြား ပိုမိုဆိုးရွားလာသော စိန်ခေါ်မှုများကို စုပေါင်းရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများ၊ မကြာသေးမီက အာဏာသိမ်းစစ်ကောင်စီ ပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေနှင့် လက်နက်ကိုင် အဖွဲ့အစည်းတို့၏ အဓမ္မ စစ်အင်အား စုဆောင်းရေး စသည့် ထပ်ဆင့်စိန်ခေါ်မှုများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း မတ်လ ၂၈ ရက်စွဲဖြင့် SWAN ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ဒီအာဏာသိမ်းပြီးနောက်ပိုင်း ကျမတို့ရဲ့အလုပ်တွေ၊ သွားချင်တဲ့လမ်းကြောင်းကို သွားနိုင်ဖို့ ဆိုတာမျိုးတွေ ပိုပြီးတော့မှ နှောင့်နှေးစေတယ်။ ပြည်သူလူထုတွေ ရှောင်ပြေးတာမျိုးတွေကို စွမ်းအနေနဲ့ ပိုပြီးတော့မှ ရပ်တည်ပေးနိုင်ဖို့၊ သူတို့ရဲ့ လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ကူညီပေးနိုင်ဖို့ဆိုတာ ပိုပြီးတော့မှ ခက်သွားတာမျိုး ဖြစ်တယ်။ အခုနောက်ပိုင်းဆိုရင် လုံခြုံရေးအရ စိတ်ပူရတာမျိုးတွေ ရှိတယ်။ တချို့အလုပ်တွေဆိုရင်လည်း ရပ်ထားရတာမျိုးတွေ ရှိတယ်”ဟု စွမ်းရဲ့ လက်ရှိ ကြုံနေရသည့် စိန်ခေါ်ချက်ကို နန်းခမ်းမိုင်က ပြောဆိုလိုက်သည်။

“စွမ်း”အသင်းတွင် အလျားလိုက် ဖွဲ့စည်းပုံဖြင့် စုပေါင်းလုပ်ဆောင်ကြပြီး ၂၅ နှစ်တာ ကာလအတွင်း အမျိုးသမီးရေး မူဝါဒကို စွဲကိုင်၍ ကျား-မ တန်းတူရေး၊ သျှမ်းအမျိုးသမီးများ၏ အခွင့်အရေးများ မြှင့်တင်ရေးနှင့် လူမှုအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များ ဖြစ်လာနိုင်စေရေးတို့ကို တစိုက်မတ်မတ် စည်းရုံးလှုံ့ဆောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် စွမ်း အဖွဲ့တို့ ပူးပေါင်း၍ “မုဒိမ်းကျင့်ခွင့်လိုင်စင် (Licence to Rape)” ဆိုသည့် အစီရင်ခံစာကို ၂၀၀၂ ခုနစ်တွင် ထုတ်ပြန်ခဲ့ရာ ထိုစဉ်က မြန်မာစစ်အစိုးရက “နိုင်ငံပိုင် မီဒီယာ”များမှတဆင့် လူသိရှင်ကြား တိုက်ခိုက်ခဲ့သည့်အပြင် အမည်မသိ အီးမေးလ်များ ပေးပို့ ခြိမ်းခြောက်ခြင်း၊ စစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များကို ဖိအားပေးခဲ့သည် အထိ စွမ်း လုံခြုံရေး ခြိမ်းခြောက်ခံခဲ့ရသည်။

လက်ရှိမှာလည်း စစ်အာဏာသိမ်းမှုကြောင့် “စွမ်း” လှုပ်ရှားဆောင်ရွက်နေသည့် ဧရိယာများအတွင်း ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အချို့စီမံကိန်း လုပ်ငန်းများ အကောင်အထည် မဖော်နိုင်ခြင်း၊ လူထုအတွက် လုံခြုံရေး အရ ခြိမ်းခြောက်မှုများ ရှိခြင်း စသည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။

“စိန်ခေါ်မှုတွေ ဘယ်လောက်ပဲ များများ စွမ်းရဲ့ တန်ဖိုးထားမှုတွေ၊ အဓိကအခြေခံမူတွေ ထပ်တူထပ်မျှ ရှိနေကြတဲ့ ညီအစ်မတွေ ရှိနေသရွေ့ စွမ်းဟာ ခံနိုင်ရည်ရှိရှိနဲ့ ရှေ့ဆက်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ကျမ ယုံကြည်ပါတယ်”ဟု စွမ်းရဲ့ ၂၅နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အစီရင်ခံစာထဲတွင် အသင်းဝင် နန်းမွမ်းကိန်က ပြောဆိုထားသည်။

“စွမ်း”အသင်း အပါအဝင် မြန်မာပြည်မှ အမျိုးသမီး အဖွဲ့အစည်း ၁၂ ဖွဲ့တို့ ပူးပေါင်းပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကို ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာပြည် အမျိုးသမီး လှုပ်ရှားမှုတွင် လေးလေးနက်နက် ပါဝင်လှုပ်ရှားနေသည်။

လက်ရှိတွင် “စွမ်း”အသင်း အနေဖြင့် အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်ဖြင့် အမျိုးသမီး ခေါင်းဆောင်များ နိုင်ငံရေးထဲ ပိုမိုပါဝင်လာအောင် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွင် ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်သူ ပျိုးထောင်ထားရှိပေးခြင်းတို့ကို ပြည်တွင်းနှင့် ထိုင်း-သျှမ်း နယ်စပ်တလျှောက်တွင် လှုပ်ရှားဆောင်ရွက်နေသည်။

ထို့အတူ ပညာရေး လုပ်ငန်းစဉ်တွင်လည်း ထိုင်း-သျှမ်းနယ်စပ်ရှိ မူလတန်းကျောင်းများ လည်ပတ်နိုင်ရေးအတွက် ပံ့ပိုးကူညီခြင်း၊ ၎င်းမှတဆင့် အောင်မြင်သည့် ကျောင်းသား/ကျောင်းသူများကို ထိုင်းပညာရေးစနစ်အောက်ရှိ ကျောင်းများသို့ ဆက်လက်တက်ရောက်ခွင့်ရရန် ပညာသင်ဆုများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေသည်။

“ကျမတို့ အခုလည်း အမျိုးသမီး ခေါင်းဆောင်တွေ နိုင်ငံရေးထဲ ပိုပြီးတော့ ပါလာနိုင်အောင် ဆက်ပြီး မွေးထုတ်ပေးဖို့ ရှိတယ်”ဟု နန်းခမ်းမိုင် က ဖြည့်စွတ်ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...