Wednesday, January 28, 2026

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိလာ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသများအတွင်း အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( Burmese Women’s Union ) မှ ထုတ်ပြန်ထားသည်။

(Burmese Women’s Union ) မှ ထုတ်ပြန်ချက်

မြန်မာ့အမျိုးသမီးသမဂ္ဂမှ စာရင်းပြုစုချက်အရ စစ်ရေးပဋိပက္ခဒေသဖြစ်ပွားနေသည့် ကရင်နီ (ကယား) ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး နှင့် ဧရာဝတီတိုင်းတို့တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုစုပေါင်း (၃၆) မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှုရှိကြောင်း ရေးသားဖော်ပြထားသည်။

ထို အကြမ်းဖက်မှုထဲ၌ စစ်တပ်မှ ကျူးလွန်သော အမှုများ၊ အခြားလက်နက်အဖွဲ့များမှ ကျူးလွန်သော အမှုများနှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်သော အမှုများရှိကြောင်း သိရသည်။

စစ်တပ်မှ ကျူးလွန်ထားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကာယိအိန္ဒြေ ထိပါးနှောင့်ယှက်မှု (၉) မှုအနက် တချို့ အမှုများမှာ စစ်တပ်အခြေစိုက်စခန်းများအနီး အလောင်းများတွေ့ရှိရသဖြင့် စစ်တပ်မှ ကျူးလွန်သည်ဟု သံသယရှိသည့်အမှုများ ဖြစ်သည်။

စစ်တပ်မှ ကျူးလွန်ထားသည့် ပြစ်မှုများ

စစ်တပ်၏ တပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လက်ရွာရှိ မီးဖွားပြီးစ မိခင်တစ်ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း အကြမ်ကြိမ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်မှ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူများတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် အိမ်ထောင်သည် အမျိုးသမီးများလည်း ပါဝင်ပြီး အဆိုပါ အမျိုးသမီးတို့နှင့်အတူ ရှိနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသားကိုလည်း သတ်ဖြတ်ခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ရရှိထားသည့် အချက်အလက်အရ စစ်တပ်မှ ကျူးလွန်သည့်အမှု (၆) မှုသည် မကွေးတိုင်းမှ ဖြစ်ပြီး ပဲခူးတိုင်းမှ (၁) မှု၊ စစ်ကိုင်းတိုင်းမှ (၁) မှုနှင့် ဧရာဝတီတိုင်းမှ (၁) မှုတို့ ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ ကျူးလွန်ထားသည့် မြို့နယ်များ

ထို့အပြင် အခြားလက်နက်အဖွဲ့များမှ ကျူးလွန်သော အကြမ်းဖက်ခြင်းနှင့် နှောက်ယှက်ခြင်းဆိုင်ရာ အမှု (၄) မှုရှိပြီး အဆိုပါအမှုများသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ကျူးလွန်ထားကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်မှု (၁)မှု၊ မကွေးတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးမှ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု (၁)မှု၊ ကရင်နီပြည်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်မှု (၁) မှုနှင့် စစ်ကိုင်းတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အမျိုးသမီး (၃) ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှု (၄) မှုထဲ၌ (၂) မှုသည် တပ်ဖွဲ့ဝင်အချင်းချင်းကြား ကျူးလွန်မှု ဖြစ်ပြီး ကျန် (၂) မှုသည် အရပ်သူအပေါ် ကျူးလွန်သည့်အမှုများ ဖြစ်သည်။

စစ်တပ်မဟုတ်သည့် အခြားလက်နက်ကိုင်တပ်များ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ကျူးလွန်ထားသော လိင်အကြမ်းဖက်ခံရမှုကို တရားမျှတသည့် အပြစ်ပေး၊ အရေးယူခြင်းများ လုပ်ဆောင်ပေးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ပျက်ကွက်နေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

အလားတူ အရပ်သား အချင်းချင်းကျူးလွန်သည့် အမှုများသည် စုစုပေါင်း ၄၆ မှုရှိပြီး ထိုထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၃ မှု၊ အိမ်တွင်းအကြမ်းဖက်မှု နှင့် ကာမလိမ်လည်မှု (၂၃) မှုတို့ ဖြစ်ကြောင်း ထပ်မံရေးသားဖော်ပြထားသည်။

ထိုအမှုများသည် ဧရာဝတီမှ ၁၁ မှု၊ ပဲခူးမှ ၄ မှု၊ ကရင်နီ (ကယား) မှ ၆ မှု၊ မကွေးမှ ၁ မှုနှင့် စစ်ကိုင်း ၁ မှုဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းမှုနှင့် ကာမလိမ်လည်မှုများ ပါဝင်သည်။

ထို့ကြောင့် အမျိုးသမီးများအပေါ် လေးစားမှုမရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ထိပါးနှောက်ယှက်မှုများနှင့် ပတ်သက်သည့် ကျူးလွန်သူများအား ဆန့်ကျင်ကြောင်း၊ အသက်ရှင် ကျန်ရစ်ခဲ့သည့် ကျူးလွန်ခံရသူများသည် တနည်းနည်းဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း၊ မိသားစုအား နှင့် ခြိမ်းခြောက်ခံရခြင်းများနှင့် ၎င်းတို့၏အရှက်၊ ဂုဏ်သိက္ခာတို့အား ခြိမ်းခြောက်ခံရခြင်းများ ရှိနေသည်ကို သုံးသပ်တွေ့ရှိရသည်။

ထို့အပြင် NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၊ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းများနှင့် အခြားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုများကို အမြန်ဆုံးတားဆီးပေးရန်နှင့် ထိရောက်သည့်အရေးယူမှုများ လုပ်ဆောင်ပေးရန် BWU က အကြုံပြုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...