အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိလာ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသများအတွင်း အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( Burmese Women’s Union ) မှ ထုတ်ပြန်ထားသည်။

(Burmese Women’s Union ) မှ ထုတ်ပြန်ချက်

မြန်မာ့အမျိုးသမီးသမဂ္ဂမှ စာရင်းပြုစုချက်အရ စစ်ရေးပဋိပက္ခဒေသဖြစ်ပွားနေသည့် ကရင်နီ (ကယား) ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး နှင့် ဧရာဝတီတိုင်းတို့တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုစုပေါင်း (၃၆) မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှုရှိကြောင်း ရေးသားဖော်ပြထားသည်။

ထို အကြမ်းဖက်မှုထဲ၌ စစ်တပ်မှ ကျူးလွန်သော အမှုများ၊ အခြားလက်နက်အဖွဲ့များမှ ကျူးလွန်သော အမှုများနှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်သော အမှုများရှိကြောင်း သိရသည်။

စစ်တပ်မှ ကျူးလွန်ထားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကာယိအိန္ဒြေ ထိပါးနှောင့်ယှက်မှု (၉) မှုအနက် တချို့ အမှုများမှာ စစ်တပ်အခြေစိုက်စခန်းများအနီး အလောင်းများတွေ့ရှိရသဖြင့် စစ်တပ်မှ ကျူးလွန်သည်ဟု သံသယရှိသည့်အမှုများ ဖြစ်သည်။

စစ်တပ်မှ ကျူးလွန်ထားသည့် ပြစ်မှုများ

စစ်တပ်၏ တပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လက်ရွာရှိ မီးဖွားပြီးစ မိခင်တစ်ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း အကြမ်ကြိမ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်မှ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူများတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် အိမ်ထောင်သည် အမျိုးသမီးများလည်း ပါဝင်ပြီး အဆိုပါ အမျိုးသမီးတို့နှင့်အတူ ရှိနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသားကိုလည်း သတ်ဖြတ်ခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ရရှိထားသည့် အချက်အလက်အရ စစ်တပ်မှ ကျူးလွန်သည့်အမှု (၆) မှုသည် မကွေးတိုင်းမှ ဖြစ်ပြီး ပဲခူးတိုင်းမှ (၁) မှု၊ စစ်ကိုင်းတိုင်းမှ (၁) မှုနှင့် ဧရာဝတီတိုင်းမှ (၁) မှုတို့ ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ ကျူးလွန်ထားသည့် မြို့နယ်များ

ထို့အပြင် အခြားလက်နက်အဖွဲ့များမှ ကျူးလွန်သော အကြမ်းဖက်ခြင်းနှင့် နှောက်ယှက်ခြင်းဆိုင်ရာ အမှု (၄) မှုရှိပြီး အဆိုပါအမှုများသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ကျူးလွန်ထားကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်မှု (၁)မှု၊ မကွေးတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးမှ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု (၁)မှု၊ ကရင်နီပြည်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်မှု (၁) မှုနှင့် စစ်ကိုင်းတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အမျိုးသမီး (၃) ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှု (၄) မှုထဲ၌ (၂) မှုသည် တပ်ဖွဲ့ဝင်အချင်းချင်းကြား ကျူးလွန်မှု ဖြစ်ပြီး ကျန် (၂) မှုသည် အရပ်သူအပေါ် ကျူးလွန်သည့်အမှုများ ဖြစ်သည်။

စစ်တပ်မဟုတ်သည့် အခြားလက်နက်ကိုင်တပ်များ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ကျူးလွန်ထားသော လိင်အကြမ်းဖက်ခံရမှုကို တရားမျှတသည့် အပြစ်ပေး၊ အရေးယူခြင်းများ လုပ်ဆောင်ပေးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ပျက်ကွက်နေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

အလားတူ အရပ်သား အချင်းချင်းကျူးလွန်သည့် အမှုများသည် စုစုပေါင်း ၄၆ မှုရှိပြီး ထိုထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၃ မှု၊ အိမ်တွင်းအကြမ်းဖက်မှု နှင့် ကာမလိမ်လည်မှု (၂၃) မှုတို့ ဖြစ်ကြောင်း ထပ်မံရေးသားဖော်ပြထားသည်။

ထိုအမှုများသည် ဧရာဝတီမှ ၁၁ မှု၊ ပဲခူးမှ ၄ မှု၊ ကရင်နီ (ကယား) မှ ၆ မှု၊ မကွေးမှ ၁ မှုနှင့် စစ်ကိုင်း ၁ မှုဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းမှုနှင့် ကာမလိမ်လည်မှုများ ပါဝင်သည်။

ထို့ကြောင့် အမျိုးသမီးများအပေါ် လေးစားမှုမရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ထိပါးနှောက်ယှက်မှုများနှင့် ပတ်သက်သည့် ကျူးလွန်သူများအား ဆန့်ကျင်ကြောင်း၊ အသက်ရှင် ကျန်ရစ်ခဲ့သည့် ကျူးလွန်ခံရသူများသည် တနည်းနည်းဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း၊ မိသားစုအား နှင့် ခြိမ်းခြောက်ခံရခြင်းများနှင့် ၎င်းတို့၏အရှက်၊ ဂုဏ်သိက္ခာတို့အား ခြိမ်းခြောက်ခံရခြင်းများ ရှိနေသည်ကို သုံးသပ်တွေ့ရှိရသည်။

ထို့အပြင် NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၊ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းများနှင့် အခြားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုများကို အမြန်ဆုံးတားဆီးပေးရန်နှင့် ထိရောက်သည့်အရေးယူမှုများ လုပ်ဆောင်ပေးရန် BWU က အကြုံပြုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...