ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ပို့မည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော်ကို သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မေလ ၁၄ ရက်) တွင် ချင်းမိုင်မြို့ မဲ့ပင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၃) အဝေးပြေးကားဂိတ်၊ အမှတ် ၁၀ ကားဆိုက်ရပ်ရာနေရာတွင် ဘန်ကောက်မြို့သို့ ထွက်ခွာရန် ပြင်ဆင်နေသည့် ဘတ်စ်ကားတစ်စီးကို ဝိုင်းရံပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးမှုအတွင်း ခရီးဆောင်အိတ်ကြီး နှစ်လုံးအတွင်း စနစ်တကျ ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား အလုံးရေ ၁,၈၀၀,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချင်းမိုင်မြို့ ကားဂိတ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေး

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူများမှာ အသက် ၂၃ နှစ် နှင့် အသက် ၄၃ နှစ်အတွင်းရှိ ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်သည်။

၎င်းတို့သည် အဆိုပါမူးယစ်ဆေးဝါးများကို ဘန်ကောက်မြို့သို့ သယ်ဆောင်သွားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါး တရားမဝင် လက်ဝယ်ထားရှိမှု၊ သယ်ဆောင်ဖြန့်ဖြူးမှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ မူးယစ်ဆေးဝါးများ၏ ရင်းမြစ်နှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် ဂိုဏ်းဝင်များကို ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...