CATEGORY

ဆောင်းပါး

ခွန်ဆာ၏ နောက်ဆုံးနေ့ရက်များ

၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်‌ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်‌ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။ စဝ်ခွန်ဆာ၏...

လူထုကျန်းမာရေးကို စတင် ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ

ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။ အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ “ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

လူမျိုးရေးအမုန်းပွားအောင် ဇာတ်ကြောင်းဖန်တီးနေသည့် ဒေသတွင်းသတင်းဌာနအတုပကို လေ့လာခြင်း

နိဒါန်း လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) လူမျိုးရေးတိုက်ပွဲ ဆိုသည်မှာ လူမျိုးအုပ်စုများအကြား လူမျိုးချစ်တတ်သည့် စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခဆိုသော်လည်း မည်သူ့ ပယောဂမှမပါဘဲ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မရှိပေ။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အမုန်းစကားများမှာ စစ်တပ်၊ အစိုးရနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများအပါအဝင် သြဇာကြီးမားသူများက အချိန်ကြာမြင့်စွာကတည်းက စနစ်တကျ ဖြန့်ဝေလာခြင်း...

နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ

“တံတား အသစ်ကြီး မှာ ဆိုရင် အနီရောင် ကြယ်တစ်ပွင့် အလံကြီးတွေကို တွေ့လိုက်ရတော့ မျက်ရည်တွေ ဝဲ ပြီး ရင်ထဲ မှာ ဆို့နစ်သွားတာပဲ..ဘယ်လောက် ပဲ စစ်တပ်ကို မကြိုက်မကြိုက် တစ်ခြား သူတွေ လာတော့ ဝမ်းနည်းတယ်” လို့ ရှမ်းပြည်နယ် မြောက်ပိုင်း...

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”

“တို့ဆေး”ရဲ့ အစွမ်းကြောင့် ပါလာတဲ့ပစ္စည်းတွေ လုယက်ခံရ၊ ငွေလိမ်လည်ခံရတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စနဲ့ ကြားလာရပါတယ်။ အဆိုးရွားဆုံးကတော့ “တို့ဆေး”ကြောင့် အမျိုးသမီးငယ်တစ်ယောက် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပြန်လွတ်လာတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တစ်ချိန်တစ်ခါက အေးချမ်းပြီး စိတ်လုံခြုံမှု အရှိဆုံးဆိုတဲ့ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ...

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

နားခိုရာပျောက်ဆုံးနေတဲ့ စစ်ဘေးရှောင်များ

“ဒရုန်းသံ တဝီဝီ စကြားရတာ၊ မကြာလိုက်ဘူး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာပဲ။ ဈေးဘက်မှာ ဗုံးသီးချသွားလို့ မီးခိုးတွေ တက်လာတာ၊ဒရုန်းက ၅ လုံး ၆ လုံး အုပ်လိုက်ကြီး လာတာ”လို့ တိုက်ပွဲတစ်ခုရဲ့ ခေါ်သံကို နောင်ပိန်ဒေသခံ စိုင်းလျန်းက မမျှော်လင့်ဘဲ ကြားလိုက်ရပါတယ်။ သျှမ်းပြည်မြောက်ပိုင်းရဲ့ တံခါးပေါက်လို့...

ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ

စိမ်းလန်းစိုပြေနေသော ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိမ္မော်စိုက်ခင်းထဲတွင် ပိုးသတ်ဆေး အနံ့များမှာ ပြင်းရှရှ။ ထိုစူးရှပြင်းပြလှသည့် ပိုးသတ်ဆေးအနံ့ကို တစ်ကြိမ်တစ်ခါမျှ မရင်းနှီးသည့် လူတစ်ဦးအနေဖြင့် ရုတ်တရက် ရှူရှိုက်မိလျှင် မူးဝေသွားနိုင်သည်။ သို့သော် လိမ္မော်စိုက်ခင်းအတွင်း အလုပ်လုပ်နေကြသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည် ထိုပိုးသတ်ဆေးအနံ့ကို နေ့စဉ်ရှူသွင်းနေရသဖြင့် ယဉ်ပါးနေပြီ ဖြစ်သည်။ ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ မြောက်ဘက်...

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး

“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...

Latest news