အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်
သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...
လေကြောင်းဗုံးဒဏ်ကြား အသက်လု ရှင်သန်နေသူများ
ကောင်းကင်ယံမှာ လေယာဉ်ပျံဝဲသံကြားလာတာတဲ့အမျှ မြေပြင်က ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ မသေချာမရေရာဘဲ ဆောက်တည်ရာမဲ့ ပြေးလွှားနေကြပါတယ်။ လေယာဉ်သံနဲ့အတူ ဗုံးကြဲချမှုကလည်း စစ်ကော်မရှင်က ပြုလုပ်လေ့ရှိတော့ လေယာဉ်သံကြားတိုင်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငိုပြီး အသက်ရှင်ဖို့ ဘေးလွတ်ရာသို့ ကိုယ်စီပြေးနေကြတာပါ။ အခုဆိုရင် စစ်ကော်မရှင်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့...
ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း
မိုးစက်ကျသံတွေနဲ့အတူ ကလေးငယ်ရဲ့မျက်နှာကို မြင်ရဖို့အတွက် ကိုနိုင် (အမည်လွှဲ)တစ်ယောက် စိတ်တွေ ဂဏှာမငြိမ် ဖြစ်နေပါတယ်။ အချိန်က မိုးဉီးကျ ဇွန်လအစပိုင်း ဆိုတော့ မိုးစက်သံ တဖြိုက်ဖြိုက်နဲ့ အတူ ကိုနိုင်နဲ့ မစန်းစန်း (အမည်လွှဲ) က ကလေးကောင်းမွန်စွာ မွေးဖွားနိုင်ဖို့အတွက် ဝင်ငွေနည်းပါးတဲ့ကြားက တောင်ကြီးမြို့ပေါ် ပုဂ္ဂလိက ဆေးရုံတစ်ခုကို...
သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ
“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈)...
လေကြောင်းနဲ့ အကြမ်းဖက်ဖို့ လှုံဆော်နေတဲ့ စစ်ကောင်စီ ဝါဒဖြန့်မှုများကို စိစစ်ခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို တွန်းလှန်တဲ့ တိုက်ပွဲတွေကြားမှာ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခံရမှုဟာ တနေ့တခြား ပိုတိုးလာနေပါတယ်။ စစ်အာဏာသိမ်းမှု (၄) နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီဖက်ကနေ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇,၀၁၀ ဦး သေဆုံးခဲ့တယ်လို့...
“အသက်ရှင်နေလျက် ဘဝသေနေသူများ “
ကိုကျော် (အမည်လွှဲ) တယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ပျာပျာတလဲလဲဖြင့် သူ၏ မိန်းမလက်ကိုဆွဲပြီး ရှိသမျှ အသိမိတ်ဆွေနှင့် ဆွေတော်မျိုးတော် အိမ်များကို ပတ်ပြီး ပိုက်ဆံလိုက်ချေးနေရသည်။ စစ်မှုထမ်းအတွက် ပုံမှန်လစဉ်ကြေး ငါးသောင်းကျပ် ပေးဆောင်ခဲ့သော်လည်း ယခုနှစ် ၂၀၂၅ ဇူလိုင်လဆန်းတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့်ရာအိမ်မှူးထံ သွားရောက်ညှိနှိုင်းခဲ့ရာ ပိုက်ဆံ ၁၀ သိန်း ပေးနိုင်လျှင် ကင်းလွတ်ခွင့်ပေးမည် ဆိုသောကြောင့် ထိုပိုက်ဆံ ၁၀ သိန်းရနိုင်ဖို့အရေး ကိုကျော်တို့ လင်မယား အသည်းအထန် ရှာဖွေရတော့သည်။ “ရာအိမ်မှူး လာပြောတုန်းက ကျနော်လည်း စားရင်းထဲပါတယ်ဆိုတော့ ထွက်ပြေးရမလား၊ ကြိုးဆွဲချ သေရမလား မသိတော့ဘူး” ဟု ကိုကျော်ကရှိုတ်သံဖြင့် ပြောပြလာသည်။ ကိုကျော်သည် သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ ဇာတိဖြစ်သည်။ သူသည် အသက် ၃၀ ကျော်အရွယ်ရှိပြီး မိန်းမနှင့် ကျောင်းနေရွယ် ကလေး ၃ဦးရှိသည်။ အိမ်ထောင်ဦးစီးဖြစ်သူ ကိုကျော်တွင်လည်း ခေတ်ကာလ အခြေအနေကြောင့် ကြုံရာကျပန်း အလုပ်လုပ်၍ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး နေ့စာဝင်ငွေဖြင့်သာ လုပ်ကိုင်နေရသဖြင့် ဝမ်းရေးကို ပြည့်မီအောင် မစားရသည့် အခြေအနေပင်။ ထိုအခြေအနေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့် ကိုကျော်တစ်ယောက် ဘာလုပ်ရမှန်းမသိ ကယောင်ခြောက်ခြား...
အိမ်တွင်းအကြမ်းဖက်မှု သံသရာကြားက ရုန်းထွက်ဖို့ခက်နေသည့် ရွှေပြောင်းအမျိုးသမီးအလုပ်သမားများ
ဆယ်ပေ ပတ်လည်ခန့် ရှိသော အခန်းကျဉ်းကလေးထဲတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ခေါင်းလေးတမျှော်မျှော်၊ လည်လေးတဆန့်ဆန့်ဖြင့် ဖခင်အိမ်ပြန်အလာကို စောင့်မျှော်လျက် ရှိလေသည်။ “သူ့အဖေက ညတိုင်းလိုလို အပြင်မှာအရက်သွားသောက်၊ မနက်ဆိုလည်း အိမ်ပြန်မရောက်လာဘူး။ တစ်ခါတစ်လေ သမီးကို ကျောင်းပို့ပေးမယ့်သူမရှိ၊ သမီးလည်း ကျောင်းမသွားရဘူး” ဟု မိခင်ဖြစ်သူ...
“ အနာဂတ်အတွက် အသက်သွေးကြော ပျက်သွားပြီ “
“ဒီလိုရေနှောက်တာ၊ ရေကြီးတာ တခါမှ မကြုံဖူးဘူး။ နမ့်ခုတ်ရေက သုံးလို့မရတော့ဘူး။ ငါးတွေကိုလည်း ကျမတို့ မစားရဲတော့ဘူး” လို့ အသက် ၇၀ အရွယ်ရှိ နန်းမွန်းက ထိုင်းဘာသာစကားနဲ့ ပြောပါတယ်။ နန်းမွန်ဟာ အသက် ၇၀ ကျော်အရွယ်ရှိပြီး ချင်းရိုင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နမ့်ခုတ်မြစ်ရဲ့ ရေအရောင်ပြောင်းလဲမှုတွေ၊...
ရွှေ့ပြောင်းစနစ် နှင့် ဆက်ကြီးထွားနေသည့် သျှမ်းပြည်ထဲ ကျားဖြန့်ဂိုဏ်း
ကျားဖြန့်ဆိုပြီး လူသိများသည့် အွန်လိုင်း လောင်းကစားပပျောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ က နည်းမျိုးစုံကြိုးစားနေသော်လည်း ယနေ့အချိန်ထိ သျှမ်းပြည်အတွင်း ပပျောက်မှု မရှိနေသည်မှာ လူထုအတွက်မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယခုနှစ်အစပိုင်း၍ ကျားဖြန့် ပပျောက်ရန်အတွက် ထိုင်း-မြန်မာ- တရုတ် စသည့် သုံးနိုင်ငံ အာဏာပိုင်များက ပူးပေါင်းပြီး ဘက်စိတ်တိုက်...
ဝဿန်မိုး နှင့်အတူ သောကမျက်ရည်စီးမျှောနေရသည့် စစ်ဘေးရှောင်
မိုးရာသီ ရောက်ပြီ။ မုတ်သုံအဝင် မိုးဦးအစမှာပင် မိုးအဆက်မပြတ် ရွာသွန်းနေသည်။ ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။ လယ်ယာလုပ်ငန်းခွင်တို့ ခြေဦးမလှည့်နိုင်ခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိလေပြီ။ တောင်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော “ဒုန်းဒုန်းဒိုင်းဒိုင်း” သေနတ်သံများအကြားတွင် ဖိနပ်မပါ ခြေဗလာဖြင့်...






