နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ

“တံတား အသစ်ကြီး မှာ ဆိုရင် အနီရောင် ကြယ်တစ်ပွင့် အလံကြီးတွေကို တွေ့လိုက်ရတော့ မျက်ရည်တွေ ဝဲ ပြီး ရင်ထဲ မှာ ဆို့နစ်သွားတာပဲ..ဘယ်လောက် ပဲ စစ်တပ်ကို မကြိုက်မကြိုက် တစ်ခြား သူတွေ လာတော့ ဝမ်းနည်းတယ်” လို့ ရှမ်းပြည်နယ် မြောက်ပိုင်း မှာ နေထိုင်သူ ဒေါ် နန်းခမ်း(အမည်လွှဲ) က ပြောပါတယ်။


အောက်တိုဘာ ၂၇ ရက်နေ့ ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်နှစ်ပြည့်မြောက် မှာ ဖြစ်ပါတယ်။ စစ်ရှောင်အပြီး နှစ်နှစ် အကြာ နေရပ်ကို ပြန်လာခဲ့သူ ဒေါ်နန်းခမ်း ဟာ မိတ်ဆွေတွေရဲ့ အခြေအနေတွေ တည်ငြိမ်နေပြီ ဖြစ်ကြောင်း ပြောကြားချက်တွေကြောင့် မယုံရဲ ယုံရဲ နဲ့ နေရပ်ကို ပြန်လာခဲ့ သူ ဖြစ်ပါတယ်။


ယခင် လားရှိုးခရိုင် လက်အောက် မှာ ရှိပြီး ကုန်ကားကြီး တွေ ဖြတ်သန်းသွားလာတဲ့ ကြား မြို့ သာ သာ ပဲ ရှိတဲ့ မြို့လေး ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ပြီး ၂နှစ် အကြာ မှာတော့ စစ်ရေး မြေပုံပေါ်မှာသာမက နိုင်ငံရေး၊ စီးပွားရေး စားပွဲဝိုင်းတွေပေါ်မှာပါ မီးမောင်းထိုးခံနေရတဲ့ မြန်မာပြည်ရဲ့ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တို့ကြား အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စာချုပ်တစ်စောင် ရှိနေပေမဲ့၊ ဒီမြို့ရဲ့ ကံကြမ္မာကတော့ ရေပွက်ပမာ မတည်ငြိမ်သေးပါဘူး။

ပုံစာ – သိန္နီမြို့မဈေးနေရာဟောင်းတွင် MNDAA တည်ဆောက်မည့် သိန္နီခရိုင်ဆေးရုံကြီး ဒီဇိုင်းပုံ (ဓာတ်ပုံ – ဒေသခံ)

သိန္နီဟာ စစ်တပ်အတွက် တိုင်းစစ်ဌာနချုပ်ရှိခဲ့တဲ့ လားရှိုး လို အရေးပါသလို၊ ကိုးကန့်တပ်တွေ အတွက်လည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ ရလဒ်နဲ့ ၎င်းတို့နယ်မြေကို ခိုင်မာအောင် ထိန်းသိမ်းထားမယ့် ရှေ့တန်းခံတပ် တစ်ခုလို ဖြစ်နေတာကို မြင်တွေ့ရနိုင်ပါတယ်။

ဒါ့အပြင် စစ်တပ် နဲ့ ကိုးကန့်တို့ အကြား နယ်နမိတ် မျဉ်း တစ်ခုလို့ သတ်မှတ်ခံထားရတဲ့သိန္နီမြို့ ဟာ လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးရဲ့ အကြီးဆုံးဂိတ်ဖြစ်တဲ့ မူဆယ် (၁၀၅ မိုင်) နဲ့ ဒုတိယအကြီးဆုံး ချင်းရွှေဟော် ဂိတ်တွေကို ဆက်သွယ်ပေးထားတဲ့ အဓိက လမ်းဆုံ ဖြစ်လို့ လာ ပါတယ်။

တရုတ်နိုင်ငံကနေ မြန်မာပြည်မ (မန္တလေး၊ ရန်ကုန်) ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ နဲ့ မြန်မာကနေ တရုတ်ကို တင်ပို့တဲ့ သယံဇာတပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ ဟာ တရား ဝင်ရော တရားမဝင်ပါ စီးဆင်းတဲ့ ပင်မလမ်းမကြီး ကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

ပုံစာ – သိန္နီမြို့မဈေးနေရာဟောင်းတွင် MNDAA တည်ဆောက်မည့် သိန္နီခရိုင်ဆေးရုံကြီး ဒီဇိုင်းပုံ (ဓာတ်ပုံ – ဒေသခံ)

တရုတ်နိုင်ငံရဲ့ One Belt One Road (BRI) စီမံကိန်းအရ စွမ်းအင်ပိုက်လိုင်းတွေနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းအချို့ဟာ လည်း သျှမ်းမြောက်ဒေသမှာ ရှိနေတာကြောင့် ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ချလက်ချ ကာကွယ်ထိန်းသိမ်းဖို့ရာ သိန္နီတည်ငြိမ်ရေးကို အလိုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ သိန္နီဒေသ တစ်ဝိုက် တိုက်ပွဲများကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ခဲ့ပြီး တရုတ်ရဲ့ စီးပွားရေးအရ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ ဒါကြောင့် သိန္နီကို တည်ငြိမ် အေးချမ်းစေမယ့် အုပ်ချုပ်ရေးအဖွဲ့တစ်ခု (MNDAA ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ) က ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်လည်စတင်စေဖို့ တရုတ်က ဖိအားပေးနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အတွက်ကတော့ ကုန်သွယ်မှုရဲ့ အကျိုးအမြတ်၊ ရင်းနှီးမြှုပ်နှံမှုရဲ့ လုံခြုံရေး နဲ့ ဒေသတွင်း ဩဇာတည်ဆောက်ရေး အတွက် အဓိကကျတဲ့ မဟာဗျူဟာ မြို့လယ်ခေါင် ဖြစ်နေပေမယ့် ဒေသခံတွေ အတွက်ကတော့ နိဗ္မာန်လား ငရဲလား ပါပဲလို့ ဒေါ်နန်းခမ်းက ရင်ဖွင့်ပါတယ်။

ပုံစာ – သိန္နီမြို့မဈေးနေရာဟောင်းတွင် MNDAA တည်ဆောက်မည့် သိန္နီခရိုင်ဆေးရုံကြီး ဒီဇိုင်းပုံ (ဓာတ်ပုံ – ဒေသခံ)

သူမ စစ်ရှောင်တာ ၂ နှစ်ပြည့်တဲ့ အချိန် နေရပ်ကို ပြန်လာတဲ့အခါ ပြောင်းလဲမှုတွေ များစွာ ကြုံတွေ့ ရတယ်လို့ ပြောပါတယ်။ တရုတ်နယ်စပ်တွေ နဲ့ နီးတဲ့ မြို့ ဖြစ်ပေမယ့် စိုက်ပျိုးရေးကိုသာ အဓိက ထား လုပ်ကိုင်ကြတဲ့ မြို့ ဖြစ်တဲ့ အတွက် စပါးအများဆုံး စိုက်ပျိုးတဲ့ နေရာတွေ မှာ ဘူဒိုဇာ နဲ့ ထိုးထားတဲ့ မြေကွက်လပ်ကြီးတွေ ၊မျက်စိတစ်ဆုံး ကြံပင်တွေ ကို အံ့ဩတကြီး ကြည့်မိတယ်လို့ ဆိုပါတယ်။


သိန္နီလွင်ပြင် ဟာ သျှမ်းပြည် မြောက်ပိုင်း မှာ အရှည်ဆုံး လွင်ပြင် တစ်ခု လည်း ဖြစ်ပါတယ်။ စပါးအစိုက်များဆုံး ဒေသတစ်ခုလည်း ဖြစ်ပြီး စပါး၊ပြောင်း၊ ပဲပုတ် နဲ့ဒေသထွက် အသီးအနှံတွေ အများဆုံး စိုက်ပျိုး ကြတာပါ။မြေဩဇာပျက်စီးလွယ်တဲ့အတွက် မစိုက်ပျိုးကြတဲ့ ကြံပင်တွေကို မြင်ရတဲ့ အတွက် သက်ပြင်းချမိတယ်လို့ ဆိုပါတယ်။


အိမ် အပြန် လမ်းတစ်လျှောက် ပေးဆောင်ရတဲ့ အခွန်အခ ဂိတ်တင် အခု ၃၀ လောက် ရှိတာကိုလည်း သူမ မှာအံ့ဩ မဆုံးလို့ ဖြစ်ရတယ်လို့ ပြောပါတယ်။မြို့တွင်းကို ဝင်လိုက်ရင်ပဲ အစိမ်းရောင် ဝတ်စုံတွေ ဝတ်ထားတဲ့ သူတွေ အများအပြား ကို တွေ့မိတဲ့အခါ တုန်လှုပ်စိတ် ဖြစ်မိတယ်လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ရင်ဖွင့်ပါတယ်။


“သူတို့ ပြောတဲ့ စကား ကို လည်း ငါ နားမလည် ..ငါ ပြောတဲ့ စကားကိုလည်း သူတို့ နားမလည်..အခု ချက်ချင်း ပဲ သေနတ်နဲ့တောင် ပစ်လိုက်မှာစိုးရတယ်..စကားတွေ ပြောတာလည်း အသံကျယ်ကျယ် နဲ့ ရိုင်းတယ် အရမ်း” လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ခေါင်းကို လေးလေးပင် ယမ်းကာ ပြောပြပါတယ်။


သူမ သိခဲ့တဲ့ မြို့လမ်းမ တန်း နေရာတွေ မှာ အခု ဆိုရင် တရုတ်စားသောက်ဆိုင်တန်းတွေ၊လူသုံးကုန် ပစ္စည်းဆိုင်ကြီးတွေ၊KTV တွေ၊မြင်တွေ့ လာရတယ်လို့ ပြောပြပါတယ်။အကွင်းအကွက် ကောင်းတဲ့ နေရာတွေ ကို သိန်းထောင်ချီပြီး ဝယ်ယူနေကြတဲ့အတွက် မိတ်ဆွေ အချို့ မပြေလည်တဲ့ စီးပွားရေး အကြား မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရောင်းထုတ်ကာ ပြောင်းရွှေ့သွားကြ တယ်လို့လည်း သူမက သက်ပြင်းချကာ ဆိုပါတယ်။

သိန္နီလောင်းကစားပွဲ


“သူတို့ အချင်းချင်း မြို့ကို ရောင်းစားလိုက်ပြီ လို့ ပြောတာပဲ..မဟုတ်ရင် ဘယ်သူက ဒီလောက် အတည်တကျ လုပ်ကြမှာလဲ.. မဟုတ်ဘူးလား.. အဲ့ဒါကြောင့်လည်း ငါ ကိုယ့်မြို့ကိုယ် ပြန်လာ တာပေါ့..စစ်ထပ်မဖြစ်နိုင်ဘူးလို့ ယူဆ ရတာပဲ ”လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ဆိုပါတယ်။


ငယ်စဉ်ကတည်းက အသက် ၆၀ အထိ တစ်ပိုင်တစ်နိုင်ဈေးရောင်းစားခဲ့ တဲ့ သူမ အနေနဲ့ စစ်ကောင်စီ ပစ်ချထားလို့ ပျက်စီးသွားကာ ဟင်းလင်းပြင်ကြီး ဖြစ်နေတဲ့ ဈေးကွက်လပ်ကြီးကို ကြည့်ကာ အကြိမ်ကြိမ် သက်ပြင်းချမိတယ်လို့ ပြောပြန်ပါတယ်။


ဒါ့အပြင် သူမ အမြဲ သွားနေကြ သိန္နီစော်ဘွားတည်ဆောက်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း အရှေ့ မှာ အခိုင် အမာ ဆောက်ထား တဲ့ လောင်းကစားတန်းလျားကြီးဟာ သူမ အံ့ဩ တုန်လှုပ်မှုကို ၂ ဆဖြစ်စေတယ်လို့ ဆိုပါတယ်။ ယခင် ဘုရားပွဲ ရောက် မှသာ မြင်တွေ့ရတဲ့ အရာတွေဟာ အခု ချိန် မှာ လူတစ်အုံးအုံးနဲ့ လို့ ဆိုပါတယ်။


“အရင်က အပျော် ပဲ…အခုက အပျက် ဖြစ်လာနေပြီ..”လို့ အသံတုန်တုန် နဲ့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ပြောပါတယ်။


၂ နှစ် အတွင်း ‌အလုံး အရင်း တိုးဝင်လာကြတဲ့ လူမျိုးခြားတရုတ်လူမျိုးတွေ၊ဒေသခံတွေ အပေါ် သက်ရောက်မှု ကြီးလာတဲ့ လောင်းကစားဝိုင်းတွေ၊နယ်မြေ ထိန်းချုပ်တာကို အကြောင်းပြပြီး အနီး ပတ်ဝန်းကျင် လယ်မြေ အများအပြား ကို သိမ်းဆည်းတာတွေ၊ စီးပွားရေး သမားတွေက နေရာ ကောင်းတွေကို ဈေးကောင်းပေးဝယ်ယူတာတွေ စသဖြင့် ဒေသရဲ့ စီးပွားရေးနဲ့ လူမှုပတ်ဝန်း ကျင်ဟာ တရုတ် ယွမ်ငွေ ဩဇာ အောက် ကို ပိုမိုရောက်ရှိလာပါတယ်။

“အလုပ်လုပ်လိုက် လောင်းကစားလေး ပြေးလုပ်လိုက်နဲ့..အနီးအနား မှာလည်း ဟိုဟာ ပျောက် ဒီဟာ ပျောက် နဲ့…ပြီးခဲ့တဲ့ တစ်ခေါက်က ဆို ဒီလောင်းကစားကြောင့် မိတ်ဆွေ တစ်ဦး တောင် အသတ်ခံလိုက် ရတယ်” လို့ မျက်ရည်ဝဲကာ အသံတိုးတိုး လေး ဖြင့် ဒေါ်နန်းခမ်း(အမည်လွှဲ) က ဆိုပါသေးတယ်။

သိန္နီ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သူအပါအဝင် ပြစ်မှုကျူးလွန်သူ(၇)ဦး MNDAA သေဒဏ််ပေး

ဘာသာစကား မတူ၊ လူမျိုး မတူ သူတွေ ရဲ့ လက်အောက် မှာ ဒေသခံတွေ ကို တုန်လှုပ်စေတဲ့ သေဒဏ်ပေး တရားစီရင်ရေးမျိုး ဟာ ဘိန်းစား၊သူခိုး တွေ လို လူမျိုး တွေ အတွက် နယ်မြေ ငြိမ်းချမ်းစေတယ် ဆိုပေမယ့် အမေးအမြန်းမရှိ ခေါင်းစဉ်တပ် ဖမ်းဆီးတာ၊ငွေကြေး အမြောက်အများ နဲ့ ပြန်လည် ရွေးထုတ်ရတာ စတဲ့ တရားဥပဒေ စိုးမိုးမှု တင်းကျပ်ထားတဲ့ ကိုးကန့်တပ်ရဲ့ အုပ်ချုပ်မှု အောက် မှာ တစ်ဖြေးဖြေး တိတ်ဆိတ် လာတယ်လို့ ဒေသခံတွေ က ဆိုကြပါတယ်။

အပြစ်ဒဏ်စီရင်တာကို တစ်အိမ်တစ်ယောက် ခေါ်ပြီး ကြည့်စေခိုင်းတဲ့ အတွက် ဒေါ်နန်းခမ်း(အမည်လွှဲ) တစ်ယောက် ၂ ရက်လောက် အိမ်တွင်း ကနေ အိမ်ပြင် ထိတောင် မထွက်နိုင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ပြည်သူတွေ လိုချင်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ကို ဦးတည်တဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအောင်မြင်မှုရဲ့ နောက်ဆက်တွဲက ဖက်ဒရယ်အိပ်မက် နဲ့ လူမျိုးစုအခြေပြု အုပ်ချုပ်ရေး ကြားက ကွာဟချက်ကို ဒေသခံတွေ မေးခွန်းထုတ်စရာ ဖြစ်နေသလို စိုးရိမ် စရာ ပူပန်စရာတွေလည်း ဖြစ်လာပါတယ်။

သိန္နီ ကို ကိုးကန့်လက်ထဲကနေ စစ်တပ်က ပြန်လည် တောင်းဆိုနေတာဟာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ကို ပြန်လည် ထိန်းချုပ်ချင်တာလည်း ဖြစ်သလို စစ်ရေး နိုင်ငံရေး သုံးသပ်သူတွေ အကဲခတ်ကြသလို စစ်ကောင်စီရဲ့ ထိုးစစ်လမ်းကြောင်းတွေ ပိုပွင့်သွားနိုင် တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

သိန္နီမြို့အဝင်တွင်တွေ့ရသည့်တံတားပေါ်က အလံ

စီးပွားရေး ကြောင့်ပဲ ဖြစ်ဖြစ် ၊စစ်ရေး အခြေအနေ ကြောင့် ပဲ ဖြစ်ဖြစ် နေထိုင်နေသူ၊စစ်ရှောင်နေသူ ဒေသခံတွေ ကတော့ နေ့စဉ် နဲ့ အမျှ ရင်တထိတ်ထိတ် နဲ့ နေထိုင်နေရတယ်လို့ ဆိုကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးစီးပွားနဲ့ ကြီးမားတဲ့ နိုင်ငံရေးဖိအားတွေကြားမှာ ပြောင်းလဲမှုများစွာ ရှိနေတဲ့ သိန္နီမြို့လေးဟာ ရှေ့ဆက် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် မြန်မာ့ပဋိပက္ခရဲ့ နယ်မြေ တစ်ခု ဖြစ်နေပါတော့တယ်။


သူမ နေထိုင်တဲ့ မြို့ဟာ သိန္နီစော်ဘွားနယ်မြေ ရဲ့ မြို့တော်ဟောင်းဖြစ်ပြီး လက်ရှိမှာ ကျေးရွာ အုပ်စု ပေါင်း အခု ၃၀ ကျော်၊ ရွာပေါင်း ရာ နဲ့ ချီရှိပြီး ရှေးယခင်ကတည်းက သျှမ်းပြည်ရဲ့ သမိုင်းမှာ အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော် SSA ကို ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကတော် သိန္နီစော်ဘွားကြီး ရဲ့ သမီးတော် မဟာဒေဝီစဝ်နန်းဟိန်းခမ်း ရဲ့ မွေးဖွားရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

“ငါတို့ စော်ဘွားတွေ တော်တာ ရာဇဝင်မှာ ကျန်ခဲ့ပါပြီ…”လို့ ဒေါ်နန်းခမ်းက ဆိုပြန်ပါတယ်…

နန်းလောဝ်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို...

ကရင်နီပြည် အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်တပ်ဗုံးကြဲ ကလေးအပါအဝင် (၅)ဉီး သေဆုံး

0
ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှင့် ကလေးငယ်အပါအဝင် (၅)ဉီးး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင် ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က...

စစ်ကော်မရှင်၏ ဖုန်းခြေရာခံ ဖမ်းဆီးရေးစနစ်

0
စစ်ကော်မရှင်သည် မိုဘိုင်းဖုန်းများကို ကွန်ရက်အတွင်း ခြေရာခံနိုင်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ CEIR စနစ်ကို ကျင့်သုံးရခြင်းမှာ ဖုန်းခိုးမှုပပျောက်ရန်နှင့် တရားမဝင် မှောင်ခိုဖုန်းတင်သွင်းမှုကို ထိန်းချုပ်ရန်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ (မတ်လ ၅ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။ သို့သော် လက်တွေ့တွင်...

မြန်မာနိုင်ငံတွင် ရက်ပေါင်း (၄၀) စာ စက်သုံးဆီအရန်ရှိ၊ စက်သုံးဆီရှိလျက် မရောင်းပေးသည့် ဆိုင်များကို အရေးယူမည်ဟု စစ်ကော်မရှင်ပြော

0
မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်၍ ပြည်သူများအကြား ထိတ်လန့်ဝယ်ယူမှုများ ရှိနေသော်လည်း လက်ရှိတွင် ရက်ပေါင်း (၄၀) စာ အရန်စက်သုံးဆီ ရှိနေကြောင်းနှင့် စက်သုံးဆီတင်သင်္ဘောများ ထပ်မံရောက်ရှိရန်ရှိကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်...