Monday, January 26, 2026

စဝ်နွံ မန်းရိုင်း ( ခ ) စူဠာမဏိ

အမည်- စဝ်နွံ မန်းရိုင်း

အခြားအမည်- စူဠာမဏိ

မွေး‌နေ့ ၁၉၄၆ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်မွေးရပ် သျှမ်းပြည်‌တောင်ပိုင်း၊ ရပ်‌စောက်မြို့
(အ‌ဖေဖြစ်သူသွား‌ရောက်တာဝန်ထမ်း‌ဆောင်ခဲ့သည့်မြို့တွင်‌မွေးဖွားခဲ့)

မိဘ -စဝ်‌ကျောက်မိုင်း၊ စဝ်နန်းစိန်မြ

မွေးချင်း‌မောင်နှမ (၅)ဦး – (၁) စဝ်အွတ်၊ (၂) စဝ်နွံ မန်းရိုင်း၊ (၃) စဝ်နန်း‌ဖောင်းနွန်း၊ (၄) စဝ်နန်း‌ဖောင်း‌ကျောက်၊ (၅) စဝ်နွဲ့

ပညာ‌ရေး ကျိုင်းတုံ မူလတန်း‌ကျောင်းတွင် ၂တန်းအထိ ပညာသင်ကြားခဲ့သည်။

၃-တန်းမှ ၈-တန်းအထိ က‌လောမြို့တွင် ဆက်လက်ပညာသင်ကြားခဲ့။ ၉-တန်းမှ ၁၀-တန်းအထိ တောင်ကြီးမြို့သို့ ပြောင်း‌ရွှေ့ ပညာသင် ကြားခဲ့။

ရန်ကုန်တက္ကသိုလ်တွင် ရူပ‌ဗေဒ(Physic)ဖြင့် ဘွဲ့ရရှိခဲ့။

အိမ်‌ထောင် (၁) နန်းစံဟွမ်(မိုင်း‌လွေမြို့စား၏ တူမဖြစ်သူ) ပထမအိမ်‌ထောင်နှင့် ၁၉၈၃ ခုနှစ်တွင် သမီးတစ်ဦးထွန်းကားခဲ့။ (၂) နန်းနွဲ့ (ထိုင်းနိုင်ငံသူ) ဒုတိယအိမ်‌ထောင်နှင့် ၁၉၈၉ ခုနှစ်တွင် သမီးတစ်ဦးထွန်းကားခဲ့။

၁၉၆၉ တော်လှန်‌ရေး‌ကောင်စီဥက္ကဋ္ဌဦး‌နေဝင်းလက်ထက်၁၉၆၂ခုနှစ်မှစပြီး ပိတ်ပင်ခဲ့သည့် သျှမ်းစာ‌ပေသင်ကြားခွင့်ကို သင်ကြားခွင့်ပြန်လည်ရ ရှိ‌ရေးအတွက် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် သျှမ်းစာ‌ပေ ညီလာခံ တွင် ၃၃-ဦး‌ကော်မတီ အဖွဲ့ဝင်အဖြစ် တက္ကသိုလ်‌ကျောင်းသားဘဝ ဖြင့် ပါဝင်လှုပ်ရှားခဲ့။

၁၉၇၃ သျှမ်းပြည်‌မြောက်ပိုင်း၊ လွယ်‌မော်‌ဒေသ မိုင်းတွမ်းရှိ (SUA)တပ်ဖွဲ့ သို့ စတင်ဝင်‌ရောက်ပြီး စစ်သင်တန်းတက်‌ရောက်ခဲ့။

စဝ်နွံ မန်းရိုင်း ( ခ ) စူဠာမဏိ

၁၉၇၅ (SUA)တပ်ဖွဲ့ စဝ်ဖလန်၏ လုံခြုံ‌ရေးတပ်တွင် လက်‌ထောက်လုံခြုံရေးမှူး ဗိုလ်အဆင့်ရာထူးဖြင့် တာဝန်ထမ်း‌ဆောင်ခဲ့။

၁၉၇၆ ဗိုလ်ကြီးရာထူးသို့ တိုးမြှင့်ခံရပြီး စက်ယန္တရားပိုင်းဆိုင်ရာတွင်ကြီးကြပ်‌ရေးမှူးအဖြစ် ပြောင်း‌ရွှေ့တာဝန်ထမ်း‌ဆောင်ခဲ့။

သျှမ်းပြည်မှ ထွက်ခွာ၍ ထိုင်းနိုင်ငံရှိ (SUA)ဌာနချုပ်တည်ရှိရာ ဟင်တက်ရွာသို့ ရောက်ရှိလာခဲ့။

၁၉၇၈ ဟင်တက်ရွာတွင် သျှမ်းစာ‌ပေ ပညာရှင် လုံးခွန်မဟာ (မိုင်းရယ်) မှကမကထ ဦးစီးတည်‌ထောင်ခဲ့သည့် သျှမ်းစာ‌ပေပုံနှိပ်တိုက်တွင် စက်ပိုင်းဆိုင်ရာကြီးကြပ်အုပ်ချုပ်သူအဖြစ် ပူးတွဲတာဝန်ယူခဲ့။

၁၉၈၄ လွယ်‌ကော်‌ဒေသရှိ ကယားလက်နက်ကိုင်တပ်ဖွဲ့ (KNPP)နှင့် သွားရောက်ဆက်သွယ်ရာတွင် (SUA)တပ်ဖွဲ့၏ကိုယ်စားလှယ်အဖွဲ့ကို ဦး‌ဆောင်ခဲ့။

၁၉၈၅ သျှမ်းပြည်ညီညွတ်‌ရေးတည်‌ဆောက်သည့်အချိန်(TRC-TRA)ခေတ်တွင် “ပိန်းလုံ”သို့ သွား‌ရောက်‌နေထိုင်ပြီး စက်ပိုင်းဆိုင်ရာကြီးကြပ်သူ အဖြစ်ဆက်လက်တာဝန်ထမ်း‌ဆောင်ခဲ့။

၁၉၈၆ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၃-ဖွဲ့ ပူး‌ပေါင်းဖွဲ့စည်းထားသည့် သျှမ်းပြည်တပ်မ‌တော်(MTA)တပ်ဖွဲ့ဌာနချုပ်ရှိရာ “ဟိုမိန်း”သို့ သွား ရောက်ခဲ့ ။

၁၉၈၈ ဟွေခန်မွန် စက်ရုံ ကြီးကြပ်အုပ်ချုပ်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၉၆ သျှမ်းပြည်တပ်မ‌တော် (MTA)တပ်ဖွဲ့ လက်နက်နှင့်ငြိမ်းချမ်း‌ရေး လဲလှယ်ခဲ့ရာတွင် တပ်ဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ခဲ့ပြီး ဟိုမိန်းမှ ထွက်ခွာလာခဲ့။

၁၉၉၈ ထိုင်းနိုင်ငံ၊ မယ်ကျန်းတွင် မိသားစုနှင့်အတူ ငြိမ်းချမ်းစွာ ပြန်လည်အခြေချနေထိုင်သည်။

စဝ်နွံမန်းရိုင်းသည် တက္ကသိုလ်‌ကျောင်းသားဘဝ၌ သျှမ်းစာ‌ပေ‌ရေးရာကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ဆရာကြီးဦးစိုင်း‌အောင်ထွန်း၏ တပည့်အရင်းဖြစ်ခဲ့ သည်။ ဆရာကြီးကိုယ်တိုင် စဝ်နွံကို “စူဠာမဏိ”ဟု အမည်‌ပေးမှည့်‌ခေါ်ခဲ့သည်။ ထိုစဉ်က စဝ်နွံ(ခ) စူဠာမဏိသည် အရပ်‌ထောင်‌ထောင်‌မောင်း‌မောင်းနှင့် ဥပဓိရုပ်‌ကောင်းသဖြင့် “ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်” ဖြစ်ခဲ့ပြီး လူချစ်လူခင်များသည်။

(SUA)ခေတ် “ဟင်တက်ရွာ”တွင် မြို့ပြဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်ခဲ့သည်။

(MTA)ခေတ် “ဟိုမိန်း”ဒေသ လျှပ်စစ်မီးရရှိ‌ရေးအတွက် ဟိုမိန်း‌မြောက်ဘက်ရှိ ဟို‌နောင် တွင် တောင်ကျ‌ချောင်းကြီးကို ပိတ်၍ အမြင့်(၂၅)ပေခန့် ဆည်ကြီးတစ်ခုကို ဦးစီးတည်‌ဆောက်ခဲ့ သည်။ ထိုဆည်မှ (၁.၅)မီဂါဝပ် ထွက်ရှိသည့် ရေအားလျှပ်စစ်စက်ရုံကို နိုင်ငံခြားပညာရှင်များမပါဘဲ တည်‌ဆောက်ခဲ့ပြီး ဟိုမိန်းနှင့်အနီးအနား‌ကျေးရွာများကိုပါ လျှပ်စစ်မီး‌ပေးနိုင်ခဲ့သည်။

စဝ်နွံ မန်းရိုင်းသည် ကျိုင်းတုံစော်ဘွားကြီး ” စဝ်ဖကွန်ကျောက်အင်းထလျန် ” နန်းစံသက် ( ၁၈၉၆- ၁၉၃၅ ) ၏မြေးတော် တော်စပ်သည်။ မန်းရိုင်းမင်းဆက်ကျိုင်းတုံစော်ဘွား နောက်ဆုံးမင်းဖြစ်သူ ” စဝ်ဖစိုင်းလုံ ” ၏တူအရင်းတော်စပ်သည့် စဝ်နွံ မန်းရိုင်း ( အသက်- ၇၉ နှစ် ) သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းဆေးရုံကြီး ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ( ၁ ) နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့သည်။

စိုင်းဆိုင်မိုခ် ရေးသားသည်။

(Credit to: Khru Peun Kham & Khru Khur Lurn)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News