“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။

ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့် ကြောက်လန့်စိုးရိမ်မှုဖြင့် သွားလာနေရသည်။

အထူးသဖြင့် ကလေးငယ်များ ပြန်ပေးဆွဲခံရမှု၊ ကျောင်းသား အသတ်ခံရမှုနှင့် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရမှုတို့ကြောင့် မြို့ခံများအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးက တရိပ်ရိပ် ကင်းမဲ့လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သည့် အသက် ၇ နှစ်အရွယ်သာရှိသေးသော ဒုတိယတန်းကျောင်းသားငယ်တစ်ဦးကို နေအိမ်ရှေ့မှာပင် ဟွန်ဒါဖစ် (Honda Fit) ကားဖြင့်ပေါ်တင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုဖြစ်စဥ်ကြောင့် တောင်ကြီးမြို့ဒေသခံများအတွက် ကြောက်ရွံ့စရာတုန်လှုပ်စရာ ဖြစ်လာပြီး လုံခြုံမှု ကျင်းဆင်း လာနေသည် ကို အထင်ရှားဆုံး သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

ပြန်ပေးဆွဲသူသည် ကလေးငယ်၏ အသက်ဖြင့် ရင်းကာ ၎င်း၏ မိဘများထံမှ ငွေကျပ်သိန်း သုံးထောင် (၃,၀၀၀) အထိ တောင်းခံခဲ့သဖြင့် မြို့ခံများတကြိမ်တခါမျှ မကြားဖူးသည့် သတင်းကို ကြားရသည်။

တောင်ကြီးမြို့တွင် မကြားသေးမီက ကျောင်းသားတစ်ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် လက်ရှိ ပြန်ပေးဆွဲမှုများကြောင့် မြို့ခံများအကြား မည်သည့် အာဏာပိုင်မှလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြပေ။

သို့သော် ထိုနေ့ညပိုင်းမှာပင် တရားခံကို ရွှေညောင်မြို့နယ် ရေနွေးရွာတွင် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။ ဒေသခံများ၏ ပြောပြချက်အရ တရားခံသည် အခြားသူမဟုတ်ဘဲ ထိုအိမ်မှ အလုပ်ထုတ်ခံထားရသည့် အလုပ်သမားဟောင်းတစ်ဦး ဖြစ်နေသည်မှာ ပို၍ပင် စိတ်မကောင်းစရာ ဖြစ်ရသည်။

“အိမ်ရှေ့လမ်းမှာ ကစားနေတုန်း Honda Fit ကားပေါ် ဆွဲတင်သွားတာ။ အဲ့လူလည်း သူတို့ ထုတ်လိုက်တဲ့ အလုပ်သမားပဲ” ဟု တောင်ကြီးမြို့ခံ ဦးသောင်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျပ်တည်းလာမှုနှင့်အတူ လူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်း လာမှုသည် ကလေးငယ်တစ်ဦး၏ အသက်ကို သိန်းပေါင်းထောင်ချီဖြင့် လောင်းကြေးထပ်ဝံ့သည့်အထိ ရဲတင်းလာကြသည်။

“လူတွေက စားဝတ်နေရေးအတွက်ရော၊ တခြားအတွက်ရော တအားကြီးကို ခက်ခဲလာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာတွေ ခက်ထန်ကြမ်းတမ်းလာတယ်” ဟု အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ နန်းဝါနုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြန်ပေးဆွဲခံရသည့် ကလေးငယ်မှာ ကံကောင်းစွာဖြင့် ရွှေညောင်မြို့နယ် ရေနွေးရွာတွင် ပြန်လည်ကယ်ဆယ် နိုင်ခဲ့သော်လည်း အခြားသော ပျောက်ဆုံးမှုများလည်း ပဟေဠိဖြစ်နေဆဲ ဖြစ်သည်။

ဆက်လက်ပြီး ဇန်နဝါရီလ ၂၄ ရက်က တောင်ကြီးမြို့ ဝမ်းရေတွင်းအနီးတွင် ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ဦးနှင့် ဇန်နဝါရီလ ၁၂ ရက်ကတည်းက သစ်တောရပ်ကွက်တွင် ပျောက်ဆုံးသွားသည့် ပုသိမ်းမြို့မှ ပန်းရံလုပ်သား ကိုစိုးသစ်ဟန်တို့၏ ဖြစ်စဉ်များကိုကြည့်ခြင်းအားဖြင့် တောင်ကြီးမြို့ ဒေသခံများကို လုံခြုံရေး အာမခံချက် မပေးနိုင်တော့ကြောင်း သက်သေပြနေသည်။

“အရင်တုန်းက ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ ဒီမအလ (မင်းအောင်လှိုင်) လက်ထက်မှ အမျိုးစုံ ဖြစ်နေတာ” ဟု ဦးသောင်းက မှတ်ချက်ပြုသည်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်လည်း တောင်ကြီးမြို့ခံများကို အလွန်အမင်း တုန်လှုပ်စေခဲ့သည်။

ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် Grade – 10 ကျောင်းသားလေး မောင်အနဂ္ဂရဲထက် (အသက် ၁၆ နှစ်) သည် ဒီဇင်ဘာလ ၂၄ ရက်နေ့က နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးသွားပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်မူ ဘုရားဖြူရပ်ကွက်ရှိ ချောက်တစ်ခုအတွင်း၌ ၎င်း၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်။

ကလေးငယ်၏ ဆိုင်ကယ်မှာ ပျောက်ဆုံးနေသဖြင့် ဆိုင်ကယ်လုယက်ရန်အတွက် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။

အနာဂတ်ရှိသည့် ကျောင်းသားလူငယ်တစ်ဦးသည် မြို့ပေါ် ရပ်ကွက်အတွင်းမှာပင် ဤကဲ့သို့ အသက်ဆုံးရှုံးခဲ့ရခြင်းမှာ တောင်ကြီးမြို့၏ လုံခြုံရေးသည် မည်မျှအထိ ကျဆင်းသွားသလဲဆိုသည်မှာ ပြသနေသည်။

“အခုထိ ကလေး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူလုပ်တယ်ဆိုတာ လက်သည် မပေါ်သေးဘူး” ဟု ဦးသောင်းက ထပ်လောင်းပြောသည်။

တောင်ကြီးမြို့နှင့် အခြားမြို့နယ်များတွင် လူပျောက်မှု၊ လူသတ်မှုများမှာ ယခုမှဖြစ်ပွားနေခြင်း မဟုတ်ပေ။

၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းကလည်း တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်သို့ သွားခဲ့သည့် လူငယ်နှစ်ဦးဖြစ်သော စိုင်းတုမ်လိန်ခမ်းနှင့် စိုင်းကျော်မြင့်တို့သည် ပဟေဋိဆန်စွာ ပျောက်ဆုံးသွားခဲ့သည်။

တစ်နှစ်ကျော်ကြားပြီးနောက် ၂၀၂၅ ခုနှစ် နှစ်နှောင်းပိုင်းတွင်မှ ၎င်းတို့၏ ရုပ်အလောင်းများကို ဟိုပုံးမြို့နယ် ဖာလိုင်းရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ကြီးစိုးရာ နယ်မြေများအတွင်း၌ပင် ဤကဲ့သို့သော လူပျောက်မှုနှင့် လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းက တရားဥပဒေစိုးမိုးရေး လုံးဝပျက်သုဉ်းနေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

တောင်ကြီးမြို့ခံတစ်ဦးကတော့ “လုံခြုံမှုကင်းမဲ့လာတာ အာဏာသိမ်းပြီးကတည်းပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းက “ဆိုင်ကယ်ပျောက်တယ်၊ တိုင်တယ် ဘာမှမလုပ်ပေးဘူး။ ကားပါသွားတယ်၊ CCTV စစ်ပေးဖို့ ပြောတယ်။ ဒါကို အလှတပ်ထားတာလို့ ပြန်ဖြေတယ်။ သူခိုးမိလို့ ရဲစခန်းသွားအပ်တယ်၊ နောက်ရက် ပြန်လွှတ်လိုက်တယ်။ မူးယစ်ဆေးဖမ်းတယ်၊ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ သူတို့ငွေဝင်မယ့် အကြံအဖန်ကလွှဲရင် ဘာမှစိတ်မဝင်စားဘူး” ဟု ဝမ်းနည်းစွာဖြင့် ပြောလေသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်များကို နေရာအနှံ့ တွေ့မြင်နေရသော်လည်း ၎င်းတို့၏ တာဝန်မှာ ပြည်သူ့လုံခြုံရေးအတွက် မဟုတ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

“မြို့ပေါ်မှာ စစ်သားနဲ့ ရဲတွေအပြည့်ပဲ။ ဒါပေမယ့် သူတို့က လူငယ်တွေကို ဖမ်းဖို့၊ စစ်မှုထမ်းဖို့နဲ့ ငွေညှစ်ဖို့ပဲ။ ပြန်ပေးဆွဲခံရလို့၊ လူသတ်ခံရလို့ သွားတိုင်ရင် ဘယ်သူမှ တာဝန်မယူဘူး” ဟု အထက်ပါ မြိုခံတစ်ဦးက ထပ်လောင်းပြောသည်။

အာဏာပိုင်များသည် စစ်မှုထမ်းဥပဒေကို အသုံးချကာ လူငယ်များကို အလုအယက် ဖမ်းဆီးခြင်း၊ စစ်မှုမထမ်းလို သူများထံမှ သိန်းဆယ်ချီ၊ ရာချီ၍ ငွေညှစ်ခြင်းများကိုသာ အဓိက လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောသည်။

သို့သော် ပြည်သူ့အသက်အိုးအိမ်ထက် ငွေကြေးနှင့် အင်အားစုဆောင်းရေးကိုသာ ဦးစားပေးနေသည့်အတွက် ရာဇတ်ဝတ်သားများမှာ မြို့ပေါ်၌ လွတ်လပ်စွာ ကျက်စားခွင့် ရနေသကဲ့သို့ ဖြစ်နေသည်။

ယခုကဲ့သို့ ရာဇတ်မှုများ ထူပြောလာခြင်းသည် အာဏာပိုင်များ၏ အရည်အချင်းမရှိမှုကြောင့် သာမက ပြည်သူများ စိုးရိမ်ထိတ်လန့်နေစေရန် တမင်ဖန်တီးထားသည့် “လုံခြုံရေးဟာကွက်” လားဟုပင် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ပြည်သူများအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်မစားနိုင်ဘဲ နေ့စဉ်ရှင်သန်ရေးနှင့် ဒုစရိုက်ဘေးကိုသာ ကြောက်လန့်နေရအောင် တမင်မျက်ကွယ်ပြုထားသလားဟု ဒေသခံများက သံသယဖြစ်နေကြသည်။

“အဲ့ဒါတော့ အသေအချာပေါ့။ လွတ်ငြိမ်းနဲ့လွှတ်လိုက်ရင် သူခိုး၊ ဓားပြနဲ့ မုဒိန်းကောင်တွေဘဲ လွတ်နေတာကို။ ဒီဖက်မှာက သိပ်မသိသာတာ။ ရန်ကုန်၊ မန္တလေးဖက်ဆို လူမျိုတွေကို တမင်လွတ်ပြီး ပျူတွေ၊ သူခိုးတွေ လုပ်ခိုင်းထားတာ။ တောင်ကြီးက ပျူတွေ၊ သူခိုးတွေ အကုန်လုံးက ကလေကချေတွေ” ဟု ဦးသောင်းက ပြောသည်။

ယနေ့ တောင်ကြီးမြို့သည် အေးချမ်းသည့် တောင်ပေါ်မြို့လေးထက် ထိတ်လန့်စရာ ဒုစရိုက်နယ်မြေတစ်ခုနှင့် ပိုတူလာနေသည်။

အာဏာပိုင်များသည် စစ်မှုထမ်းရန် လူဖမ်းခြင်းနှင့် ငွေကောက်ခြင်းများတွင်သာ အလုပ်ရှုပ်နေကြပြီး ပြည်သူများမှာမူ မိမိတို့၏ အသက်အိုးအိမ်အတွက် မိမိတို့ဘာသာ ရုန်းကန်နေကြသည်။

အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် တောင်ကြီးမြို့၏ အလှအပများမှာ ရာဇဝတ်မှု သတင်းများအောက်တွင် နစ်မြုပ်နေရပြီ ဖြစ်သည်။

“ဘယ်ပဲသွားသွားအရင်လို မဟုတ်တော့ဘူး။ တောင်ကြီးမပြောနဲ့ သမီးတို့ အနားတစ်ဝိုက်နားမှာတောင် လူစိမ်းတွေအများကြီးရောက်လာတာ။ အရင်ကဆို ဘယ်ပဲသွားသွား စိတ်ထဲကြောက်တာ၊ စိုးရိမ်တာတွေ မရှိဘူး။ အခုဆို လူပြတ်တဲ့နေရာ ချောင်ကျတဲ့နေရာတွေဆိုတစ်ယောက်ထဲ အဖော်ပါရင်တောင် လန့်နေရ၊ မသွားရဲဘူး။ ကိုယ်တစ်ခုခုဖြစ်သွားရင်လည်း ဘယ်သူမှ တာဝန်မယူနိုင်ဘူးလို့ ခံစားရတယ်” တောင်ကြီးမြို့ တက္ကသိုလ်တွင် ကျောင်းတက်နေသည့် ကျောင်းသူတစ်ဦးက ပြောသည်။

တရားဥပဒေ စိုးမိုးရေးထက် ငွေကြေးနှင့် အာဏာကိုသာ ရှေ့တန်းတင်နေသရွေ့ “အေးချမ်းသည့် တောင်ကြီး” ဟူသော ဂုဏ်ပုဒ်မှာ ပြန်လည်ရှင်သန်လာဦးမည် မဟုတ်ဘဲ ဒေသခံ၊ မြို့ခံတို့၏ သောကမျက်ရည်များမှာလည်း ဆက်လက် စီးကျနေဦးမည်သာ ဖြစ်တော့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...