ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက ပြောသည်။  

ပြီးခဲ့သည့် မေလ ဒုတိယပတ်မှစပြီး ရွာငံမြို့နယ်ရှိ ကျေးရွာလမ်းမများ၊  စစ်ကော်မရှင်တပ်ဂိတ်နှင့် ရွာငံ-မန္တလေးလမ်းမတလျောက်တွင်  စစ်ကော်မရှင်တပ်သားများက ရှောင်တခင်‌စစ်ဆေးမှုများ ပြုလုပ်၍ ဖုန်းအတွင်းစလော့ဂိမ်းများတွေ့ရှိလျှင် ဖုန်းသိမ်းခြင်း၊ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုနေကြောင်း ရွာငံဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လမ်းမှာ စစ်သားတွေက ရှောင်တခင်စောင့်စစ်နေတာ ၊အခုဆိုပိုဆိုး စလော့ဂိမ်းကြောင့် ဘဝပျက်နေတဲ့သူတွေ အများကြီးပဲဆိုတော့ ပိုစစ်တာ၊သူတို့စစ်တဲ့အချိန်ဂိမ်းတွေ့ရင် ကျပ် ၅သောင်းကနေ ကျပ်တစ်သိန်းအထိဒဏ်ငွေဆောင်ခိုင်းတယ်၊မဆောင်ရင် ဖုန်းသိမ်းတယ်။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စလော့ဂိမ်းကြောင့် ရွာငံမြို့နယ်အတွင်း မြေကွက်များကို ဈေးပေါပေါဖြင့် တရုတ်လူမျိုးများနှင့် အညာဒေသဖက်ပြည်သူများထံ ရောင်းချနေကြကြောင်း သိရသည်။

“ကျွဲဂိမ်း စလော့ဂိတ်တွေ ဆော့ရင်းနဲ့ ရွာထဲမှာဆို အကြွေးတင်နေတဲ့သူနဲ့ သူများအိမ်က ပစ္စည်းသွားခိုးလို့ အရိုက်ခံရတဲ့သူနဲ့ မလွယ်နေဘူး၊အရင်က ကားတွေခြံတွေ ပိုင်တဲ့သူတောင် စလော့ဂိမ်းကြောင့် အခုဆို စီးပွားပျက်ကုန်တာ၊ရွာထဲက မြေကွက်တွေဆို တရုတ်တွေကများများလာဝယ်တယ်၊အညာဖက်က လူတွေလည်း ဈေးပေါပေါနဲ့ လာဝယ်ထားကြတယ်။”ဟု ရွာငံမြို့နယ် အတွင်းနေထိုင်သူ အမျိူးသီးတစ်ဦးက ပြောသည်။

အဆိုပါ စလော့ဂိမ်းများကို  ကစားတက်သူများက မကစားတတ်သူကို သင်ပြပေးခြင်း၊‌လူမှုကွန်ယက်စာမျက်နှာများ တွင် ပေါ်ပေါ်ထင်ထင် ကြေငြာပေးခြင်းတို့ကြောင့် စလော့ဂိမ်းသုံးစွဲသူ ပိုများပြားလာကြောင်း ၎င်းအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ယနေ့မျက်မှောက်ခေတ်တွင် အွန်လိုင်းပေါ်တွင် ဂိမ်းပေါင်းငါးရာကျော် ကြော်ငြာများကို ထည့်သွင်းကြော်ငြာနေကြပြီး ဒေသခံများအားလုံး စလော့ဂိမ်းဆော့ကစားရန် အလွယ်တကူလက်လှမ်းမှီနေကြသည်။၊

ထို့ကြောင့် စလော့ဂိမ်းများကို အချိန်အတော်ကြာမသူံးစွဲသင့်ဘဲ မိသားစု၏စီးပွားရေးကို ထိန်းသိမ်းစောင့်ရှောက် ပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ၂၃ရက်တွင်လည်း ပင်းတယမြို့နယ် မြင်းမူးကျေးရွာတွင် အလယ်တန်းပြကျောင်းဆရာမ တစ်ဦးက စလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသောကြောင့် မြင်းမူးကျေးရွာရှိ အမျိုးသမီးနှစ်ဦးထံမှ ပစ္စည်းလုယက်ကာ ဓားဖြင့် ထိုးသတ်ခဲ့၍ သေဆူံသွားကြောင်း သိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...