ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရှိ Quarantine ပြည့်ပြီးသည့် တရုတ်ပြည်တော်ပြန် ၃၀၀ ကျော် နေရပ် အသီးသီး ပို့ပြန် မည်ဖြစ်ကြောင်း သိရသည်။

လောက်ကိုင်မြို့နယ်တွင် Quarantine Center ၈ ခု ထားရှိပြီး စင်တာ ၃ ခုတွင် Quarantine ၂၁ ရက် ပြည့်သူများအား သက်ဆိုင်ရာနေရပ်သို့ အသီးသီး ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း လောက်ကိုင်ဒေသ အစိုးရဝန်ထမ်း တစ်ဦး ကပြောသည်။
“နက်ဖြန်မှာ Quarantine ၂၁ ရက် ပြည့်သူ ၃၅၈ ဦး ရှိတယ်။ သဘက်ခါလောက်ပြန် ပို့ဖြစ်မယ်။” ဟု လောက်ကိုင်ဒေသ အစိုးရဝန်ထမ်း တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
လောက်ကိုင်မြို့နယ်ရှိ Quarantine Center ၈ ခုမှာ တရုတ်ပြည်တော်ပြန် ၈၄၀ ဦး ရှိကြောင်း သိရသည်။
တရုတ်ပြည်တော်ပြန် အများစုမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့မှ ဖြစ်ကြောင်းသိရသည်။
“ဒီနေ့ပဲ ပြန်မယ့်သူတွေကို ငွေသား တစ်ယောက် တစ်သောင်းနှုန်း သွားလှူပေးတယ်။ အဲ့လူတွေကို လောက်ကိုင်ကနေ တစ်ဆင့် လားရှိုး ကိုပို့ပြီး နေရပ်ပြန်ပို့ဖို့ သက်ဆိုင်ရာတွေက လုပ်ဆောင်သွားမှာပါ ” ဟု လောက်ကိုင် အစိုးရ ဝန်ထမ်း ကပြောသည်။
အလားတူ မိုင်းလားဘက်ခြမ်းတွင်လည်း Quarantine ၂၁ ရက် ပြည့်သည့် ပြည်တော်ပြန်များလည်း သက်ဆိုင်ရာ နေရာအသီးသီး သို့ ပို့ဆောင်ပေးကြောင်း သိရသည်။











Leave a Comments