လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး အခမ်းအနားတွင် စုစုပေါင်း တရားခံ ၇ ဦးကို လူထုရှေ့ထုတ်ပြခဲ့သည်။

၎င်းတို့အနက် ၄ ဦးကို သေဒဏ်စီရင်ကာ ကျန် ၃ ဦးကို နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဒဏ်စီရင်ခြင်းခံရသူ ၄ ဦးတွင် မိမိ၏ဖခင်ကို သတ်ဖြတ်သူ ၁ ဦး၊ မိခင်ကို သတ်ဖြတ်သူ ၁ ဦး၊ ကြွေးမြီကိစ္စဖြင့် လူ ၂ ဦးကို သတ်ခဲ့သည့်သူ ၁ ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲကာ ၈ နှစ်အရွယ် သမီးရင်းကို သတ်ဖြတ်ခဲ့သည့် အမျိုးသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

MNDAA ၏ ထုတ်ပြန်ချက်အရ ထိုသို့ လူထုရှေ့မှောက် စီရင်းခြင်းသည် “၁၀၂၇ စစ်ဆင်ရေး” အပြီး နယ်မြေပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်နောက်ပိုင်း ဒေသတွင်း ဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် ရာဇဝတ်မှုများကို ပြတ်သားစွာ နှိမ်နင်းရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဥပဒေကို ကျော်လွန်ဖောက်ဖျက်သူ မည်သူမဆို ပြင်းထန်သော အပြစ်ပေးမှုကို မလွဲမသွေခံရမည်” ဟု MNDAA အုပ်ချုပ်ရေးကော်မတီက ပြောထားသည်။

ထို့နောက် သေဒဏ်ကျခံရသူများကို လက်ပြန်ကြိုးတုတ်ကာ ခြေချင်းဝတ်များဖြင့် လူထုရှေ့တွင် အမှုတွဲများ ဖြတ်ကြားပြသခဲ့ပြီးနောက် ကွပ်မျက်ရာနေရာသို့ ခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်စီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါတရားစီရင်ရေး ဖြစ်စဉ်အတွင်း တရားခံများအနေဖြင့် ရှေ့နေဖြင့် ခုခံချေပေခွင့် သို့မဟုတ် အယူခံဝင်ခွင့် မည်မျှရရှိခဲ့သည်ဆိုသည့် အချက်ကို MNDAA ဘက်က ထုတ်ပြန်ထားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၂၄ (ဧပြီလ ၂၄ ရက်) က လောက်ကိုင်မြို့တွင် ပြစ်မှုကျူးလွန်သူ ၁၀ ဦးကို ကိုးကန့်တပ် (MNDAA) က အများပြည်သူရှေ့၌ သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (EU) က အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး သေဒဏ်သည် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လူမဆန်သော ပြစ်ဒဏ်ဖြစ်ကြောင်း ၂၀၂၄ ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်လည်း MNDAA ကို တိုက်တွန်းထားသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်အပါအဝင် သျှမ်းမြောက်ဒေသရှိ မြို့နယ်အများအပြားကို သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။

MNDAA ထိန်းချုပ်နယ်မြေများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှောင်ခိုမှုများအတွက် အများပြည်သူရှေ့၌ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်မှာ ခြောက်ကြိမ်ထက်မနည်းရှိခဲ့ပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သိန္နီနှင့် လားရှိုးတွင် ၇ ဦး၊ ဧပြီလတွင် လားရှိုးတွင် ၅ ဦး၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် လောက်ကိုင်တွင် ခရိုင်မှူး ၁ ဦးနှင့် တပ်သား ၂ ဦးအပါအဝင် ဒီဇင်ဘာလတွင်လည်း ၆ ဦးကို သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...